[၁] ကောသလနိုင်ငံ သာဝတ္ထိမြို့တော်နှင့် သာကေတမြို့အကြား “တောရဏအရပ်၌ ခေမာထေရီ သီတင်းသုံးနေစဉ် ကောသလဘုရင်က “ဟောတိ တထာဂတော ပရံ မရဏာ”အစရှိသောပြဿနာလေးမျိုးကို မေးလျှောက်ရာ ယင်းပြဿနာလေးချက်ကို မြတ်စွာဘုရားရှင် ဖြေကြားတော်မမူကြောင်း ခေမာထေရီက မိန့်ကြားပါသည်။ အဘယ်ကြောင့် ဘုရားရှင် ဖြေတော်မမူပါသနည်း-ဟု မေးလျှောက်ရာ ခေမာထေရီ က “ဂင်္ဂါမြစ်၏ သဲများ၊ မဟာသမုဒ္ဒရာရှိရေများကို ရေတွက်နိုင်သော သင်္ချာပညာရှင် ရှိပါသလောဟု ပြန်လည်မေးတော်မူပြီး ဥပါဒါနက္ခန္ဓာတစ်ပါးစီ၌ သတ္တဝါဟုပညတ်နိုင်သော သဘောကို ဘုရားရှင်ပယ်ပြီးပုံ၊ ထို့ကြောင့် “ဟောတိ တထာဂတော ပရံ မရဏာ”အစရှိသောအရာသို့ မရောက်တော့ပုံကို အကျယ်ရှင်းလင်း ဟောပြပါသည်။ တဖန် ကောသလမင်းသည် ဘုရားရှင်အား ထိုပြဿနာကို မေးလျှောက်သည့်အခါ ဘုရားရှင်က ခေမာထေရီဖြေကြားသည့်အတိုင်း ရှင်းလင်းဖြေကြားတော်မူရာ ကောသလဘုရင်က “ဘုရားရှင်နှင့် သာဝိကာမတို့ တရားဟောရာ၌ သဒ္ဒါ-သဒ္ဒါချင်း အနက်-အနက်ချင်း တထပ်တည်းကျပုံ၊ ညီညွတ်ပုံ၊ မဆန့်ကျင်ပုံတို့ကို ချီးကျူး လျှောက်ထားသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၅၄၄-၉။ သံ၊မြန်၊၂၊၅၃၇-၅၄၁။ သံ၊ဋ္ဌ၊၃၊၁၅၀။ သံ၊ဋီ၊၂၊၃၈၉။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁၀-အဗျာကတဝဂ္ဂ၊ ပထမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ