ခိတရှောဂျိ (北精進ケ滝, Kitashōji-ga-taki)သည် ဂျပန်နိုင်ငံ၊ ယာမနရှိစီရင်စုမြောက်ပိုင်းရှိ ရေတံခွန်တစ်ခု ဖြစ်သည်။ ဖူဂျီမြစ်၏ အထက်ပိုင်းရှိ မြစ်လက်တက်တစ်ခုဖြစ်သည့် အိရှိအုတိုရိုမြစ်ပေါ်တွင် ဤရေတံခွန်သည် တည်ရှိသည်။ ဟိုခုတိုမြို့ရှိ မိနမိအယ်အမျိုးသားဥယျဉ် (Minami Alps National Park) တွင် တည်ရှိသည်။ ရေတံခွန်သည် အကျယ် ၃၅ မီတာ (၁၁၅ ပေ) နှင့် ရေဆင်းအမြင့်သည် ၁၂၁ မီတာ (၃၉၇ ပေ) မြင့်သည်။

ခိတရှောဂျိရေတံခွန်
Kitashōji Falls (upper) and Kudan Falls (lower)
ခိတရှောဂျိရေတံခွန် သည် Yamanashi Prefecture တွင် တည်ရှိသည်
ခိတရှောဂျိရေတံခွန်
ခိတရှောဂျိရေတံခွန် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ခိတရှောဂျိရေတံခွန်
တည်နေရာHokuto
Yamanashi Prefecture, Japan
ကိုဩဒိနိတ်35°43′52.42″N 138°21′17.90″E / 35.7312278°N 138.3549722°E / 35.7312278; 138.3549722ကိုဩဒိနိတ်: 35°43′52.42″N 138°21′17.90″E / 35.7312278°N 138.3549722°E / 35.7312278; 138.3549722
အမျိုးအစားcascade
စုစုပေါင်း အမြင့်၁၂၁ မီတာ (၃၉၇ ပေ)
ရေလမ်းIshiutoro River/Fuji River

ခိတရှောဂျိရေတံခွန်ကို ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။

ရေတံခွန်သည် ကျောက်ချောက်ကမ်းပါးမှ ကျဆင်းသည်။ ၎င်းသည် ရေတံခွန်ငယ်သုံးခုဖြစ်သည့် Itoigawa-Shizuoka Tectonic Line ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အဓိကကျသည့် ရေတံခွန်၏ အောက်ဘက်တွင် ခုဒန်ရေတံခွန် (九段の滝, Kudan-no-taki) တည်ရှိပြီး အမြင့်မှာ ၄၀ မီတာ (၁၃၀ ပေ) နှင့် အကျယ် ၂၀ မီတာ (၆၆ ပေ) ရှိသည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်