ခရက်ဒစ် ကဒ်
ခရက်ဒစ် ကဒ် သို့မဟုတ် အကြွေးဝယ်ကဒ် သည် ငွေကြေးပေးဆောင်ရသည့် ကဒ်အမျိုးအစားဖြစ်ပြီး ဘဏ်များမှ ထုတ်ပေးလေ့ရှိကာ အသုံးပြုသူများအား ပစ္စည်းများ ဝယ်ယူရန် သို့မဟုတ် ငွေကြေးထုတ်ယူရန် ခွင့်ပြုပေးထားသည်။ ကဒ်ဖြင့် အသုံးပြုသည့် ငွေကြေးပမာဏအား အကြွေးအဖြစ် သတ်မှတ်ကာ နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ရန် လိုအပ်သည်။[၁] ခရက်ဒစ်ကဒ်များသည် ကမ္ဘာတစ်ဝန်း အသုံးပြုမှုများပြားသော ငွေကြေးပေးဆောင်မှုပုံစံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။[၂]
ပုံမှန် အကြွေးဝယ်ကဒ်တစ်ခုသည် လစဉ်လတိုင်း သို့မဟုတ် ငွေစာရင်းရှင်းတမ်းတစ်ကြိမ်စီတွင် ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။[၃] အကြွေးဝယ်ကဒ်သည် အသုံးပြုသူအား သုံးစွဲထားသော ငွေကြေးပမာဏအပေါ် အတိုးနှုန်းထပ်ပေါင်းကာ အကြွေးပမာဏကို စဉ်ဆက်မပြတ် ပေးဆပ်ရန် လိုအပ်သည်။
၂၀၁၈ ခုနှစ် ဇွန်လအရ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၇.၇၅၃ ဘီလီယံ ရှိသည်။[၄] ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၁.၀၉ ဘီလီယံ ရှိကာ နိုင်ငံရှိ အရွယ်ရောက်သူ ၇၂.၅% တွင် အကြွေးဝယ်ကဒ် အနည်းဆုံးတစ်ကဒ် ပိုင်ဆိုင်ထားသည်။[၅][၆][၇][၈]
ကိုးကား
ပြင်ဆင်ရန်- ↑ O'Sullivan၊ Arthur; Sheffrin၊ Steven M. (2003)။ Economics: Principles in action (Textbook)။ Upper Saddle River, New Jersey: Pearson Prentice Hall။ p. 261။ ISBN 0-13-063085-3။
- ↑ The World Bank။ Credit card ownership (% age 15+) (in en)။ 2023-10-21 တွင် ပြန်စစ်ပြီး။
- ↑ Schneider၊ Gary (2010)။ Electronic Commerce။ Cambridge: Course Technology။ p. 497။ ISBN 978-0-538-46924-1။
- ↑ Payment Cards in Circulation Worldwide။ Nilson Report (October 2018)။ 3 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2022 တွင် ပြန်စစ်ပြီး။
- ↑ Charts & Graphs Archive။ Nilson Report။ 12 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2022 တွင် ပြန်စစ်ပြီး။
- ↑ Payment Cards in the U.S. Projected။ Nilson Report။ 24 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2022 တွင် ပြန်စစ်ပြီး။
- ↑ Gabrielle၊ Natasha (19 April 2022)။ Credit and Debit Card Market Share by Network and Issuer။ 24 October 2022 တွင် ပြန်စစ်ပြီး။
- ↑ The Nilson Report (October 2019)။ 26 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2021 တွင် ပြန်စစ်ပြီး။