ခရစ္စတီးကျွန်း [၁] သည် မြန်မာနိုင်ငံတောင်ဘက်စွန်းပိုင်းတွင် မြိတ်ကျွန်းစုတွင် တည်ရှိသည့် ကျွန်းတစ်ခု ဖြစ်သည်။ ၎င်းသည် စုရင်ကျွန်း (หมู่เกาะสุรินทร์) ၏ NNE ၁၈ ကီလိုမီတာ (၁၁ မိုင်) အကွာ၊ မြိတ်ကျွန်း၏စု တောင်ဘက်ဆုံးတွင် တည်ရှိသည်။ ထိုင်း - မြန်မာ နှစ်နိုင်ငံ ပင်လယ်ရေကြောင်းပိုင်နက်နယ်နိမိတ်သည် စုရင်ကျွန်းနှင့် ခရစ္စတီးကျွန်းနှစ်ခုကြားတွင် တည်ရှိသည်။

Christie သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Christie
Christie
Location of Christie Island in Burma

ခရစ္စတီးကျွန်းသည် အရှည် ၄.၆ ကီလိုမီတာ (၂.၉ မိုင်) ရှီပြီး ကုန်မြင့်များစွာရှိကာ သစ်တောများဖြင့် ထူထဲစွာ ဖုံးအုပ်ထားသည်။ အမြင့်ဆုံးကုန်းသည် ၃၂၅ မီတာ ရှိသည်။ တောင်ဘက်ကမ်းခြေဘက်တွင် ကျောက်တုံးငယ်လေးများဖြင့် ဖြစ်တည်နေသည့် မာရေးကျွန်း (Murray Island) နှင့် စန်ဒါကျွန်း (Sanders Island) ကျွန်းတို့သည် တည်ရှိသည်။ ခရစ္စတီးကျွန်းသည် အာလာဒင်ကျွန်းများအစုခွဲထဲမှ ကျွန်းတစ်ခုလည်း ဖြစ်သည်။

၁၉၉၈ ခုနှစ် သတ်ဖြတ်မှု ပြင်ဆင်ရန်

၁၉၉၈ ခုနှစ်၊ မေလတွင် ဗိုလ်ချုပ်ကြီးဇော်မင်းသည် ခရစ္စတီးကျွန်းသို့ သွားရောက်ခဲ့ရာတွင် မြန်မာနိုင်ငံသား ၅၉ ယောက်တို့သည် ကျွန်းတွင်နေထိုင်ကာ သစ်နှင့်ဝါးများကို ဥပဒေနှင့်ဆန့်ကျင် ခုတ်ယူနေကြသည်ကို တွေ့ခဲ့ကြသည်။ ဗိုလ်ချုပ်ကြီးသန်းရွှေက ထိုသူများကို ရှင်းလင်းပစ်ရန် အမိန့်ပေးခဲ့ပြီးနောက် ၎င်းတို့သည် ဥပဒေမဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။[၂][၃]

ရက်အနည်းငယ်ကြာပြီးနောက်တွင် ထိုကျွန်းတွင် အခြေစိုက်သည့် မြန်မာစစ်တပ်သည် ခရစ္စတီးကျွန်းအနီးသို့ နီးကပ်လာသည့် ထိုင်းငါးဖမ်းလှေကို ဖမ်းမိခဲ့သည်။ မြန်မာ ၂၂ ဦး၊ ထိုင်းငါးဖမ်သမားများသည် စစ်တပ်၏ အပစ်ခံခဲ့ရပြီး ထိုကျွန်းတွင်ပင် မြှုပ်နှံပစ်ခြင်းခံခဲ့ရသည်။[၂]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုဩဒိနိတ်: 9°37′N 97°58′E / 9.617°N 97.967°E / 9.617; 97.967

ကိုးကား ပြင်ဆင်ရန်

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
  2. ၂.၀ ၂.၁ Defector tells of Burmese atrocity, The Australian, June 9, 2008
  3. As Myanmar Opens Up, Idyllic Islands Remain Unwelcoming, New York Times, By Thomas Fuller, April 25, 2012