ခေါက်ချိုးညီခြင်း (အင်္ဂလိပ်: symmetry, ဂရိ: συμμετρία) သည် ရှေးဂရိဘာသာတွင် သင့်တော်မှန်ကန်သည့် အချိုးအဆ၊ အစီအစဉ်၊ အတိုင်းအတာ ကိုက်ညီမှုဟုအဓိပ္ပာယ်ရသည်။[၁] နေ့စဉ်သုံးစွဲသော ဘာသာစကားအနေဖြင့် လှပ၍ ညီညာသော အချိုးအဆနှင့် ဟန်ချက်ညီမျှမှု ဟုရည်ညွှန်းနိုင်သည်။[၂][၃][မှတ်စု ၁] သင်္ချာဘာသာရပ်၌ ခေါက်ချိုးညီခြင်းနှင့်ပတ်သက်၍ ပို၍တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်ရှိ၍ များသောအားဖြင့် ပြောင်းလဲခြင်းလုပ်ဆောင်ချက်တချို့ (Transformation function)အောက်၌ မပြောင်းလဲ အမြဲတစ်သမတ်တည်းရှိသော အရာဝတ္ထုတစ်ခုကို ကိုယ်စားပြု ရည်ညွှန်းရာ၌ သုံးစွဲသည်။ ပြောင်းလဲခြင်းလုပ်ဆောင်ချက်တချို့မှာ အရာဝတ္ထု၏ အနေအထားမပြောင်းဘဲ ရွေ့ရှားခြင်း(translation)၊ အချိုးညီ ရောင်ပြန်ထင်ဟပ်မှု(reflection)၊ ဗဟိုချက်တစ်ခု၌ အရာဝတ္ထုလည်ခြင်း(rotation)၊ အရာဝတ္ထုအချိုးအဆပြောင်းလဲခြင်း(scaling)များဖြစ်သည်။[၄] ဤ နေ့စဉ်သုံးနှင့် သင်္ချာဆိုင်ရာ ရည်ညွှန်းအဓိပ္ပာယ်များမှာ ရံခါ၌ ခွဲခြားပြောဆိုနိုင်သော်လည်း အနုစိတ်သဘောအားဖြင့် ဆက်စပ်ပတ်သက်သည်။

Symmetry (left) and asymmetry (right)
Symmetry (left) and asymmetry (right)
A spherical symmetry group with octahedral symmetry. The yellow region shows the fundamental domain.
A spherical symmetry group with octahedral symmetry. The yellow region shows the fundamental domain.
Leonardo da Vinci's 'Vitruvian Man' (ca. 1487) is often used as a representation of symmetry in the human body and, by extension, the natural universe.
Leonardo da Vinci's 'Vitruvian Man' (ca. 1487) is often used as a representation of symmetry in the human body and, by extension, the natural universe.
A fractal-like shape that has reflectional symmetry, rotational symmetry and self-similarity, three forms of symmetry. This shape is obtained by a finite subdivision rule.
A fractal-like shape that has reflectional symmetry, rotational symmetry and self-similarity, three forms of symmetry. This shape is obtained by a finite subdivision rule.
Symmetric arcades of a portico in the Great Mosque of Kairouan also called the Mosque of Uqba, in Tunisia.
Symmetric arcades of a portico in the Great Mosque of Kairouan also called the Mosque of Uqba, in Tunisia.

သင်္ချာဆိုင်ရာ ခေါက်ချိုးညီခြင်းကို အချိန်ဖြတ်သန်းကုန်ဆုံးမှုနှင့်ပတ်သက်ပြီး စူးစမ်းလေ့လာနိုင်သည်။ ခေါက်ချိုးညီခြင်းကို နေရာအနေအထားဆက်သွယ်ချက်သဘောတရား(spatial relationship)အနေဖြင့်လေ့လာခြင်း၊ ဂျီဩမေထြီပြောင်းလဲခြင်း(geometric transformation)ဖြစ်စဉ်မှ တစ်ဆင့်သော်လည်းကောင်း လုပ်ဆောင်ချက်ဆိုင်ရာ ပြောင်းလဲခြင်းမှ တစ်ဆင့်​သော်လည်းကောင်း လေ့လာစူးစမ်းနိုင်သည်။ ထို့ပြင် သီအိုရီပုံစံငယ်များ၊ ဘာသာစကား၊ ဂီတ တို့ပါဝင်သော စိတ္တဇနယ်ပယ်(စိတ်ကူး) အရာဝတ္ထုများ၏ ရှုထောင့်သွင်ပြင်မှလည်း လေ့လာစူးစမ်းနိုင်သည်။[၅][မှတ်စု ၂]

ခေါက်ချိုးညီခြင်းသဘောကို မလိုက်နာသော (သို့) ပျက်ကွက်သော စနစ်ကို ခေါက်ချိုးမညီခြင်း(asymmetry) ဟုလည်းသုံးစွဲသည်။ မှန်ရိပ်ခေါက်ချိုးညီ၊ ပတ်လည်ခေါက်ချိုးညီ၊ ပုံရိပ်ပွားတူညီ စသဖြင့် အမျိုးအစားအလိုက် အမည်ကွဲများရှိသည်။

မှတ်စု ပြင်ဆင်ရန်

  1. For example, Aristotle ascribed spherical shape to the heavenly bodies, attributing this formally defined geometric measure of symmetry to the natural order and perfection of the cosmos.
  2. Symmetric objects can be material, such as a person, crystal, quilt, floor tiles, or molecule, or it can be an abstract object structure such as a mathematical equation or a series of tones (music).

ကိုးကား ပြင်ဆင်ရန်

  1. "symmetry"Online Etymology Dictionary
  2. Zee၊ A. (2007)။ Fearful Symmetry။ Princeton, N.J.: Princeton University Press။ ISBN 978-0-691-13482-6
  3. Symmetry and the Beautiful Universe,Christopher T. Hill and Leon M. Lederman, Prometheus Books (2005)
  4. The Definitive Glossary of Higher Mathematical Jargon — Invariance (in en-US) (2019-08-01)။ 2019-11-12 တွင် ပြန်စစ်ပြီး။
  5. Mainzer၊ Klaus (2005)။ Symmetry And Complexity: The Spirit and Beauty of Nonlinear Science။ World Scientific။ ISBN 981-256-192-7