ခရန်ဖို့

အဲလိဇဘတ်ဂတ်စကဲ‌၏၀တ္ထု

ခရန်ဖို့ သည် အင်္ဂလိပ်စာရေးဆရာ အဲလိဇဘတ် ဂတ်စကဲ ရေးသားသည့် ဝတ္ထုဖြစ်သည်။ ၁၈၅၃ ခုနှစ်တွင် ထုတ်ဝေပြီး သူမငယ်စဉ်ကနေထိုင်ခဲ့သည့် နတ်စဖို့မြို့အကြောင်းကို ပုံဖော်ထားခြင်း ဖြစ်သည်။ [၁]

ခရန်ဖို့
Miss Matty and Peter
စာရေးသူအဲလိဇဘတ် ဂတ်စကဲ
နိုင်ငံညီညွတ်သော ဘုရင့်နိုင်ငံ
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားဝတ္ထု
ထုတ်ဝေသူSerial:အိမ်နေရင်းစကားများ
ထုတ်ဝေသည့်ရက်
၁၈၅၁-၁၈၅၃ (အခန်းဆက်), ၁၈၅၃ (လုံးချင်း)
မီဒီယာ အမျိုးအစားပုံနှိပ်

ဝတ္ထု ဖြစ်ပေါ်လာပုံ ပြင်ဆင်ရန်

သားဖြစ်သူဆုံးပါးပြီးနောက် စိတ်ပြေလက်ပျောက်ဖြစ်စေရန် စာရေးရာမှ မြို့ပြမှ စက်ရုံလုပ်သားတို့၏ ဘဝကြမ်းကြမ်းကို ပုံဖော်ထားသည့် သူမ၏ ပထမဆုံးဝတ္ထု မေရီ ဘာတန် (Mary Barton) ထွက်ပေါ်လာသည်။ ၁၈၄၈ ခုနှစ်ထုတ် ထိုစာအုပ်မှာ အတန်အသင့် အောင် မြင်မှုရပြီး ချား ဒစ်ကင် နှင့် ရှားလော့ ဘရွန်တီ ကဲ့သို့သော စာရေးဆရာများနှင့် သိကျွမ်းလာသည်။ ခရန်ဖို့ ဝတ္ထုတိုများကို ချား ၏ မဂ္ဂဇင်းဖြစ်သော အိမ်နေရင်းစကားများ (Household Words) တွင် စတင် ဖော်ပြသည်။ စာအုပ်အနေဖြင့် ၁၈၅၃ ခုနှစ်တွင် ထွက်ရှိသည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

မစ် မေရီ သည် ဒေါ်လေးဖြစ်သူ မစ် အက်ဘိုရာ ရှိရာ ခရန်ဖို့ သို့ ခေတ္တသွားနေစဉ် တွေ့ကြုံရသော အဖြစ်အပျက်များကို ဖော်ပြထားသည်။ ကိုရွှေထူး (ပြည်) ရေးဆွဲသည့် "ကိုတင့်တို့ ရပ်ကွက်ထဲမှာဗျာ ..." ရုပ်ပြဇာတ်လမ်းတွဲနှင့် သဘောတရား တူသည်။ အခန်းအလိုက် ပါဝင်သည့်ဇာတ်ဆောင်များ ပြောင်းလဲသော်လည်း ဇာတ်လမ်းအားပြောပြနေသူ မစ် မေရီ ကမူ အမြဲ ပါဝင်သည်။

ကျွန်မတို့ အသိုင်းအဝိုင်း ပြင်ဆင်ရန်

ဤအခန်းတွင် ခရန်ဖို့၏ လူမှုပတ်ဝန်းကျင်အကြောင်းကို ရှင်းပြထားပြီး အမျိုးသမီးများ၏ ရှေးရိုးစွဲဆန်ပုံကို ဖော်ပြသည်။

ကပ္ပတိန် ပြင်ဆင်ရန်

ခရန်ဖို့သို့ပြောင်းလာသော ကပ္ပတိန် ဘရောင်း နှင့် သူ၏ သမီးနှစ်ယောက်အကြောင်း ဖြစ်သည်။ ကပ္ပတိန် ဘရောင်း နှင့် သူ၏ သမီးကြီး ဆုံးပါးပြီးနောက် တစ်ကောင်ကြွက် မစ် ဂျက်စီ ကို ငယ်ချစ် ကပ္ပတိန် ဂေါ်ဒန် က လာခေါ်သည်။

အရင်တခါက အချစ်ဇာတ်လမ်း ပြင်ဆင်ရန်

မစ် ဒက်ဘိုရာ ကွယ်လွန်သည်။ မကြာမီပင် မစ် ဒက်ဘိုရာ ကန့်ကွက်သဖြင့် လက်မထပ်ခဲ့ရသော ငယ်ချစ်ဦး မစ္စတာ ဟောဘရု နှင့် ဆုံရသည်။ မျှော်လင့်ချိန်ရောင်နီပြနေချိန်တွင် ပါရီသို့အလည်ထွက်သော မစ္စတာ ဟောဘရု ဆုံးသွားရာ မစ် မတ်တီ၏ တစ်ကျော့ပြန်မည် ဟူသောယုံကြည်ချက် ဆုံးခန်းတိုင်သွားတော့သည်။

ကောင်လေး ပီတာ ပြင်ဆင်ရန်

ငယ်စဉ်က ပညာမထူးချွန်သော်လည်း စစ်တပ်ထဲဝင်ကာ ဖခင်၏ဂုဏ်ယူခြင်းခံရသော မောင်ဖြစ်သူ ပီတာ၏အကြောင်းကို မစ် မတ်တီက ပြောပြသည့် ဇာတ်လမ်းဖြစ်သည်။

အဓိက ဇာတ်ဆောင်များ ပြင်ဆင်ရန်

  • မစ် မေရီ စမစ်
  • မစ် ဒက်ဘိုရာ ဂျန်ကင်
  • မစ် မတ္တီဒါ "မတ်တီ" ဂျန်ကင်
  • မစ် ပိုး
  • မစ္စ ဂျေမီဆန်

ကိုးကား ပြင်ဆင်ရန်

  1. Gaskell, Elizabeth. "Cranford". Oxford University Press. 2008.