ခဲမှန်ဖူးတဲ့ စာသငယ်ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ခဲမှန်ဖူးသော စာသငယ်သည် လူကို မြင်တိုင်း လန့်နေသကဲ့သို့ ဒုက္ခရောက်ဖူးသူသည် အန္တရာယ်အရိပ်အယောင် တွေ့တိုင်း ထိတ်လန့်တုန်လှုပ်သည်။

မူလရင်းမြစ်များ ပြင်ဆင်ရန်

  • "စာသငယ်ပျံ၊ ခဲမှန်ဖူးဟောင်း၊ ခေါင်းတငုံ့ငုံ့၊ နှလုံးအလန့်၊ ကြောက်သွေးကျန့်ကြောင့်၊" [၁၁၄၆] ရာမ၊ ဒု။ ၁၈၂။
  • "ခဲမှန်ဖူးသော စာသငယ်သည် လက်ဆော့သော ကလေးကို မြင်တိုင်းလန့်၍ နေမည်သာတည်း။" [၁၂၉၈] စာအု။ ၈၉။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၅