ခါရီဆီး (ရှေးဟောင်းဂရိ: Χρνσηϊs) သည် ဂရိဒဏ္ဍာရီလာ ထရိုဂျန်သူ ဖြစ်သည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

ထရွိုင်မြို့အနီး ခါရီဆီမြို့ရှိ အပိုလိုဝတ်ပြုကျောင်းမှ ဘုန်းတော်ကြီး ခါရီဆက်၏ သမီးဖြစ်သည်။ အမည်ရင်းမှာ အက်စတီနုန်း (Aστνόμη) ဟူ၏။

ထရွိုင်သို့ ဂရိတပ်တို့က ခါရီဆီမြို့ကို သိမ်းသော် ခါရီဆီး သုံ့ပန်းဖြစ်လာသည်။ ခါရီဆက်က ပြန်ရွေးသော်လည်း အက်ဂါမက်မွန်က သူ့မယားထက်လှသော ခါရီဆီးကို လက်မလွှတ်ပေ။ သို့ဖြင့် ခါရီဆက်က အပိုလိုကို ဂရိတပ်များအား ဒဏ်ခတ်ရန် ဆုတောင်းသည်။ ဂရိတပ်များအကြား ပလိပ်ရောဂါဖြစ်လာသော် ခါရီဆီးကို ပြန်ပို့ရန် အိုဒစ်ဆီးယပ်ကို အက်ဂါမက်မွန်က ခိုင်းရသည်။