ခရုသင်း(တူရိယာ)ကို

ရက္ခိုင့် ဘုရင့်နိုင်ငံတော် (Arakan Kingdom)၌

ရခိုင်ဘုရင်များအဆက်ဆက် လက်ထက်များတွင်

ပွဲတော်အခမ်းအနားများ၌ ရခိုင်စည်တော်ကြီးများနှင့်တွဲဖက်ပေါင်းစပ် ၍အသုံးပြုရသော တူရိယာတစ်မျိုး ဖြစ်ပြီး

ယခုအချိန်ထိ ရခိုင်လူမျိုးများ၏ ရခိုင့်ရိုးရာ နယ်ပယ်များတွင် အသုံးပြုလျက်ရှိပါသည်။

ဤအကြောင်းအရာကို ``ရက္ခဝံလက် ရက္ခိုင့် မင်္ဂလာစည်တော် ဝိုင်း´´မှ ရှင်းလင်းတင်ပြခြင်းဖြစ်သည်။