ခလုတ်ထိမှ အမိတ
ခလုတ်ထိမှ အမိတ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ဖြောင့်ဖြူးသော လမ်းကို လျှောက်နေစဉ် မိခင်ကို သတိမရ၊ ခလုတ်တိုက်မိသောအခါမှ အမယ်လေးဟု အမိကို တသကဲ့သို့ ဒုက္ခနှင့် ကြုံတွေ့ရမှ ကိုးကွယ်ရာကို သတိရသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ကြောင်းခြင်းမသိ၊ ခလုတ်ထိမှ၊ အမိခေါ်သို့၊ မမြော်ညွတ်ကွင်း၊ ခြေရင်းတည်းတွ၊ ဖြစ်လေမှလျှင်၊" [၈၇၁] ဟင်္သာ * ၃၅။
- "ခလုတ်ထိမှ အမိတ ဟူ၍ လောကဝေါဟာရ စကားအစဉ်အတိုင်း ခင်ခင်ထားသည် စိတ်ဒုက္ခရောက်တိုင်းရောက်တိုင်း အမိအဖကို သိလိုသည့်အရေးနှင့်..." [၁၂၇၆] စိုး။ ၁၇၁။