ခိုင်မြဲကျော်စွာ သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် ကဗျာဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်း အောင်နိုင်ဦး ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဒဿနိကဗေဒ အဓိကဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်၌ အနုပညာ ကြေးမုံ မဂ္ဂဇင်းတွင် ချစ်ဆူးနှင်းဆီ ကဗျာသည် ပထမဆုံး ပုံနှိပ် ဖော်ပြခြင်း ခံရသည် စာမူ ဖြစ်သည်။

ခိုင်မြဲကျော်စွာ
မွေးဖွားအောင်နိုင်ဦး
၁၉၆၂ (အသက် ၆၁–၆၂)
ရန်ကုန်မြို့
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ
ပညာရေးဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ)


ပေဖူးလွှာ၊ ဒီရေစီးသံ၊ ဟန်သစ်၊ ရင်ခွင်သစ်၊ ရင်ခုန်ပွင့်၊ ရုပ်ရှင်သစ္စာ၊ ရုပ်ရှင်အောင်လံ၊ ကလျာ၊ မြားနတ်မောင်၊ ချယ်ရီ၊ မဟေသီ၊ သရဖူ၊ ဖက်ရှင်၊ ရုပ်ရှင် တေးကဗျာ၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ပိတောက်မြေ၊ စရဏ၊ အင်ပါရာ၊ ဗြူးတီး၊ ဖက်ရှင်အင်းမေ့ချ်နှင့် အခြား မဂ္ဂဇင်းများတွင် ကဗျာပုဒ်ရေ ၁၀ဝ ကျော် ရေးသားခဲ့ပြီး ဖြစ်သည်။


အိမ်အပြန် မိုးကျော်အေးရဲ့ ထိုင်ခုံအမှတ် ၃၄ (၂၀၀၂) ကဗျာစာအုပ်ကို ခရမ်းပြာထက်လူ၊ မောင်ဖီလာတို့နှင့် ၃ ယောက်တွဲ ထုတ်ဝေခဲ့သည်။ ယခု အချိန်ထိ မဂ္ဂဇင်းများတွင် ကဗျာများ ရေးသားနေဆဲ ဖြစ်သည်။

ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း ပြင်ဆင်ရန်

စဉ် အမည် ထုတ်ဝေနှစ် မှတ်ချက်
အိမ်အပြန် မိုးကျော်အေးရဲ့ ထိုင်ခုံအမှတ် ၃၄ ၂၀၀၂ ခရမ်းပြာထက်လူ၊ မောင်ဖီလာ တို့နှင့် တွဲ၍
အေးအေးဆေးဆေးလမ်း ၂၀၀၉
မာယာကော့စကီးပြောတဲ့ပန်းပုဆရာရဲ့သွားတွေ ၂၀၁၃ ခရမ်းပြာထက်လူ၊ မောင်ဖီလာ တို့နှင့် တွဲ၍
စက္ကူပန်းပွင့်မပွင့် ဖွင့်ကြည့်ဖို့ ပို့ပေးလိုက်တဲ့လိုင်းများ ၂၀၁၅
ရေငုပ်သင်္ဘော ၂၀၁၆

ကိုးကား ပြင်ဆင်ရန်

- ကဗျာအသံ အစီအစဉ်(၆) ၊ စာမျက်နှာ ၇၆

- စက္ကူပန်းပွင့်မပွင့် ဖွင့်ကြည့်ဖို့ ပို့ပေးလိုက်တဲ့လိုင်းများ စာအုပ်မှ