ခလယ် - တံခွန်တိုင် တိုက်နယ်ဆေးရုံ

ခလယ်-တံခွန်တိုင်တိုက်နယ်ပြည်သူ့ဆေးရုံ သည် ခလယ်တံခွန်တိုင်ရွာကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသည်။ ခလယ် - တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အဓိကကျသော တိုက်နယ်ဆေးရုံတစ်ရုံဖြစ်သည်။ ဆေးရုံဝန်းမှာ ၂ ဧကရှိပြီး ကုတင် ၁၆ ဆံ့ ဆေးရုံဖြစ်သည်။ ဆေးရုံတွင် အတွင်းလူနာများအတွက် ဆေးကုသဆောင် ၁ဆောင်၊ ခွဲစိတ်ကုသဆောင် ၁ဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင် ၁ဆောင်ရှိသည်။[၁]

ခလယ်–တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံ
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာခလယ်တံခွန်တိုင်ရွာ, ကြာအင်းဆိပ်ကြီးမြို့နယ်, ကရင်ပြည်နယ်, မြန်မာ
အဖွဲ့အစည်း
ဆေးရုံအမျိုးအစားအများပိုင်
ဝန်ဆောင်မှုများ
အရေးပေါ်ကုသရေးဌာနရှိသည်
ကုတင်အရေအတွက်၁၆
သမိုင်းကြောင်း
တည်ထောင်ခဲ့၁၉၆၇


ခလယ်-တံခွန်တိုင်တိုက်နယ်ပြည်သူ့ဆေးရုံသည် အခြားပြည်သူ့ဆေးရုံများကဲ့သို့ပင် အခြေခံ အထောက်အပံ့များနှင့် ပစ္စည်းကိရိယာများစွာ လစ်ဟင်းလျက်ရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၆၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ကျေးလက်ကျန်းမာရေးအဆင့်မှ ခလယ်တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံအဆင့်သို့ လက်ရှိတိုက်နယ်ပြည်သူ့ဆေးရုံတည်ရှိရာနေရာတွင် ပြောင်းရွေ့တည်ဆောက်ခဲ့ပြီး ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစောလှထွန်းနှင့် ဒေါက်တာဦးစံအောင် (လက်ထောက်ညွန်ကြားရေးမှူး)တို့က ၁၉၆၉ ခုနှစ်တွင် တိုက်နယ်ပြည်သူ့ဆေးရုံကို ဖွင့်လှစ်ပေးခဲ့သည်။

(၁၆) ခုတင်ဆံ့ တိုးချဲ့ ဆောင်သစ်ကို ဖေဖော်ဝါရီ ၁ဝ ရက် ၂၀၁၅ နေ့ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သညိ။[၂]

ကုသဆောင်များ ပြင်ဆင်ရန်

ခလယ်-တံခွန်တိုင် တိုက်နယ်ဆေးရုံတွင် အထူးရောဂါကုသဆောင် ၁ဆောင်နှင့် ရောဂါရှာဖွေဆောင် ၁ ဆောင်တို့ ရှိသည်။ ထို့အပြင် ဗဟိုအမျိုးသားသွေးလှူဘဏ်၊ စားဖိုခန်းနှင့် အဝတ်လျှော်ခန်း တို့လည်း ရှိသည်။

အစဉ်အဆက်အုပ်ချုပ်ခဲ့သော ဆရာဝန်များ ပြင်ဆင်ရန်

စဉ် အမည် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
ဒေါက်တာဦးစိုးမြင့် ၁၉၆၉-၁၉၇၂
ဒေါက်တာနိုင်ချစ်လုံး ၁၉၇၂-၁၉၇၅
ဒေါက်တာဟန်စိန်ဝင်း ၁၉၇၅-၁၉၇၇
ဒေါက်တာရွှေဝင်း ၁၉၇၇-၆လ
ဒေါက်တာမန်းဖေလှစိန် ၁၉၇၇-၁၉၇၉
ဒေါက်တာဦးမောင်မောင်ကျော် ၁၉၇၉-၆လ
ဒေါက်တာဦးဉာဏ်ထွန်း ၁၉၇၉–၁၉၈၂
ဒေါက်တာမင်းမြတ်သွင် ၁၉၈၂-၁၉၈၄
ဒေါက်တာစောမျိုးမြင့်ဦး ၁၉၈၄-၁၉၈၆
၁၀ ဒေါက်တာလွင်ဦး ၁၉၈၆-၁၉၈၇
၁၉၈၇-၁၉၈၈ နောက်ပိုင်းဆရာဝန်မလာပါ
၁၁ ဒေါက်တာမွန်သိန်းချစ် ၁၉၉၇-၁လ
၁၂ ဒေါက်တာအောင်သူဇင် ၂၀၀၁-၂၀၀၃
၁၃ ဒေါက်တာကျော်ဆန်းလင်း ၂၀၀၃-၂၀၀၄
၁၄ ဒေါက်တာဉာဏ်လင်းအောင် ၂၀၀၅-၂၀၀၆
၁၅ ဒေါက်တာခင်စိုး ၂၀၀၆-၂၀၀၇
၁၆ ဒေါက်တာစည်သူအေး ၂၀၀၇-၂၀၁၇
၁၇ ဒေါက်တာဟန်ကိုဝင်း ၂၀၁၇-ယနေ့ထိ

ကိုးကား ပြင်ဆင်ရန်

  1. ကြာအင်းဆိပ်ကြီး မြို့နယ် ဒေသဆိုင်ရာ ... (မေ ၂၀၁၇)။ 11 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုနေ့ ဂုဏ်ပြု (၁၆) ကုတင်ဆံ့ ဆေးရုံသစ်ဖွင့်။ ပြန်ကြားရေးဝန်ကြီးဌာန (၁၅ ဖေဖော်ဝါရီ ၂၀၁၅)။ ၄ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  • စာသားပါ အချက်အလက်တချို့ကို မာန်နာဲသော(ဝင်းရော်) ၏ စာမူများမှ ကောက်နူတ် မှီငြမ်းထားသည်။