ခိုးရူးဂျိ
ခိုးရူးဂျိ သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ အုခယောရပ်ကွက်၊ အုဇုမဆအရပ်တွင် တည်ရှိသည့် ရှင်းဂွန်းကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်ကို အုဇုမဆဒဲရ (太秦寺)၊ ထို့အပြင် ခဒိုနိုဒဲရ (葛野寺) ဟု သိကြသည်။ ဤကျောင်းတော်ကို ယခင်က ဟတနိုခိမိဒဲရ (秦公寺), ဟချိအိုခဒဲရ (蜂岡寺) နှင့် ဟိုးခိုးဂျိ (蜂岡寺) စသဖြင့် သိခဲ့ကြသည်။[၁]
ခိုးရူးဂျိ သည် ကျိုတိုမြို့တွင် ရှေးအကျဆုံးကျောင်းတော်ဖြစ်သည်ဟု ဆိုကြသည်။ ၎င်းကို ၆၀၃ ခုနှစ်တွင် ဟတနိုခဝခဆွတ်က မင်းသားရှောတိုခုထံမှ ဗုဒ္ဓရုပ်တုတော်ကို ရရှိပြီးနောက်တွင် တည်ဆောက်ခဲ့သည်။ ၈၁၈ ခုနှစ်နှင့် ၁၁၅၀ ခုနှစ်များတွင် ကျောင်းတော်ဝင်းတစ်ခုလုံးသည် မီးလောင်မှုဖြင့် ပျက်စီးခဲ့ရသည်။ ထို့နောက်တွင်လည်း ကျောင်းတော်ကို အကြိမ်များစွာ ပြန်လည်တည်ဆောက်မှုများ လုပ်ဆောင်ခဲ့သည်။
သစ်သားဗောဓိသတ္တရုပ်တု
ပြင်ဆင်ရန်ကျောင်းတော်တွင် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများစွာ ရှိသည်။ ထိုအထဲမှ နိုင်ငံတော်အဆင့်သတ်မှတ်ထားခြင်းခံရသည့် အရာမှာ သစ်သားဖြင့်ပြုလုပ်ထားသည့် အရိမေတ္တယျဗောဓိသတ္တရုပ်ပွားတော် ဖြစ်သည်။ ၎င်းကို ၁၉၅၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အဖိုးထိုက်သည့်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဤရုပ်ပွားတော်သည် ထိုင်နေသည့်ဟန် ရုပ်ပွားတော်ဖြစ်သည်။ ၎င်းကို "ဟိုးခန်းမိရိုခု" (宝冠弥勒) ဟု ခေါ်ကြသည်။[၂]
ထို့အပြင် ဤကျောင်းတော်သည် အောက်တိုဘာလလယ်တွင် ကျင်းပသည့် နွားပွဲတော် (牛祭, အုရှိမဆွတ်ရိ) ဖြင့် လူသိများကြသည်။ သို့သော်လည်း ယခုအခါတွင် ဤပွဲတော်ကို ရပ်ဆိုင်းထားသည်။[၃]
ပြင်ပလင့်များ
ပြင်ဆင်ရန်- images of Hondo (1730)
- image of Nandiamon (1702) Archived 22 September 2020 at the Wayback Machine.
- images of the statuary
ကိုဩဒိနိတ်: 35°0′55.80″N 135°42′26.31″E / 35.0155000°N 135.7073083°E