[၁] ဘုရားရှင် သကျနိုင်ငံ “ခေါမဒုဿ”အမည်ရှိသော သာကီဝင်တို့၏နိဂုံး၌ သီတင်းသုံးတော်မူစဉ် မိုးပေါက်များကျလာသဖြင့် ဆွမ်းခံကြွရာမှ ဗြာဟ္မဏဂဟပတိကတို့ စည်းဝေးနေကြသော အစည်းအဝေးသို့ ဝင်ကြွတော်မူလာသည်ကို ကဲ့ရဲ့ ပြောကြားကြသော ဗြာဟ္မဏဂဟပတိကတို့ကို ဘုရားရှင်က “သူတော်ကောင်းမရှိသော အစည်းအဝေးသည် “သဘင်မမည်၊ တရားစကားကို မပြောကြားတတ်သောသူသည် “သူတော်ကောင်း”မမည်၊ ရာဂ, ဒေါသ, မောဟကို ပယ်၍ တရားဟောသောပုဂ္ဂိုလ်သည်သာ “သူတော်ကောင်းမည်၏”ဟု ဟောတော်မူရာ ထိုဗြာဟ္မဏဂဟပတိကတို့ ဥပါသကာ အဖြစ်ခံယူကြပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-မိုးရွာခြင်းအကြောင်းနှင့် သဘာဓမ္မကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၈၅-၆။ သံ၊မြန်၊၁၊၁၇၄။ သံ၊ဋ္ဌ၊၁၊၂၄၅။ သံ၊ဋီ၊၁၊၂၈၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၇-ဗြာဟ္မဏသံယုတ္တ၊ ၇-ဥပါသကဝဂ္ဂ၊ ဒွါဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ