ခုဒ္ဒကနိကာယ် (ပါဠိ: ခုဒ္ဒကနိကာယ Khuddaka Nikāya) သည် ထေရဝါဒဗုဒ္ဓဘာသာ၏ သုတ္တန်ပိဋကတ်မှ နောက်ဆုံးနိကာယ်တစ်ခုဖြစ်၍ အတိုင်းအရှည်ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်းဖြစ်သည်။ ခုဒ္ဒကနိကာယ်ကို ထေရဝါဒကိုးကွယ်သည့် ထိုင်းနိုင်ငံတွင် (၁၅) အုပ်၊ သီရိလင်္ကာတွင် (၁၅) အုပ်ရှိသော်လည်း မြန်မာနိုင်ငံ၌ ဆဋ္ဌမူအရ စုစုပေါင်း (၂၈) အုပ်ရှိသည်။ သုတ္တန်ပိဋကတ်ကိုသာ ရေတွက်ပါက ကျမ်းအရ (၁၈) ကျမ်း၊ စာအုပ်ထုတ်ဝေမူအရ (၁၁) အုပ်ဖြစ်သည်။ အခြားနိုင်ငံများကဲ့သို့မဟုတ်ဘဲ မြန်မာရိုးရာအစဉ်အဆက်အရ ဝိနည်းပိဋကတ်၊ အဘိဓမ္မာပိဋကတ်များကိုပါ ဤခုဒ္ဒကနိကာယ်ထဲသို့ ထည့်သွင်းခဲ့ကြသည့်အတွက် ဝိနည်း (၅) ကျမ်း (စာအုပ် ၅ အုပ်)၊ အဘိဓမ္မာကျမ်း ၇ ကျမ်း (စာအုပ် ၁၂ အုပ်) ရှိသဖြင့် စုစုပေါင်း ကျမ်း ၃၀ (စာအုပ် ၂၈) ရှိသည်။ တိုသော၊ သေးငယ်သောသုတ်များ စုပေါင်းထားသည်ဟုဆိုသော်လည်း တရားအရေအတွက်၊ တရားသဘော အစုံလင်ဆုံးပါရှိသည့် နိကာယ်ဖြစ်သည်။[]

တရုတ်နှင့် တိဘက်ကျမ်းစာများ၌လည်း ခုဒ္ဒက အာဂမ (Kṣudraka Āgama) ရှိသည်။ သို့သော် မူကွဲများလည်းရှိသေး၏ ။

ဖွံ့ဖြိုးလာမှု

ပြင်ဆင်ရန်

ဟီရာကာဝါ အကီရာက အသစ်ဖြစ်သည့်ကျမ်းစာ၊ တရားများကို သုတ္တန်ပိဋကတ်ထဲသို့ ထည့်သွင်းခြင်းမပြုကြဘဲ ခုဒ္ဒကနိကာယ်ထဲသို့သာ ပေါင်းစပ်ထည့်သွင်းကြသည်ကြောင့် ဤနိကာယ်သည် ဖွံ့ဖြိုးတိုးပွားမှုရှိသည့် အဆင့်တစ်ခုကို ကိုယ်စားပြုသည်ဟု ဆိုသည်။[] ခုဒ္ဒနိကာယ်သည် အခြားနိကာယ်လေးရပ်၌ မပါဝင်သည့် အကြောင်းအရာများကို ထည့်သွင်းပြုစုထားသည့် အရာဖြစ်၍ အစောပိုင်းကျမ်းစာများသာမက နောက်ပိုင်းကျမ်းစာများလည်း ပါဝင်သည်ဟု ဆိုသည်။ အခြားဂိုဏ်းများတွင်လည်း ဤခုဒ္ဒကနိကာယ်ရှိသော်လည်း ထေရဝါဒဗုဒ္ဓဘာသာသည်သာ ပြည့်စုံသော ခုဒ္ဒကနိကာယ်ကို ပိုင်ဆိုင်ထားသည်ဟု သုံးသပ်သည်။[] ဓမ္မဂုတ္တက ခုဒ္ဒက အာဂမ (Dharmaguptaka Kṣudraka Āgama) မှ ကျမ်းစာများကို တရုတ်၊ တိဘက် ဘာသာပြန်မူများတွင် ထိန်းသိမ်းထား၍ ဂန္ဓရီဘာသာစကားမူဖြင့် ရေးသားထားသော အပိုင်းအစများကိုလည်း ရှာဖွေတွေ့ရှိရသည်။[]

ခုဒ္ဒကနိကာယ်လာ စာအုပ်အမျိုးမျိုး၏ ရက်စွဲကို အောလီဗာ အဘေနယာကေ (Oliver Abeynayake) က ယခုလို မှတ်ချက်ပြုထားသည်။

ခုဒ္ဒကနိကာယ်ကို အလွှာနှစ်ခုအဖြစ် အလွယ်တကူ ခွဲနိုင်ပါတယ်။ သုတ္တနိပါတ်၊ ဣတိဝုတ်၊ ဓမ္မပဒ၊ ထေရဂါထာ၊ ထေရီဂါထာ၊ ဇာတကတို့သည် အစောပိုင်းကျမ်းများဖြစ်ကြပြီး ခုဒ္ဒကပါထ၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ နိဒ္ဒေသ၊ ပဋိသမ္ဘိဒါမဂ္ဂ၊ အပါဒါန်၊ ဗုဒ္ဓဝံသ၊ စရိယာပိဋကတ်များသည်ကား နောက်ပိုင်းပေါ်ကျမ်းများဖြစ်သည်။[]

ပါဝင်ဖွဲ့စည်းမှု

ပြင်ဆင်ရန်

ဝိနည်းပိဋကတ်

ပြင်ဆင်ရန်

သုတ္တန်ပိဋကတ်

ပြင်ဆင်ရန်

အဘိဓမ္မာပိဋကတ်

ပြင်ဆင်ရန်
  1. ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
  2. ၂.၀ ၂.၁ Hirakawa Akira, translated and edited by Paul Groner (1993),A History of Indian Buddhism, Motilal Banarsidass Publishers, Delhi, page 128
  3. Andrew Skilton (2004)။ A Concise History of Buddhism။ Windhorse Publications။ p. 82။ ISBN 0-904766-92-6
  4. A textual and Historical Analysis of the Khuddaka Nikaya – Oliver Abeynayake Ph. D. , Colombo, First Edition – 1984, p. 113.