[၁][၂][၃][၄][၅]Burmese Spitz Dog - မြန်မာချင်းခွေး သည် မြန်မာနိုင်ငံပေါက် မျိုးရင်း ဟုယူဆရသော ခွေးမျိုးဖြစ်သည်။ သို့ရာတွင် ချင်းခွေး နှင့်ပတ်သက်သော သမိုင်းမှာ သုတေသန ပြုရန် လိုအပ်သေးသည်။ ချင်းခွေးများသည် အေးသော တောင်ပေါ်ဒေသတွင် အဓိက ပေါက်ဖွားသော်လည်း မြန်မာနိုင်ငံ အရပ်ရပ် အပူပိုင်းဒေသများတွင်ပါ မွေးမြူ၍ ဖြစ်သည်ကို တွေ့ရသည်။ ဉာဏ်ရည် မြင့်မား၍ လူဖြစ်စေ ခွေးချင်းဖြစ်စေ အလွယ်တကူ မဟောင်မကိုက်သော ခွေးမျိုးဖြစ်သည်။

သမိုင်း[၁][၂] ပြင်ဆင်ရန်

ချင်းခွေးနှင့်ပက်သက်၍ တိကျသေချာသော သမိုင်းအထောက်အထားများကို သုတေသန မပြုရသေးသော်လည်း မြန်မာ့စွယ်စုံကျမ်းအတွဲ(၂) [၁]တွင် ချင်းခွေးပုလေးများ အဖြစ်ဖော်ပြထားသည်။ထို့ပြင် သိပ္ပံမောင်ဝ[၆] ရေးသော အဟိတ် ဝတ္ထု ဇာတ်လမ်းများ တွင် အဓိက ဇာတ်ကောင် အဖြစ် အာမိတ်နှင့်လွေဇော် ဟူသော ချင်းတောင်မှ ခေါ်ယူမွေးထားသည့် အမွှေးပွပွ အမြီးဖွားဖွား ချင်းခွေး များ အကြောင်းကို ရသမြောက်စွာရေးဖွဲ့ထားသည်ကို တွေ့ရလေသည်။[၆]

ပေါက်ဖွားရာဒေသ[၂] ပြင်ဆင်ရန်

များသောအားဖြင့် ချင်းလူမျိုးတို့ နေထိုင်ရာ တောင်ပေါ်ဒေသများတွင် အတွေ့များသည်။ မျိုးရိုးထိန်းသိမ်း သူတို့ကြောင့် ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားတွင်တွေ့ရသည်။

ဓာတ်ပုံများ[၃][၄][၅] ပြင်ဆင်ရန်

မျိုးရိုးသတ်မှတ်စံ[၃] ပြင်ဆင်ရန်

တရားသေ သတ်မှတ်ထားသော မျိုးရိုးသတ်မှတ်စံ (Breed Standard)  မပေါ်ပေါက်သေးသော်လည်း စနစ်ကျသော breed standard တစ်ခုမှ Burmese Spitz Dog Club မှ စံစနစ် ဖြစ်သည်။

Burmese Spitz Dog Club မှ သတ်မှတ်ချက်များ

  • နားရွက်              - တြိဂံ ပုံစံ ထောင်ရမည်
  • မျက်စိ                - အညိုရင့်ရောင်
  • နှုတ်ခမ်း            - အနက်ရောင်
  • သွားဖုံး               - အနက်ရောင် (ပိုကောင်း)
  • အရပ် (အထီး)   -50cm နှင့် 60 cm ကြား
  • အရပ် (အမ)      -45cm နှင့်  55 cm ကြား
  • အလေးချိန် (အထီး) - 15 kg နှင့် 25 kg ကြား
  • အ​လေးချိန် (အမ)   - 13 kg နှင့် 23kg ကြား
  • သက်တမ်း              -၁၀ နှစ်မှ ၁၅နှစ်
  • သွား                       -၄၂ ချောင်း။ ၃ လကျော် မှ ငယ် သွားလဲမည်။
  • အမြှီး                     - ဘေးတင်ပါးပေါ် ခွေကျနေမည်။နောက်ပြန်မဝိုက်ရ။
  • လျှာ                     - အနက်ရောင် အစက်အပြောက်များပါတတ်သည်။
  • အမွှေး                   - ဂုတ်မွှေးပေါင်မွှေး အမြှိးမွေး များသည် ကျန်နေရာများထက် ပိုရှည်ရမည်။အသက် ၄ လ မှ၁၂ လ အတွင်း အမွှေး ၂ ခါလဲသည်။
  • ခြေထောက်           - ခြေပွားပါတတ်သည်။ နောက်ခြေတွင် ၂ ချောင်း သို့ ၄ ချောင်းပါတတ်သည်။
  • အရောင်                - အဖြူ၊အမဲ၊ ဖြူညို၊ဖြူဝါ၊ အညိုဖျော့၊အညိုရင့်၊ ဆင်စွယ်၊ချောကလပ်၊ သုံးရောင်ခြယ်၊Tan၊ Brindle၊ မျက်နှာမည်း နှင့် အရောင်အသွေး စုံလင်စွာရှိသည်။
  • သားပေါက်ခြင်း။   -၆ လမှ ၁၂ လ အတွင်း သားတောင်း၍  ၁ နှစ်လျှင် (၂ )သား ပေါက် တတ်သည်။ သားပေါက်နှုန်း တစ်ကောင်မှ ဆယ်ကောင် အတွင်းရှိသည်။
  • အမူအကျင့်           - အရာဝတ္တုများ အား ကိုက်ဆော့ကစားတတ်သည်။ ခြံဝင်းနှင့်မွေးရန် သင့်လျော်သည်။ သခင်အား အလွန် ချစ်မြတ်နိုး သည်။ ကလေးများနှင့် သင့်လျော်သည်။[၃]

အခြားအမည်များ ပြင်ဆင်ရန်

ချင်းခွေးဟုခေါ်သည်ကို မနှစ်မြို့သူများရှိသဖြင့် ချင်းတောင်ပေါ်ခွေး၊ ချင်းပြည်နယ် အမွှေးပွခွေး၊ Burmese Spitz Dog စသဖြင့်လည်း ခေါ်ဝေါ်ကြသည်။

ကိုးကား ပြင်ဆင်ရန်