ခုရမကျောင်းတော် (Kurama-dera, 鞍馬寺) သည် ဂျပန်နိုင်ငံကျိုတိုမြို့၏ မြောက်ဘက်တွင် တည်ရှိသည့် ကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်တွင် ဂျပန်နိုင်ငံ၏ နိုင်ငံ၏ အဖိုးတန်ပစ္စည်းများဟု သတ်မှတ်ထားခြင်းခံရသည့် အရာများ ရှိသည်။

ခုရမကျောင်းတော်
Kurama-dera
鞍馬寺
The main entrance
အချက်အလက်များ
တည်နေရာSakyō-ku Kurama Honmachi 1074, Kyoto
ကိုဩဒိနိတ်35°7′5.02″N 135°46′14.67″E / 35.1180611°N 135.7707417°E / 35.1180611; 135.7707417
ဘာသာရေး နှီးနွယ်မှုIndependent (Kuramakōkyō)
နတ်ဘုရားSonten (union of Vaiśravaṇa, Kannon, Defender Lord)
နိုင်ငံJapan
ဗိသုကာ
တည်ထောင်သူJiànzhēn (鑑禎)
ပြီးစီး770?

ကျောင်းတော်သည် ခုရမတောင်ခြေရှိ တောချုံထူထပ်သည့်နေရာတွင် တည်ရှိသည်။ ၎င်းနေရာသို့ ကေဘယ်ကားလိုင်းဖြစ်သည့် ခုရမဒဲရကေဘယ်ကားကို စီးနင်းကာ သွားရောက်နိုင်သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

ကျောင်းတော်ကို အေဒီ ၈ ရာစုတွင် တည်ထောင်ခဲ့သည်။ ကျောင်းတော်၏ မူလဇာစ်မြစ်မှာမူ သမိုင်းကြောင်းအရ ရှင်းလင်းစွာ မသိရှိရပေ။ တရုတ်ရဟန်းတစ်ပါးဖြစ်သည့် Jianzhen သည် ဗုဒ္ဓ၏ လမ်စဉ်တွင် တပည့်သာဝကအဖြစ် ဖြစ်လာခဲ့ပြီး ၇၇၂ ခုနှစ်တွင် အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။ ၎င်းအိပ်မက်တွင် ခုရမတောင်ကို မြင်မက်ခဲ့ပြီး တောင်တွင် စိတ်ပိုင်းဆိုင်ရာစွမ်းအင်များ ရှိနေပြီး ထိုတောင်တွင် ထိုစွမ်းအားများကို ထိန်းချုပ်ရန်နှင့် စုစည်းရန်အတွက် ကျောင်းတော်တစ်ခုဆောက်လုပ်ခဲ့သည်။

ခရီးသွားလာမှု

ပြင်ဆင်ရန်

ဤကျောင်းတော်သည် ဂျပန်လူမျိုးများအကြားတွင် လည်ပတ်သွားလာရန် အထူးရေပန်းစားသည်။ ကျောင်းတော်၏ ပတ်ဝန်းကျင်သည့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ဂမ္ဘီရကဲ့သို့သော စွမ်းအင်များ ရှိသည်ဟု ဆိုကြသည်။ ခုရမတောင်သည် ဂမ္ဘီရဆန်းကြယ်မှုများ ရှိသည့်တောင်တစ်ခုဖြစ်သည်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် တောင်သည် "တန်းဂု" ပုံသဏ္ဌာန်ရှိသည့်အတွက် ဖြစ်သည်။ တန်းဂုဆိုသည်မှာ ဂျပန်တို့၏ ရိုးရာပုံဝတ္ထုများတွင် ပါရှိသည့် နှာခေါင်းရှည်သည့် ဒဏ္ဍာရီလာသတ္တဝါဖြစ်သည်။ ထို့အပြင် ခုရမတောင်သည် "အနာရောဂါကုသသည့်စွမ်အင်" တစ်ခုဖြစ်သည့် "ရဲအိခိ (reiki)" ၏ မွေးဖွားဖြစ်ပေါ်လာရာနေရာဟုလည်း ယုံကြည်ကြသည်။

ယုခိဂျင်းဂျ

ပြင်ဆင်ရန်
 
Yuki-jinja

ကျောင်းတော်၏ နယ်မြေတွင် ထင်ရှားသည့် ရှင်တိုနတ်ကျောင်းတစ်ခု ရှိသည်။ ၎င်းကျောင်း၏ အမည်မှာ "ယုခိဂျင်းဂျ" ဖြစ်ပြီး ၉၄၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°7′5.02″N 135°46′14.67″E / 35.1180611°N 135.7707417°E / 35.1180611; 135.7707417