ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ မန္တလေးမြို့

မန္တလေးမြို့ရှိ ကလေးဆေးရုံကြီး၂ခုအနက်မှ ၁ခုဖြစ်သည်

ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီးသည် မန္တလေးမြို့ရှိ ကလေးဆေးရုံကြီး၂ခုအနက်မှ ၁ခုဖြစ်သည်။ ၆၆လမ်း ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် တည်ရှိသည်။ယခင်က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနေရာဖြစ်သည်။ကလေးဆေးရုံကြီးအား ဧဒင်ကုမ္ပဏီများအုပ်စုမှ ကျပ်သန်းပေါင်း ၅၂၀၀ကျော် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ၂၀၁၁ခုနှစ်ဇွန်လ ၂၅ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်ဒုတိယသမ္မတ (၂) ဒေါက်တာစိုင်းမောက်ခမ်းမှ ဖွင့်လှစ်ပေးခဲ့သည်။ ဆေးရုံကြီးတွင် ကုသမှုအပြင် သင်ကြားရေးကိုပါ တွဲ၍ သင်လျက်ရှိသည်။ဆေးရုံဝင်းအတွင်း အဆောက်အအုံပေါင်း ၃၄လုံးရှိကာ ကလေးကစားကွင်းပါ ပါဝင်သည်။ဆေးရုံတွင် အသက် ၁၂နှစ်အောက်ကလေးများကို ကုသပေးကာ ငွေကြေးမတတ်နိုင်သူများကိုလည်း အခမဲ့ကုသပေးနေသည်။[၁]

ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ မန္တလေးမြို့
500 Beded Children Hospital
ပထဝီဝင်ဆိုင်ရာ
တည်နေရာ၆၆လမ်း၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဝန်ဆောင်မှုများ
ကုတင်အရေအတွက်၅၅၀

ကိုးကား ပြင်ဆင်ရန်

  1. "ခုတင်၅၅၀ဆံ့က​လေး​ဆေးရုံကြီးကိုသိရှိမှုနည်း"၊ Myanmar Times၊ ၁၃ ဒီဇင်ဘာ ၂၀၁၂။ Archived from the original on 23 February 2021။