အရှင်ခေါမဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဝိပဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်ခေါမဒါယကထေရ် သည် ဗန္ဓုမတီမြို့တွင် ကုန်သည်တစ်ယောက် ဖြစ်နေ၏။ ထိုကုန်သည်သည် ဝိပဿီမြတ်စွာဘုရားအား ခေါမတိုင်းဖြစ် အဝတ်အထည်တို့ကို လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

သေလွန်သောအခါတွင်လည်း ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ခုနစ်ကမ္ဘာထက်တွင် လေးကျွန်းလုံးကို အစိုးရသည့် သိန္ဓဝသန္ဓနအမည်ရှိသည့် စကြဝတေးမင်း ဖြစ်ခဲ့၏။

ဤသို့ ဘဒ္ဒကမ္ဘာမှ ရေတွက်ပါက ကိုးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားကို အဝတ်အထည်များကို လှူဒါန်းခဲ့သည့် အကျိုးကြောင့် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ခေါမဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်