ခုန်ကူးသူ စာအုပ်သည် Steven Gould ၏ ၁၉၉၂ခုနှစ် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းဖြစ်သည်။ ထိုလုံးချင်းဝတ္ထုကို ၁၉၉၃ အောက်တိုဘာတွင် ဖြန့်ချိခဲ့ပြီး ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် ရုပ်ရှင်အဖြ စ်ဖြန့်ချိခဲ့သည်။ David ၏ဇတ်လမ်းအကြောင်းဖြစ်ပြီး ဆယ်ကျော်သက်အရွယ်တွင် စိတ်စွမ်းအားဖြင့် လွတ်မြောက်နိုင်သူဖြစ်သည်။ သူသည် သူ၏မိခင်ကို ရှာဖွေခဲ့သည်။ သူသည် သူ၏စွမ်းအားကို လျှို့ဝှက်ထားသော်လည်း နောက်ဆုံးတွင် ရန်မူတိုက်ခိုက်ခြင်းများ ခံခဲ့ရသည်။

Jumper
1992, First Edition — Hardcover
စာရေးသူSteven Gould
မျက်နှာဖုံး သရုပ်ဖော်Romas Kukalis, cover art
နိုင်ငံအမေရိကန် ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားစိတ်ကူးယဉ်သိပ္ပံဝတ္ထု
ထုတ်ဝေသူTor Books
ထုတ်ဝေသည့်ရက်
ဩဂုတ်၊ ၁၉၉၂
မီဒီယာ အမျိုးအစားပုံနှိပ်စာအုပ်
စာမျက်နှာ၃၄၄
ISBN0-8125-2237-0 (hardback edition)
OCLC29012650
နောက်ထွက်စာအုပ်Reflex

ဇာတ်လမ်း ပြင်ဆင်ရန်

ညနေစောင်းတွင် သူ၏ဖခင်၏နှိပ်စက်ခြင်းကို ခံခဲ့ရပြီး David Rice သည် စိတ်စွမ်းအားဖြင့် ခုန်ကာလွတ်မြောက်ခဲ့ပြီး စာကြည့်တိုက်တိုက်ထဲသို့ ရောက်ရှိသည်ကို တွေ့ရသည်။ မူရင်းစွမ်းအားသည် မထင်ရှားပေ။ သူ့ဖခင်၏နေအိမ်သို့ လုံးဝပြန်မလာခဲ့ပေ။ David သည် သူနည်းသူဟန်ဖြင့် New York မြို့တော်သို့ ရောက်ရှိခဲ့သည်။ David သည် မွေးနေ့လက်မှတ်မရှိဘဲ အလုပ်မရှိသောကြောင့် ဒေသခံစိတ်စွမ်းအားဖြင့် ဘဏ်များမှ ခိုးယူခဲ့သည်။ သူသည် ဒေါ်လာတစ်သန်းနီးပါးခန့် ခိုးယူခဲ့သည်။ စားသောက်ဆိုင်များ၌ ညနေစာများစားသောက်ခဲ့သည်။ သူသည် Millie Harrison ဟူသော အမျိုးသမီးနဲ့ တွေ့ဆုံခဲ့ပြီး သူမ Stillwater, Okalahoma ရှိ ကော်လိဒ်သို့ မပြန်မီ New York လည်ပတ်၍ အချိန်ဖြုန်းခဲ့သည်။ David သည် သူမရှိရာ Okalahoma သို့ လည်ပတ်ခဲ့ပြီး ပါတီပွဲတက်ရောက်ခဲ့သည်။ Millie ၏ယောက်ျားလေးသူငယ်ချင်း Mark နှင့်အတူရန်ဖြစ်ခဲ့ပြီး Mark ကို အဝေးသို့ ခုန်ထွက်စေခဲ့သည်။ Millie ကို သူမ၏နေရာတွင် ညအိပ်ရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့နှစ်ဦးသည် တရားဝင်ချစ်သူဖြစ်ခဲ့ကြသည်။ သူသည် သူ၏ပျောက်ဆုံးနေသောမိခင် Mary Niles နှင့် ပြန်လည်ပေါင်းစပ်ရန် ဆန္ဒရှိခဲ့သည်။ Mary သည် David ဖခင်၏ အကြိမ်ကြိမ်ရိုက်နှက်မှုကြောင့် မိသားစုကို စွန့်ခွာခဲ့သည်။ သူမသည်   နှစ်ပေါင်းများစွာ David ကို ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ဖခင်၏တာဆီးခြင်းခံခဲ့ရသည်။ သူ၏အိမ်နီးချင်းအား လင်ယောက်ျားနှိပ်စက်မှုမှ ကယ်တင်ပြီးနောက် သူမ၏ယောက်ျားက ရဲအရာအဖြစ်ပြောင်းလဲပြီး New York ရဲများသည် သူအားစူးစမ်းထောက်လှမ်းခဲ့ကြသည်။ ထိုစူးစမ်းထောက်လှမ်းခြင်းကြောင့် David သည် Okalahoma သို့ ပြောင်းရွေ့ခဲ့သည်။ Millie နှင့်နီးစပ်ရာအခန်းတွင် နေထိုင်ခဲ့သည်။ တစ်ညတွင် ရဲများသည် သူ၏ New York တိုက်ခန်း၌ ရောက်ရှိနေကြသည်။ ရဲများသည် Millie အားအကြောင်း ကြားခဲ့ပြီးနောက် David သည် Millie အား ရင်ဆိုင်၍ ရှင်းပြရန်ကြိုးစားခဲ့သည်။ သို့သော် Millie ကသူ၏အားပြတ်ခဲ့ပြီး ထွက်သွားရန်ပြောခဲ့သည်။ David Stillwater ရှိသူ၏တိုက်ခန်းဆီသို့ ပြန်လာခဲ့သည်။ ရက်သတ္တပတ်များစွာ ကြားပြီးနောက် Millie ထံမှ စာတစ်စောင်ရရှိပြီး ပြန်လည်သင့်မြတ်ခဲ့သည်။ သတင်းများစောင့်ကြည့်ပြီးနောက် May သည် လေယဉ်ပျက်ကျပြီးနောက် အကြမ်းဖက်သမားတို့၏ သတ်ဖြတ်ခြင်းခံရသည်။ David သည် Rashid Matar ကို ရှာဖွေရန်ပြင်ဆင်ခဲ့သည်။ (သူ၏မိခင်သေဆုံးမှုအတွက် သံသယရှိသူဖြစ်သည်) David သည် Matar ကို ရှာဖွေရန် Algeria သို့ ခုန်ထွက်လာခဲ့သည်။ ရဲများကို လှည့်ဖြားရန် ဖြစ်သည်။ David သည် Mary ၏အသုဘတွင် သူ၏ဖခင်နှင့် တွေ့ဆုံခဲ့သည်။ ရဲများ၏စုံစမ်း မေးမြန်းခြင်းခံရသည်။ သူသည် အကြမ်းဖက်သမားများကို ရှာဖွေနေစဉ်တွင် သူနှင့် သူမ၏ရည်စားနှင့် ထိုလများအတွင်းတွင် တွေ့ဆုံကြသည်။ David သည် သူအား လွမ်းကြောင်းပြောပြီး နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးကြောင်း ပြောကြသည်။ David နှင့် Millie တို့၏ဆက်ဆံရေးတရားဝင်ပြန်လည် စတင်ကြသည်။ မည်သို့ပင်ဆိုစေ အမျိုးသားလုံခြုံရေးကိုယ်စားလှယ်များကို စစ်သည်တော် ကိုယ်စားလှယ် Brian Cox တို့၏ ဦးဆောင်၍ David ကို စုံစမ်းလာခဲ့သည်။ နာရီအတွင်းတွင် Algeria မှ United State သို့ ရောက်ရှိလာသည်ကို သံသယဖြစ်ကြသည်။ သူသည် NSA ရုံးခန်းမှ David ခုန်ထွက်လာသည်နှင့် ပတ်သက်၍ မေးမြန်းကြသည်။ Cox နှင့် NSA တို့သည် David ကိုဖမ်းရန် ဆုံးဖြတ်ကြသည်။ David သည် Millie ကို သူမ၏ မိဘတို့နှင့်အတူနေစေခဲ့သည်။ နာရီပေါင်းများစွာကြာပြီးနောက် David ကိုဖမ်းမိရန် Millie ကိုဓားစာခံအဖြစ် ခေါ်ထားသည်။ David သည် Cox ၏လက်ထဲမှ လွတ်မြောက်လာခဲ့သည်။ Cox သည် David ကို ပြန်လည်ဖမ်းမိခဲ့သည်။ အကြမ်းဖက်သမားများနှင့် သူ၏လုပ်ဆောင်ချက်များကို သိပြီးနောက် Millie အားလွတ်ပေးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်