ဒေါ်ခိုင်ခိုင်နွယ်(၁၉၅၄ ဖွား)[၁] သည် မြန်မာနိုင်ငံအတွင်း ထင်ရှားသော အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ လက်ရှိတွင် နှစ်၁၀၀ကျော်သက်တမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ ပထမဦးဆုံးသော အမျိုးသမီးအထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။[၂] [၃]သူမသည် ကိုယ်ပိုင်အထည်ချုပ်စက်ရုံ ထူထောင်ထားသည်။

ခိုင်ခိုင်နွယ်
ဒေါ်ခိုင်ခိုင်နွယ်အား အင်တာဗျူးတစ်ခုတွင် မြင်တွေ့ရစဉ်
မွေးဖွား၁၉၅၄
မော်လမြိုင်မွန်ပြည်နယ်
နိုင်ငံလူမျိုးမြန်မာ
အခြား အမည်များရိုဆယ်လင်း
အလုပ်အကိုင်Best Industrial Co.,Ltd.တည်ထောင်သူ
ကျော်ကြားမှုအရင်းခံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(၂၀၂၂-၂၀၂၅)အထွေထွေအတွင်းရေးမှူးချုပ်

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

မော်လမြိုင်ဇာတိဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှနေ၍ B.Sc(Zoology) ဘွဲ့ နှင့် ၁၉၇၉ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့ တို့အားရရှိခဲ့သည်။ မဟာဘွဲ့ရရှိပြီး ဆေးဝါးသုတေသနလုပ်ငန်းနယ်ပယ်ထဲသို့ဝင်ရောက်ခဲ့ကာ အမှတ် ၂စစ်ဆေးရုံ ဓာတ်ခွဲခန်းတွင် ကာလအနည်းငယ် နှင့် အင်းစိန် ကြို့ကုန်း ရှိ ဆေးဝါးဖွံ့ဖြိုးရေးသုတေသနဌာန တွင်လည်း အစိုးရဝန်ထမ်းအဖြစ် နှစ်အနည်းငယ် လုပ်ကိုင်သည်။ယင်းနောက် ပါရဂူဘွဲ့ Plan အတွက် အစိုးရအလုပ်မှထွက်ပြီး နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သည့် ဒေဝူးအထည်ချုပ်ကုမ္ပဏီ တွင် အလုပ်ဝင်သည်။ထိုမှတဆင့် ထိုင်းနိုင်ငံရှိ Assumption University of Thailand တွင် Business English ဆရာမအဖြစ် ၁၉၈၉ ခုနှစ် က စပြီး၃နှစ်တာဝန်ထမ်းဆောင်ခဲ့ကာ အရိုးကျီးပေါင်းကျန်းမာရေးအခြေအနေအရ တက္ကသိုလ်ဆရာမအဖြစ်မှ နုတ်ထွက်သည်။

စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာပုံ ပြင်ဆင်ရန်

တက္ကသိုလ်ဆရာမအဖြစ်မှနုတ်ထွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လာလာခြင်း မူလအလုပ်ဖြစ်သည့် ဒေဝူးကုမ္ပဏီတွင် ၃နှစ်ခန့် အလုပ်ပြန်လုပ်သည်။ယင်းနောက် အနီးပတ်ဝန်းကျင်မှ မိန်းခလေး ၂၀ ခန့်ဖြင့် အိမ်တွင်းအခြေပြုအထည်ချုပ်စက်ရုံငယ် တစ်ခုစတင်တည်ထောင်ကာ အထည်ချုပ်စီးပွားရေးလောကထဲ ဝင်ရောက်လာခဲ့သည်။ တစ်စတစ်စလုပ်သားအင်အားများပြားလာ၍ မိတ်ဖက်နိုင်ငံခြားသား ၂ဦး၊မြန်မာနိုင်ငံသား(၄)ဦး တို့နှင့် Best Industrial Co.,Ltd.ကို ၁၉၉၄ခုနှစ် ဒီဇင်ဘာ တွင်တည်ထောင်သည်။တည်ထောင်ပြီး ၅နှစ်အတွင်း လုပ်သား ၁၀၀၀ကျော်ခန့်ထားသည်။ မြန်မာပြည် စီးပွားရေးပိတ်ဆို့မှု ခံရသည့်နောက် သူမပါဝင်တည်ထောင်သည့် စက်ရုံမှာ လုပ်သား ၂၀၀အထိ လျော့ကျသွားခဲ့ရသည်။ စီးပွားရေးပိတ်ဆို့မှုမှ ပြန်လွတ်လာပြီးနောက်ပိုင်းတွင်မူ လုပ်သားအင်အား ၅၀၀ခန့်ဖြင့် စက်ရုံကိုလည်ပါတ်သည်။[၄]

U.M.F.C.C.Iတွင် ထိပ်တန်းတာဝန်ထမ်းဆောင်ခြင်း ပြင်ဆင်ရန်

၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ၌ Central Executive Committee (CEC) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၂၀၁၁ ခုနှစ်၌ တွဲဖက် အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း ရွေးချယ်ချီးမြှောက်ခဲ့ရသည်။ ဒေါ်ခိုင်ခိုင်နွယ် သည် ပထမဆုံးသော အမျိုးသမီး တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။ယင်းနောက် ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း၊[၅]၂၀၂၂ ခုနှစ် နိုဝင်ဘာ၁၉ ရက်တွင် (၂၀၂၂-၂၀၂၅) ခုနှစ်သက်တမ်းအတွက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။[၆]

အခြားတာဝန်ထမ်းဆောင်မှုများ ပြင်ဆင်ရန်

သူမသည် အာရှတိုက်ရှိ လူမှု တာဝန်သိ လုပ်ငန်းများ၏ ယုံကြည်မှုဆိုင်ရာ အပ်နှံခံရသော အဖွဲ့ဝင် ၊ United Nations Global Compact Network Myanmar ၏ဘုတ်အဖွဲ့ဝင်၊ မြန်မာ့အသက်မွေးဝမ်းကျောင်းမှုပိုင်းဆိုင်ရာ ဒါရိုက်တာအဖွဲ့၏ ဘုတ်အဖွဲ့ဝင်၊မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး၊[၇] စက်ချုပ်အတတ်ပညာနှင့် ကြီးကြပ်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးနေသော မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနှင့် လူ့ စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်ရေးစင်တာ၏ သဘာပတိလည်း ဖြစ်သည်။ယင်းအပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ အထွေထွေ ညီလာခံတွင် ခြောက်နှစ်တိုင် လုပ်ငန်းရှင် ကိုယ်စားလှယ်အဖြစ်ပါ ထမ်းဆောင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့အထည်ချုပ်လုပ်ငန်းရှိ အမျိုးသမီးများ၏ ဇာတ်လမ်းအကြောင်းအရာများInternational Labour Organization။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. စစ်ကောင်စီလက်အောက်က UMFCCI ခေါင်းဆောင်မှုသစ် ဘယ်လောက်စွမ်းသလဲဧရာဝတီ (၅ ဒီဇင်ဘာ ၂၀၂၂)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. List of Central Executive Committee Members (2022-2025)UMFCCI။ ၁ မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဒေါ်ခိုင်ခိုင်နွယ်ရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ7Day TV (၁၂အောက်တိုဘာ၂၀၁၇)။ ၁ မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဒေါ်ခိုင်ခိုင်နွယ်MIOD။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ကုန်သည်စက်မှုအသင်းချုပ် (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးကောက်တင်မြှောက်ပွဲ အောင်မြင်စွာကျင်းပUMFCCI (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ခြင်းMGMA (၁၁ ဒီဇင်ဘာ ၂၀၂၀)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။