စိန့်တိုင်းပြည်

(ချင်မင်းဆက် မှ ပြန်ညွှန်းထားသည်)

စိန့်တိုင်းပြည်သည် ဘီစီ ၂၂၁ မှ ၂၀၆ အထိ ကြာမြင့်ပြီး ချင်ဒေသ (ယခုရှန်ရှီးဒေသ) ကို အစွဲပြု၍ ချင်မင်းဆက်ဟု အမည်တွင်သည်။ ချင်မင်းဆက်ကို ထူထောင်ခဲ့သည့် ရှီဟွမ်တီသည် တရုတ်ပြည်၏ ပထမဦးဆုံးသော ဧကရာဇ်အဖြစ် လူသိများသည်။ ချင်မင်းဆက်မှစ၍ ဟွမ်တိ (ဧကရာဇ်) ဟူသည့် တရုတ်ဝေါဟာရ ပေါ်ပေါက်လာခဲ့သည်။ စစ်ပြိုင်ခေတ်နှောင်းပိုင်းတွင် စစ်အင်အား တောင့်တင်းသည့် ချင်ပြည်သည် အနီးတဝိုက်မှ ဟန် (韓)၊ ကျောက် (趙)၊ ဝေ့ (魏)၊ ချူ (楚)၊ ရန့် (燕)၊ ချီ (齊) စသည့် ၆ ပြည်ထောင်ကို သိမ်းပိုက်နိုင်ခဲ့သောကြောင့် တရုတ်ပြည်အတွင်း နှစ် ၅၀၀ ကျော်ကြာမြင့်သည့် ထီးပြိုင်နန်းပြိုင် အခြေအနေကို အဆုံးသတ်စေကာ ပထမဦးဆုံးသော တရုတ်အင်ပါယာကြီး ဖြစ်လာသည်။

စိန့်
Qin Dynasty၏ တည်နေရာ
လက်ရှိအခြေအနေအင်ပါယာ
မြို့တော်Xianyang
ကိုးကွယ်မှုChinese folk religion, Legalism
အစိုးရဧကရာဇ်စနစ်
ငွေကြေးChinese coin, Chinese cash