ခရမ်းသီးပိန် ဓားတုံး
ခရမ်းသီးပိန် ဓားတုံး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ခရမ်းသီးပိန်ကို ဓားတုံးတုံးဖြင့် လှီးလျှင် အလွယ်တကူမပြတ်သကဲ့သို့ ပစ္စည်းဂုဏ်သိန် အရှိန်အဝါ ညှိုးမှိန်နေသောအခါ၌ အရာရာကို ဆောင်ရွက်၍ အလွယ်တကူ မအောင်မြင်နိုင်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ကြောက်စိတ် ကျွန်စိတ်ပေါက်လာ၏။ ဗမာတစ်မျိုးလုံးမှာ ခရမ်းသီးပိန် ဓားတုံး၊ ဓားမနောက်ပိတ်ခွေး ဖြစ်ခဲ့သည်မဟုတ်ပါလော။" [၁၃၀၄] စာရေးဆရာ၊ ၄။ ၇၉။
- "အိုမင်းမစွမ်း ရှိလာခါမှ ခရမ်းသီးပိန် ဓားတုံးဆိုသကဲ့သို့ အကြောင်း မညီညွတ်ပါမူ မိမိတို့မှာ အဆင်းရဲကြီး ဆင်းရဲကြလေတော့မည်။" [၁၃၁၄] သွေးသောက်၊ ၇၉။ ၉၂။