အခြေချ နေထိုင်လာပုံ

ပြင်ဆင်ရန်

ချင်းလူမျိုးတို့သည် တိဗက်တရုတ်နှင့် မြန်မာပြည်ဆုံရာ ဟူးကောင်းချိုင့်ဝှမ်းသို့ အေဒီ (၄၀၀)တွင် ရောက်ရှိအခြေချပြီး ဖြစ်သည်။ ၁၁-ရာစုတွင်ရေးသားသော ပုဂံကျောက်စာတွင် ချင်းတို့နေထိုင်ရာ ချင်းတွင်းမြစ်ဝှမ်းကို ဖော်ပြထားသည်။ ချင်းတို့ သည် အေဒီ (၁၄)ရာစုမှ(၁၉)ရာစုအ တွင်းရှမ်း၊ မဏိပူနှင့် မြန်မာတို့ ကျူးကျော် တိုက်ခိုက်မှုကြောင့် ဘေးကင်းရာ ချင်းတောင်တန်းသို့ တဖြည်းဖြည်းရွေ့ပြောင်းနေထိုင်ခဲ့ရသည်။ အေဒီ (၇၀၀)ခန့်တွင် မုံရွာမြို့စစ်ကိုင်းမြို့ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် ဆုံရာဒေသသို့ ရောက်ရှိနေထိုင်လာကြသည်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှာဖွေသူများက ၁၉၇၂ ခုနှစ်တွင် မုံရွာမြို့အနီး၌ တူးဖော် ရရှိသော ချင်းအမျိုးသားများ အသုံးအဆောင်ဖြစ်သည့် ပြောင်ခိုင်ဖြင့် ပြုလုပ်ထားသည် ယမ်းဗူးနှင့် မြေအိုး အပိုင်းအစများအား ကြည့်ခြင်းအားဖြင့်၎င်း၊ အေဒီ(၇၅၀)ခန့်က ပုဂံခေတ်ကျောက်စာများတွင် “ချင်း” ဟူသော အသုံးအနှုန်း သုံးစွဲခဲ့ခြင်း ကို ထောက်ရှု၍၎င်း၊ ချင်းတွင်းမြစ်ဟူသော အခေါ်အဝေါ်သည်ပင်လျှင် မြစ်ရိုးတလျှောက် ချင်းအမျိုးသားများ နေထိုင်ကြခြင်းကြောင့်သာ ချင်းတွင်းမြစ်ဟု အမည်တွင် ခဲ့ခြင်းဖြစ်နိုင်သည်။


ချင်းတွင်းချိုင့်ဝှမ်းတွင် ချင်းဘုရား၊ ချင်းရွာ၊ ချင်းစု (ယနေ့စစ်ကိုင်း)စသဖြင့် ယနေ့တိုင် တွေ့ရှိနိုင်သေးသည်။ အေဒီ(၈၀၀) သရေခေတ္တရာမြို့ ပျက်သုန်းပြီးသည့်နောက် အေဒီ (၉၀၀)၌ လက်ရှိမြန်မာပြည်အတွင်း တန်ခိုး ဩဇာကြီးသော လူမျိုးသုံးမျိုးတို့မှာ ဗမာပြည်အထက်ပိုင်းတွင် ချင်းလူမိုျး၊ အလယ်ပိုင်းတွင် ပျူလူမျို့နှင့် အောက်ပိုင်း ပဲခူးဒေသတွင် မွန်လူမျိုးတို့ဖြစ်ကြသည်။ ထို့ပြင် အေဒီ (၈၀၀-၈၅၀)ခန့်တွင် ချင်းလူမျိုးတချို့သည် ကဘော်ဒေသသို့ ပြောင်းရွေ့ခဲ့ကြသည်။ အေဒီ(၁၃)ရာစုတွင် ရှမ်းလူမျိုးများ ဝင်ရောက်ကျူကျော် လာ သဖြင့် အနောက်ဘက် တောင်တန်းဒေသသို့ တက်ပြီး ပြောင်းရွေ့အခြေချခဲ့သည်။ ချင်းတို့သည် ရှမ်းတို့က ၁၃၉၅ ခုနှစ်တွင် ကလေးမြို့ကို တည်ထောင်ပြီးနောက်ပိုင်းမှသာ ချင်းတောင်သို့ အခြေချနေထိုင်လာသည် ချင်းပညာရှင်များ၏ အဆိုအရ ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciimnuai)ဒေသတွင် နေထိုင်ကြသူများ ကို ဇိုမီး(ဇို လူမျိုးနွယ်စု)၊ လိုင်လွန်ဒေသတွင် နေထိုင်ကြသူများကို လိုင်မီး(လိုင် မျိုးနွယ်စု)၊ လိုကျွမ်း (Lo Com) ဒေသတွင် နေထိုင်သူများမှာ မီဇိုမျိုးနွယ်စု များ ဖြစ်လာကြသည်။


ဖလမ်းမြို့နယ်ထဲမှ Khualsim မျိုးနွယ်စုသည် အေဒီ ၁၅၇၀-၁၅၈၀ အတွင်း၊ Zahau မျိုးနွယ်စုသည် အေဒီ ၁၆၁၅-၁၆၄၀ အတွင်း အခြေချခဲ့ကြပြီး လိုင်မျိုး နွယ်စုများသည် လိုင်လွန်ဂူကို စွန့်ခွါသွားကြပြီး အေဒီ ၁၆၇၅-၁၇၀၀ အတွင်း ဟားခါးနယ်သို့၎င်း၊ ၎င်းမှတဆင့် အေဒီ ၁၇၂၅-၁၇၆၀ အတွင်း ထန်တလန်နယ်သို့၎င်း အခြေချနေ ထိုင်ကြသည်ဟု S.Za Peng က ရေးသားထားသည်။ တချို့မှာမူ တောင်ဘက်နှင့် အနောက်တောင်ဘက်သို့ ဆက်လက် ပြောင်းရွေ့အခြေချ နေထိုင်ခဲ့ကြ သည်။ ယခုချင်းပြည်နယ်တွင် အဦးဆုံး အခြေချနေ ထိုင်ကြသူများမှာ ခူမီး (သို့) မရူ (Masho) မျိုးနွယ်စုများ ဖြစ်ကြရာ လိုင်မျိုးနွယ်စုများ ရောက်ရှိ လာသောအခါ တောင်ဘက်သို့ ပြောင်းရွေ့ လာခဲ့ကြ သည်ဟု ဒေါက်တာ ဝုန်ဆွန် (Dr. Vum Son) က (Zo History) စာအုပ်တွင် ရေးသား ထားသည်။ ပါမောက္ခ လုစ် မှတ်တမ်းအရ (၁၆)ရာစုအတွင်း ခူမီးမျိုးနွယ်စု သည် ယခုလက်ရှိ အခြေချနေ ထိုင်သည့် အရပ် ဒေသ၏ အရှေ့မြောက်ဘက် တောင်တန်းဒေသများတွင် အခြေချ နေ ထိုင်ခဲ့သည်။ မြို့ (Mara) မျိုးနွယ်စုသည် (၁၄) ရာစုအတွင် ရခိုင်မင်းအရိုက်အရာ ၌”မြို”မင်းတပါး တင်မြောက် ခဲ့ဘူး သည်ဟု ရခိုင်ရာဇာဝင်ကျမ်းမှာ ရှိခဲ့ဘူး သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်အနှံ့အပြား စစ်တကောင်း တောင် တန်း ဒေသ (ဘင်္ဂလာ ဒေရှ့်) များတွင် အခြေချနေထိုင်ခဲ့ကြသည်။ ချင်လဲန်သည် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်အကြားရှိမြေပြန့် နှင့် ကုန်းမြင့်များ အပါအဝင် ပတ်ကွိုင် (Patkai) တောင်တန်းမှ၊ ဘင်္ဂလားပင်လယ်အော် နိုက်ဂရိုက်ရေလက်ကြား အထိ သွယ် တန်းနေ သောတောင်များ ပါဝင်လျက် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသည်။ တိုင်းနှင့် ပြည်နယ် များအားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်များတွင် အခြေချနေ ထိုင်ကြ သည်။ အိန္ဒိယနိုင်ငံတွင် မီဇိုးရမ်ပြည်နယ်၊ မဏိပူရပြည်နယ်၊ ထရိပူရပြည်နယ်၊ မက်ကလာ ယာပြည် နယ်၊ အာသံပြည် နယ်များတွင် ပျံ့နှံ့နေထိုင်ကြသည်။ ဘင်္ဂလာဒေရှ့်နိုင်ငံရှိ စစ်ကောင်းတောင် တန်းဒေသတွင် နေထိုင်ကြသည်။ လူဦးရေ အားဖြင့် နှစ်သန်းကျော်ရှိ လိမ့်မည်ဟု ခန့်မှန်းသည်။ ကလေးကဘော်ဒေသနှင့် ယောဒေသ၊ ကလေးကဘော်၊ ချင်းတွင်းချိုင့်ဝှမ်း၊ ယောဒေသသည် မြန်မာနိုင်ငံ အတွင်းရှိ ချင်းတို့၏ မူလဌာနေတိုင်း ပြည်ဖြစ် သည်။ အေဒီ(၁၂ )ရာစုကာလ ရှမ်းလူမိုျးတို့ကဗမာကို ကျူးကျော်တိုက်ခိုက်ပြီး နောက်ပိုင်း အနောက ဖက်တောင် တန်းဒေသ၊ အနောက် တောင်ဘက်ဒေသ၊ တောင်ဘက်ဒေသများသို့ ပြန့်ကျဲနေထိုင်ခဲ့ကြ သည်။ နယ်ချဲ့အင်္ဂလိပ်တို့ က ၁၈၈၅ ခုနှစ် ဗမာပြည် သိမ်းပိုက်လိုက်သည့်အခါ ယခင်က ကလေးလွင်ပြင်ကို အုပ်ခုျပ် သော ကလေးစော်ဘွါး သည်လည်း အင်္ဂလိပ်လက်ထဲသို့ ကျရောက်သွားပြီး အခွန်အတုတ်ကို အင်္ဂလိပ်အစိုးရ သို့ တိုက်ရိုက်ပေးသွင်းခဲ့ သည်။ ဗမာဘုရင်ခံခုျပ်က ထိုအချိန်က ကလေးခိုျင့်ဝှမ်းကို “The Little Shan State of Kale” ဟု တင်စား သမုတ်ခဲ့သည်။ စော်ဘွားမောင်ရစ်နှင့် ၎င်း၏တူတော် အရင်း မောင်ပါကြီးအကြား အာဏလူပွဲဖြစ်ကာ ဗြိတိသျှ အစိုးရ က ၁၈၈၆ ခုနှစ်၌ စော်ဘွားမောင်ရစ်အား နန်းချပြီး ၎င်းတူတော် အရင်း မောင်ပါကြီးကို ၁၈၈၇ ခုနှစ်၊ ဇနဝါရီလ (၁)ရက်နေ့၌ အစားထိုးနန်းတင်ပေးခဲ့သည်။ ဗြိတိသျှအစိုးရသည် သိမ်း ပိုက် နယ်မြေသစ်များ ဖြစ်ကြသော (၁) ကဘော်ချိုင့်ဝှမ်းကို အထက်ချင်းတွင်း ခရိုင် အုပ်ခုျပ်ရေးအောက်၌၎င်း၊ (၂) ကလေးပြည် (Kalay State)ကိုမူ ခရိုင်အရေးပိုင် ဝန်ထောက်လက်အောက်တွင်၎င်း၊ (၃) ယောဒေသကို အစဦးပိုင်း၌ ပုဂံခရိုင်အုပ်ခုျပ်မှု အောက်၊ နောက်ပိုင်းတွင် ပခုက္ကူ-ချင်းတောင်တန်း ခရိုင် အတွင်းသို့၎င်း ထည့်သွင်းအုပ်ချုပ်ခဲ့သည်။ ၁၈၈၆ ခုနှစ်၌ ချင်းပြည်သည် ဗြိတိသျှကိုလိုနီ နယ်မြေသစ် များက ဝိုင်းရံထားပြီး ဖြစ် သည်။ အစပိုင်းတွင် ဗြိတိသျှအစိုးရအနေဖြင့် ချင်းပြည်ကို သိမ်းပိုက်အုပ်ချုပ်ရန် ဆန္ဒမပြင်းပြခဲ့ ပေ။ “Despite the advocacy of a “ forward policy” or complete military occupation of the territory by the frontier officer, the existing policy of “looses control and conciliation” was reaffirmed in the belief that the expedition had convince the Chin of the inadvisability of further raids on british subjects…” ကြောင်းမှာ ချင်းပြည်သည် တောင် တန်းများဖြင့် ပြည့်နှက်နေပြီး ခေါင်းခိုက် (Unprofitable, barren hill)သောကြောင့် ၎င်းတို့အတွက် အကျိုးအမြတ် မရှိလှဟု ယူဆသော ကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် နယ်မြေသစ် အကာအကွယ်ပေးရေး ပေါ်လစီအရ အကောင်အထည် ဖော်ခြင်း မျှသာ ဖြစ်သည်။ ထိုအချိန်၌ ဗမာမင်းနန်းချခံပြီးဖြစ်ရာ ကလေးရှမ်းစော်ဘွားကို အကာအကွယ်ပေးနိုင်တော့မည် မဟုတ်ကြောင်း ချင်းခေါင်း ဆောင်များအနေဖြင့် သိရှိလာသည့်အခါ ၎င်းနယ်မြေအား ပြန်လည်သိမ်းပိုက်ရန် အခွင့်အခါ ကောင်းဟု ထင်မြင် ယူဆ လာကြသည်။ ဤသို့ဖြင့် ချင်းခေါင်းဆောင်များက ကလေးက ဘော်ဒေသနှင့် ယောဒေ သကို အကြိမ် ကြိမ် ထိုးစစ်ဆင်နွဲခဲ့ကြသည်။ သို့ဖြစ်၍ Captain Raike က Deputy commissioner of upper Chindwin အားစေလွတ်ပြီး ဇိုမီးအကြီး အကဲများ ထဲမှ ဩဇာအရှိဆုံး စီယန်းအကြီးအကဲ ခိုင်ကမ်း (Khai Kam) အား တွေ့ဆုံဆွေးနွေး စေခဲ့သည်။ စီယန်းအကြီး အကဲသည် ၎င်းကိုယ်တိုင်မသွားပဲ သူရဲကောင်း(၄)ဦး စေလွတ်၍ တွေ့ဆုံစေခဲ့ သည်။ ၁၈၈၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ကလေး ဘုန်းကြီးကျောင်း၌ နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ကြသည်။ DC အနေဖြင့် စော်ဘွားမော်ငပါကြီးအား ကလေးအုပ်ချုပ်ရေးမှူး (Governor of Kale)အဖြစ် အသိအမှတ်ြုပကြောင်း ၎င်း သည် ဗြိတိသျှအစိုးရအား သစ္စာခံသူဖြစ်ရာ Kam Hau, Sizaang ကိုယ်စားလှယ်များက နောက်နောင်တွင် ဆက်လက် မတိုက်ခိုက်ရန် အကယ်၍ တိုက်ခိုက်ပါက ဗြိတိသျှအစိုးရအား ရန်ြုပသည်ဟု သဘောထားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ဒီစီထံ မအပ်နှင်းပါက အကြီးအကဲများ၏ တာဝန် သာ ဖြစ်ကြောင်း၊ လွတ်ပေးလျှင်လည်း လျော်ကြေးပေးရ မည်ဖြစ်ကြောင်း၊ အခုျပ်အားဖြင့်ဆိုလျှင် ကလေးနယ်ကို ဆက်လက်မတိုက် တော့ရန်နှင့် ကျွန်များမဖမ်းဆီး တော့ရန် သတိပေးပြီး အခုလက်ဝယ်ပိုင်ဆိုင်ထားသော ကျွန်များကိုမူ စော်ဘွားအား တရားဝင်အသိအမှတ်မြုပမှီ ဖမ်းဆီးထား သူများ ဖြစ်သဖြင့် ဆက်လက်ထား ရှိနိုင်ကြောင်း၊ စစ်တကောင်း နှင့် ကလေးကြား ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ထားလိုကြောင်း နှင့် လေသာ တောင်ကြောကို စူးစမ်းလေ့လာလို ကြောင်း တင်ပြခဲ့ သည်။ ချင်းပိုင်နက်အတွင်း လှုပ်ရှားသွားလာ သည့်အခါ အနှောင့်အယှက် မပေးရန်နှင့် လမ်းပြနှင့် ကူလီများပေးရန် တောင်းဆိုသည်။ ချင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Tun Suang က ပြန် လည်တုံ့ပြန်ပြောကြားရာတွင် ကျနော်တို့အနေဖြင့် ကလေး အုပ်ချုပ်ရေးမှူးနှင့် မိတ်ဖက်ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ စစ်တ ကောင်းလမ်းကြောင်းသည် Zomi (ဇို မျိုးနွယ်စု) ပိုင်နက်မဖြတ်သန်းပဲ Laimi ပိုင်နက်သာ ဖြတ်သန်းမည်ဖြစ်သဖြင့် Laimi (လိုင် မျိုးနွယ်စု) အကြီးအကဲများနှင့်သာ ဆွေးနွေး သင့်ကြောင်း၊ ၎င်းအနေဖြင့် Sizaang နယ်မြေအား ဗြိတိသျှအစိုးရက လာရောက်စူးစမ်းခြင်းကို ကန့်ကွက် ကြောင်း၊ လေသာတောင်ကြောကိုမူ သွားရောက်ခွင့်ပြုနိုင်ကြောင်း၊ အကယ်၍ လာရောက်ခဲ့လျှင် Sizaang အကြီးအကဲ များကို ကြိုတင်အသိပေးသင့်ကြောင်း၊ အကြောင်းမှာ ကလေးသူငယ်များနှင့် မိန်းမများ လန့်ဖြန့်နိုင် သောကြောင့် ဖြစ်သည် ဟုပြန်လည် တင်ပြခဲ့သည်။ ဆွေးနွေးပွဲ ထမြောက်အောင်မြင်ခဲ့ သည်။ နောက်တဖန် ကလေးမြို့မှ အင်းဒင်သို့ သွားရောက်ပြီး Tlaisun Democritic Council အဖွဲ့ဝင်က Pu Con Bikု အား ဖိတ်ခေါ်ခဲ့သည်။ ၁၈၈၈ ခုနှစ်၊ ဇနဝါရီလ (၃)ရက်နေ့၌ Con Bik သည် အင်းဒင်ရွာသို့ မသွားပဲ နယ်စပ်ရွာ Sihaun အထိ သွားရောက်တွေ့ဆုံသည်။ ဆွေးနွေးသည့် အကြောင်းအရာ များမှာ Governor of Kale အသိအမှတ်ြုပခြင်း၊ ကလေး ဒေသအား Sizaang တို့က တိုက်ခိုက်ခြင်း၊ စစ်တကောင်း- ကလေးကုန်သွယ်ရေး လမ်းကြောင်းသည် ချင်းပြည်အရှေ့ဘက် (Shan) Kale နှင့် ချင်းပြည်အနောက်ဘက်ခြမ်း စစ်တကောင်း အကြား ကုန်သွယ်ရေးလမ်းမဖွင့်ရန်နှင့် ပဏာမအဆင့်အနေဖြင့် Tlaisun တောင်တန်းဒေသကို စူး စမ်းလေ့လာခွင့်ပြု ရေးတို့ ပါဝင်သည်။ Con Bik အနေဖြင့် ဗြိတိသျှအစိုးရက ၎င်းနယ်မြေသိမ်းပိုက် မည်ကို သတိမထားခဲ့ပေ။ ထို့ကြောင့် ၎င်းကိစ္စအား အခြား ကောင်စီဝင်များနှင့် ဆွေးနွေးညှိနှိုင်းချိန်ပေးရန် တောင်းဆိုခဲ့ သည်။ အစည်းအဝေးပြီးဆုံး သည့်အခါ Major Macgregor (အစည်းအဝေးတက်ရောက်သူ)က ၎င်းတို့ကို လိုက်ပို့ပေးသော Gurkha လုံခြုံရေးတပ် များကို သေနတ်ဖောက်ခြိမ်းခြောက် စေခဲ့သည်။ Tlaisun တို့အနေဖြင့် ဗြိတသျှအစိုးရလက်သို့ မအပ်နှံလျှင် ဤသို့ကြုံရဖွယ်ရှိကြေင်း ပြသလိုက်ခြင်းပင်ဖြစ် သည်။ ဤကိစ္စသည် Con Bik အား အလွန်စိတ် ပျက်စေခဲ့ သည်။ ဗြိတိသျှတို့ကမူ ချင်းတော်လှန်ရေးအဖွဲ့အား မြူဆွယ်နိုင် လိမ့်မည်ဟု ယုံကြည် ယူဆကြသည်။ ဤအစည်းအဝေးအပြီး Captain Raike သည် Gan Kaw Valley သို့ ခရီးဆက်သည်။ Haka နှင့် Zokhua (Lai Tribes) အကြီးအကဲနှင့်တွေ့ဆုံရန် ရည်ရွယ်ခဲ့သော်လည်း Captain Egre နှင့် တွေ့ဆုံပြီး ကြောင်း သိရှိသဖြင့် စစ်ကြောင်းပြန်ခေါက်သွားသည်။ Captain Egre သည် Haka, Zokhua အကြီးအကဲ များနှင့် တွေ့ဆုံဆွေးနွေးရန် ဆက်သား(၃)ဦး စေလွတ်ခဲ့သော်လည်း ၎င်းတို့အနက် (၂)ဦး အသတ်ခံပြီး Zokhua အကြီးအကဲ အမြှောင်မယား (ဗမာမ)၏ သား Shwe Hlaing သည် သူ့မိခင်၏ ကူညီဖေးမမှုဖြင့် လွတ်မြောက်ပြီး ရခိုင်တောင်တန်းဒေသ သို့ ထွက်ပြေးလွတ် မြောက်စေခဲ့သည်။ ဤအဖြစ်အပျက်သည် Haka & Zokhua ၊ အင်္ဂလိပ် ဆက်ဆံရေးကို မည်သို့မျှ မထိခိုက်ခဲ့ပေ။ Lai tribes တွင် တန်ခိုးဩဇာကြီးမားသော Hakha Bawi က ယောနယ်ကို တိုက်ခိုက်ပြီး (၈)ဦး ကို သတ်ဖြတ်ကာ (၄၈)ဦးအား ကျွန်အဖြစ် ဖမ်းဆီးခဲ့သည်။ ဗိုလ်ကြီး Raikes နှင့် Sizaang အကြီးအကဲ Khai Kam တို့အကြား စေ့စပ်ဆွေးနွေးခဲ့သော်လည်း Khai Kam က ကလေးရှိ Shan လူမျိုးကို တိုက်ခိုက် ခဲ့ပြန်သည်။ တဦးကိုသတ်ပြီး (၄)ဦးကို ကျွန်အဖြစ် ဖမ်းဆီးခဲ့သည်။ ၁၈၈၈ ခုနှစ် အစောပိုင်းကာလက Tlaisun တို့အနေဖြင့် ကလေးလွင်ပြင်ကို နှစ်ကြိမ်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလအတွင်း Tlaisun က တကြိမ်၊ Sizaang ကငါးကြိမ်၊ Kam Hau ကတကြိမ် တိုက် ခိုက်ပြီး (၁၂) ရက်အတွင်း ချင်းလူမျိုးက ရှမ်းလူမိုျး(၁၁၂)ဦးကို ကျွန်အဖြစ် ဖမ်းဆီးပြီး (၁၂)ဦး သတ်ဖြတ်သည်။ (၁၄)ဦး ဒဏ်ရာရစေခဲ့သည်။ ဤသို့ဖြင့် ခမ်းပတ်မြို့ကို တိုက် ခိုက်ဖျက် ဆီးနိုင်ခဲ့ပြီး ကလေးမြို့ရှိ လူနေအိမ် (၃၇)အိမ် မီးလောင်ပြာကျ စေခဲ့သည်။ အခြေအနေပိုမိုဆိုးရွားစေသော အချက်တချက်မှာ ချင်းတွင်း၊ မြင်းခြံ၊ ပုဂံခရိုင်များတွင် ဗြိတိသျှအစိုးရ ကို ၁၈၈၇ ခုနှစ်အတွင်း ပုန်ကန်ထကြွသူ ရွေချိုးဖြူမင်းသားအား Tlaisun အကြီးအကဲ များထံ ခိုလှုံခွင့်ပေးခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ဗြိတိသျှအစိုး ရက Tlaisun အကြီးအကဲထံ ရွေချိုးဖြူမင်းသားနှင့် အပေါင်းပါ တို့ကို အပ်နှံရန်နှင့် Sizaang အကြီးအကဲ Khai Kam ထံ ၎င်းဖမ်းဆီးထားသေား စစ်သုံ့ပန်းများ ပြန်လည်လွတ် ပေးရန် ရာဇသံပေးခဲ့သည်။ ၎င်းရာဇသံကို ချင်းခေါင်းဆောင်များအနေဖြင့် ပြတ်ပြတ်သား သား ငြင်းဆန်ခဲ့ကြသည်။ ကလေး-က ဘော်နှင့် ဂန့်ဂေါနယ်ကို ထပ်မံသိမ်းပိုက်ရန် ပြင်ဆင်ကြသည်။ ၎င်းတို့သတိမမူမိသည့် အချက်တခုမှာ အင်အား ကြီးမားသော ဗြိတိသျှတပ်တွေ ဝိုင်းရံထားပြီး မကြာမီကာလအတွင်း လာရောက်ကျူးကျော် တိုက်ခိုက်လာ မည့် အရေးဖြစ်သည်။ ၎င်းတို့အခေါ် White Chief များအား လွယ်လင့်တကူ တွန်းလှန်နိုင်မည်ဟု ယူဆကြ သည်။ ထို့အပြင် ဗမာမင်းများ နန်းစွန့်သည့် အချိန်ကစပြီး ဗမာမင်း သားတပါး ၎င်းတို့လက်အောက်၌ ခိုလှုံနေ သည်က တကြောင်း၊ ချင်းလူမျိုးများအနေဖြင့် ထိုအချိန်ကာလသည် လက်နက် အင်အားအတော်အတန် ပိုင်ဆိုင် လာကြပြီး ဖြစ်သဖြင့် ၁၃ ရာစုအစောပိုင်းကာလက ရှမ်းတို့သိမ်းပိုက်ခဲ့သော ကလေး ကဘော်နှင့် ဂန့်ဂေါဒေသ တခုလုံးကို ရှမ်းလူမျိုးများလက်မှ ပြန်လည်ရယူနိုင်မည့်အချိန်အခါကောင်းဟု ယူဆခဲ့ကြသည်က တကြောင်းတို့ကြောင့် ချင်း လူမျိုးများအနေဖြင့် နိုင်ငံရေး အံတုယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ကလေးက ဘော်ဒေသမှ ရှမ်းလူမျိုးများ အတွက် မြေပြန့်ဗမာလူမျိုး၏ အကာအကွယ်ရယူသည့် အခြေအနေထိ ဆိုက် ရောက် စေခဲ့ သည်။ အစမူလက ဗြိတိသျှအစိုးရသည် နယ်မြေသစ်အကာအကွယ် ပေးရေးပေါ်လစီချမှတ်ပြီး ကလေး-ကဘော်နှင့် ယောဒေသများ ကို အကာအကွယ်ပေးရုံသာ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ သည်။ Carry ၏ မှတ်ချက်အရ Unprofitable, barren hills ကို ဗြိတိသျှအစိုးရက သိမ်းပိုက်ရန် စိတ်မကူးခဲ့ပေ။ သို့သော် Sizaang ချင်းတွေက မြေပြန့်မှ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထိုနည်းတူ Sukte တွေကလည်း ကဘော်လွင်ပြင်ကို တိုက်ခိုက်ခြင်း၊ Tlaisun တွေက ကလေးလွင်ပြင်တိုက်ခိုက်ခြင်း၊ Hakha နှင့် Zokhua တို့က ဂန့်ဂေါလွင်ပြင် တိုက်ခိုက်ခြင်းတို့သည် ဗြိတိသျှအစိုးရအား ချင်းပြည်ကို သိမ်းပိုက် ရန် အကြောင်းဖန် လာစေခဲ့ သည်။ ဗြိတိသျှ – ချင်း ကျူးကျော်စစ် အင်္ဂလိပ်တို့သည် ချင်းလဲန်ကို တတိယအကြိမ် ကျူးကျော်စစ်ဆင်နွဲပြီးမှ သိမ်းပိုက်နိုင်ခဲ့သည်။ ပထမ ကျူး ကျော်စစ်ကို ၁၈၇၁ ခုနှစ်မှ စတင်ခဲ့ပြီးဒုတိယကျူးကျော်စစ်ကို ၁၈၈၈ ခုနှစ်မှ စတင်ဆင်နွဲခဲ့ပြန်သည်။ တတိယ ကျူးကျော်စစ်ကို ၁၈၈၉ ခုနှစ်မှ စတင်ဆင်နွဲခဲ့ပြန်ရာ ၁၈၉၆ ခုနှစ်တွင် ချင်းတောင်အများစုကို သိမ်းပိုက်ပြီး ၎င်းဒေသကို ချင်းတောင်တန်းအက်ဥပဒေဖြင့် ပြဋ္ဌာန်းအုပ်ချုပ်ခဲ့သည်။ ၁၈၉၄ က ဝင်ရောက်မ စွက်ဖက်ရေး မူဖြင့် ချမှတ်ချန်လှပ်ထား သော ဒေသများကို ၁၉၂၀၊ မေမြို့ဗြိတိသျှအုပ် ချုပ်ရေးမှူးများ အစည်း အဝေးက ဖျက်သိမ်းပြီး ၎င်းချန်လှပ်ထား သော ဒေသများအား ၁၉၂၇ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ခဲ့ သည်။ ပထမကျူးကျော်စစ်၊ ကချာနယ်အတွင် ဗြိတိသျှနိုင်ငံသား Winchester သည် ချင်းပိုင်နက်နယ်မြေအတွင်း လက်ဖက်စိုက် ပျိုးရန် နယ်မြေကျူးကျော်လာသဖြင့် Pu Beng Khuai ဦးဆောင်သော ချင်းသူရဲ ကောင်းများက မောင်းထုတ် တိုက်ခိုက် ကာ Winchester အား အသေသတ်ပြီး သူ့သမီး Merry Winchester ကို အရှင်ဖမ်း ဆီးခဲ့ကြ သည်။ ဤသို့ဖြင့် ၁၈၇၁-၇၂ ခုနှစ်အတွင်း Brigadier General G.Boucher GB သည် ကချာစစ်ကြောင်း ကို ဦးဆောင်၍လည်းကောင်း၊ General Brown Low CB. Captain Lewin တို့သည် စစ်တကောင်းစစ် ကြောင်းကို ဦးဆောင်၍လည်းကောင်း ချင်းတောင်ကို ကျူးကျော်လာရာမှ အင်္ဂလိပ်-ချင်း ပထမစစ်စတင်ဖြစ် ပွားလာခဲ့ သည်။ ၎င်းကျူးကျော်စစ်တွင် ဗြိတိသျှဖက်မှ လက်နက်အပြည့်အစုံ အင်အား (၅၀၀) ပါဝင်ခဲ့သည်။ ၁၈၈၂ ခုနှစ်နောက်ပိုင်း တိုက်ပွဲများတွင် အင်အား (၂၅၀-၃၀၀) ခန့်ကို ပူးဟွတ်ဆဒ်အာက ဦးဆောင်ပြီး စစ်တကောင်း တောင်တန်းရှိ ဗြိတိသျှပိုင်ရွာတရွာကို တိုက်ခိုက်ခဲ့ ရာ ရွာသား (၂၉)ဦး သေဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာ ရရှိခဲ့သည်။ (၉၂)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။ ဒုတိယကျူးကျော်စစ်၊ ဒုတိယစစ်ပွဲကိုမူ အင်္ဂလိပ်တပ်မှူး Major General White VC နှင့် Virgadier General Farnce ကက်ပ္ပတိန်ရိုက်တို့ ဦးဆောင်ပြီး ၁၈၈၈ ခုနှစ်၌ စတင်ဖြစ်ပွားခဲ့သည်။ ဗြိတိသျှဖက်မှ ကြည်းတပ်အင် အား အမှတ်(၄၂) ဂေါ်ရခါးတပ်၊ အာဆမ်တပ်ဖွဲ့ နှင့် ပန်ချာပီ စစ်ပုလိပ်များ ပူးပေါင်းပါဝင်ကြသည်။ ချင်းလူမျိုး များဖက်မှ Pu Con Bik, Pu Khai Kam နှင့် အခြားတောင် ပိုင်း ချင်းခေါင်းဆောင်များဦးဆောင်ပြီး ကလေး၊ ကဘော်ချိုင့်ဝှမ်း ကို လာရောက်ကျူးကျော်သူ တိုင်းတပါးသားမျးအား ခုခံတိုက် ခိုက်ခဲ့ကြသည်။ ဗြိတိသျှစစ် တပ်မှ Surgeon Major Lee Queens အား ဗြိတိသျှအစိုးရက အဆင့်အမြင့်ဆုံး Victoria Cross (VC) ဘွဲ့ အပ်နှင်းခံရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့ သည်။ တတိယကျူးကျော်စစ်၊ တတိယကျူးကျော်စစ်ကိုမူ ၁၈၈၉ ခုနှစ်အတွင်း ဗြိတိသျှအစိုးရ သည် ချင်းတောင်အား အတည်တကျ အုပ်ချုပ်ရန် ပေါ်လစီ ချမှတ်ပြီးနောက်ပိုင်း L.t Stewart ဦးဆောင်သော ဗြိတိသျှ တပ်ဖွဲ့အား စစ်တကောင်း တောင်တန်းနှင့် ဟားခါးအကြား ကုန်သွယ်လမ်းကြောင်းရှာဖွေရန် စေလွတ်လာရာမှ အစြုပခဲ့ သည်။ ချင်း-လူရှေ စစ်ကြောင်းကို ၁၈၈၉ မှ စစ်ကြောင်းသုံး ကြောင်းခွဲ၍ ကျူးကျော်စစ် စတင်ခဲ့သည်။ ချင်းသူရဲကောင်းများကလည်း ရွတ်ရွတ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှတပ်မှ အရှေ့ဘက်စစ် မျက်နှာကို General W.P Symons က စစ်ကြောင်း(၂)ကြောင်းခွဲ၍ ချီတက်တိုက်ခိုက်သည်။ အရှေ့ ဖက်စစ်မျက်နှာ မြောက်ဘက်စစ် ကြောင်း ဖို့ဝှိုက်စစ်ကြောင်းကို Col. Skene က ဦးဆောင်ပြီး အင်အား ၁၆၂၂ ပါဝင်သည်။ တောင်ပိုင်းစစ်ကြောင်း (ဂန့်ဂေါ)ကို General WP Symons ကိုယ်တိုင်ဦးဆောင်ပြီး အင်အား ၁၈၉၆ ပါဝင်ခဲ့သည်။ ထို့ပြင် ကလေးနှင့် ယောချိုင့်ဝှမ်းဒေသကို ဘင်္ဂလားခြေလျင်တပ်ရင်း (၁၀)(၃၃)(၃၈) တို့နှင့် မဒရပ်ခြေလျင် ထောက်ပို့တပ်ရင်း(၂) တို့ပါဝင်သည်။ ဘင်္ဂလားစစ်မျက်နှာ၊ စစ်တကောင်းစစ်ကြောင်းမှ General VW Tregear ဦးဆောင်သော အင်အား (၃၃၈၀)ပါဝင်သည်။ ၎င်းတို့သည် ရာမ်ကာမာတီ၊ လုံလေ၊ ဟားခါး လမ်းကြောင်းမှ ချီတက်တိုက် ခိုက်ခဲ့သည်။ ၎င်းစစ်ကြောင်းကို ချင်းခေါင်းဆောင် Pu Jahuata နှင့် Pu Hausata (Lungtian) တို့က ဦးဆောင်ပြီး ခုခံတိုက် ခိုက်ခဲ့သည်။ ထို့ပြင် ထန်ယန်းတိုက်ပွဲအတွင်း ချင်းခေါင်းဆောင် လာလ်လွဲ (ဇဟွတ်အား၏ ညီ)က ပြင်းထန်စွာ ပြန်လည်ခုံခံ တိုက်ခိုက်ခဲ့ရာ ဗြိတိသျှတပ်ခွဲမှူး ဗိုလ်စတီးဝပ် ကျဆုံး ခဲ့သည်။ စစ်တကောင်းစစ်ကြောင်းမှ ကပ္ပတိန် Rundall နှင့် ဂန့်ဂေါစစ် ကြောင်းသည် ၁၈၉၀ ခုနှစ်၊ ဖေော်ဝါရီလ (၂၆)ရက်နေ့တွင် တွေ့ဆုံသည်။ အာသံစစ်မျက်နှာ၊ ကချစစ်ကြောင်းကို Col. GJ Skinner ကဦးဆောင်ပြီး အင်အား (၇၀၀) ပါဝင်သည်။ ကချာစစ်ကြောင်း စစ်ကူအဖြစ် စစ်ပုလိပ်တပ်ဖွဲ့အား (WW Daly) ဦးဆောင်ပြီး ကူလီများ၊ ပန်ချာပီအင်အား (၂၅၁၁)၊ မဏိပူရီအင်အား (၇၈၂)၊ လားတပ် (၂၁၉၆)နှင့် ဆင်တပ်(၇၁) ပါဝင်သည်။ ချင်း-လူရှေထိုးစစ်ကာလအတွင်း တဖက်တွင်လည်း အေဒီ ၁၃ ရာစုခန့်က ရှမ်းလူမိုျးများသိမ်းပိုက် ထားသော ချင်းတွင်းချိုင့်ဝှမ်း အတွင်း နေထိုင်ကြသော ချင်းဘုတ်များသည်လည်း ဗြိတိသျှတို့ ကို ခုခံတိုက်ခိုက်ခဲ့ ကြရာ ၁၈၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် လက်နက်ချခဲ့ကြသည်။ ၁၈၉၂ ခုနှစ်အတွင်း ရာမ်အုပ်မင်း အုပ် ချုပ်သော Tlaisun (ဖလမ်း)၊ ဟားခါးနှင့် လူရှေဒေသများသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ သည်။ ဆိုင်းယန်၊ စုတ်တဲ၊ ကမ်ဟောင်စသည့် ဇိုမျိုးနွယ်စုများ၊ လိုင်မျိုးနွယ်စုထဲမှ ထန်တလန်၊ ဆူရ်ခွါ၊ ဆပ်သား၊ လေသဒ် ဒေသများသည် လက်နက်ချရန် ငြင်းဆန်ခဲ့ကြသည်။ ချိုးမျိုးနွယ်စု များဖြစ်ကြသည့် မတူ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ခူမီးဒေသများ သည် ဗြိတိသျှတို့က ဝင်ရောက်စွက်ဖက်ခြင်း မပြုသေးပေ။ ဤသို့ဖြင့် ၁၈၉၅-၉၆ ခုနှစ် ကျရောက်သောအခါ ဗြိတိသျှက ချင်းပိုင်နက်နယ်မြေအများစုကို သိမ်းပိုက် လိုက်သည်။ သိမ်းပိုက် ပြီးသောနယ်မြေများကို ၁၈၉၆ခုနှစ် ချင်းတောင်တန်း အက်ဥ ပဒေဖြင့် စတင်အုပ်ချုပ် ခဲ့သည်။ ၎င်းဥပဒေဖြင့်ပင် ချင်းပြည် တောင်ပိုင်းဒေသမှ မသိမ်းသွင်းရသေးသော နယ်မြေတချို့ တွင်းရှိ ကျေး ရွာများ ကိုမြေလှန်စံနစ်ဖြင်မီးရှို့ဖျက်ဆီးကာ ၁၉၂၇ ခုနှစ် နောက်ပိုင်းမှာသာ သိမ်းပိုက် အုပ်ချုပ် နိုင်ခဲ့ သည်။ မသိမ်းသွင်းရသေးသော ဒေသများကို အပြီးအပိုင်သိမ်းပိုက်ခြင်း ဗြိတိသျှအစိုးရက ပခုက္ကူချင်းတောင်တန်းနယ်၏ အနောက်ဘက် နှင့် အနောက်မြောက်ဘက်ရှိ ချင်း တောင်ဒေ သများကို ၁၉၃၀ အထိ မသိမ်းသွင်းရသေးသောနယ်မြေများဟု သတ်မှတ်ခဲ့သည်။ ၎င်းနယ်နှင့် နယ်နိ မိတ်ချင်း ထိစပ်နေသော အုပ်ချုပ်ပြီး ချင်း တောင်ဒေသများမှ ဗြိတိသျှအရာရှိများဖြစ်သည့် ရခိုင်တောင် တန်းနယ် အရေးပိုင်၊ ချင်းတောင်တန်းဒေသအရေးပိုင်၊ လူရှေနယ် နယ်ပိုင်များထံသို့ ဗြိတိသျှအစိုးရက ၁၈၉၄ တွင် ညွန်ကြားချက် များ ထုတ်ပြန်ခဲ့သည်။ ၎င်းညွန်ကြားချက်တွင် ၁၈၉၄ မှစတင်၍ ဗြိတိသျှအရာရှိများသည် အဆိုပါ မသိမ်းသွင်းရသေး သောနယ် သို့ နယ်လှည့်ခရီးထွက်ခြင်း၊ ဖြတ်သန်းသွားလာခြင်းကို ရှောင် ကျဉ်ရ မည် ဟု တားမြစ်လျက် မသိမ်းသွင်းရသေးသော ချင်း တောင် အား မစွက်ဖက်ရေးမူကို ချမှတ်ခဲ့သည်။ ၎င်းဒေ သ များအား ဤသို့ မသိမ်းသွင်းရသေးသော ဒေသများအဖြစ် သတ်မှတ်ခြင်းမှာ ဤနယ်မြေသည် မဖွံ့ဖြိုးသေး သည့် နယ်မြေ များဖြစ်ခြင်းကြောင့် လမ်းခရီး၊ အဆက်အသွယ် ကောင်းမွန်စေရန် အစိုးရအနေဖြင့် ပြုလုပ်ပေး ရမည်။ ဤနယ်မြေများကို အုပ်ချုပ်ရန်အရာရှိများ ခန့်ထား ရေးအတွက် ငွေကုန်ကြေးကျခံရမည်။ ဒေသဆိုင်ရာ အခက်အခဲ များနှင့် ဆက်သွယ်မှု ခဲယဉ်းခြင်းများကြောင့် ဌာနေတိုင်းရင်း သားတို့မှာ ဗြိတိသျှတို့ အမြင်တွင် အလွန်ပင်ခေတ်နောက်ကျ နေ၍ ၎င်းတို့ကို ပညာပေး ရမည့်တာဝန်မှာ အစိုးရတွင်ပိုလာ မည်။ သိမ်းသွင်းရမည့်နယ်မြေများမှာ လူဦးရေ အနေကျဲခြင်း၊ မဖွံ့ဖြိုးသေးခြင်းတို့ကြောင့် ကုန်ကျမည့်စရိတ်နှင့် ရရှိမည့် အကျိုးအမြတ် ကာမိလိမ့်မည်မဟုတ်။ တဖက်တွင် လည်း ဤဒေသ နေ တိုင်းရင်းသားတို့သည် ရှေးဆန်၍ ခေတ်နောက်ကျသူများ ဖြစ်ခြင်းတို့ကြောင့် အစိုး ၏အကျိုးစီးပွားကို လာရောက် မထိပါးသမျှ ကာလပတ်လုံး ငွေကုန်လူပမ်းခံ၍ ၎င်းဒေသများကို သိမ်းသွင်းအုပ်ချုပ်ရန် မကြိုးစားသင့်ဟု ဗြိတိသျှ အစိုးရက ယူဆထား သည်။ မသိမ်းသွင်းရသေးသော ချင်းတောင်ဒေသများနှင့် ပခုက္ကူ ချင်း တောင်တန်းနယ်တို့၏ နယ်နိမိတ် အပိုင်း အခြားမှာ အနောက် ဘက်တွင် ကန်ပက်လက်မြို့ အနောက်ဘက် (၁၂) မိုင်အကွာတွင် တည်ရှိသော ဝိတိုရိယ တောင် ထိပ်အထိဖြစ် ၍အနောက် မြောက်ဘက်တွင် မင်းတပ်မှအ နောက်ဖက်မိုင် (၂၀) အကွာတွင် တည်ရှိ သော ဟီလောင်း (Hilawng) ရွာအထိဖြစ်သည်။ ဗြိတိသျှအစိုးရက ၁၉၁၁ တွင် ကောက်ယူသော သန်း ကောင်စာ ရင်းအရ မသိမ်းသွင်းရသေးသော ချင်းတောင်ဒေသတွင် ရွာပေါင်း (၃၈)ရွာ၊ အိမ်ခြေပေါင်း (၁၉၀၀) နှင့် လူဦးရေ (၉၁၂၃)ဦး ရှိသည်။ ဗြိတိသျှအုပ်ချုပ်ရေး မတည်ထောင်ရသေးသော ချင်းတောင် ဒေသမှာ ပြင်ပဒေသနှင့် အဆက်အသွယ် ပြုလုပ်ခြင်း နည်းပါး၍ ရှေးထုံးတမ်းဓလေ့ဖြစ်သည့် လက်စားချေစနစ်နှင့် ကျွန်ဖမ်းစနစ် ကိုပြုလုပ်နေဆဲပင် ဖြစ်သည်။ ကျေးရွာအချင်းချင်း ရန်မူလျှက် မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိခြင်း၊ ဤဒေသတွင် ဗြိတိသျှ အုပ်ချုပ်ရေး မရောက်သေးခြင်းကို အခွင့်ကောင်းယူကာ လူဆိုးဝရမ်းပြေးများ သွားရောက်ခိုလှုံနေတတ်ခြင်း၊ နယ်နိမိတ် ချင်း ထိစပ်နေသော အုပ်ချုပ်ရေးအခြေချပြီး ကျေးရွာတချို့ကိုပင် ရံဖန်ရံခါ ဝင်ရောက်တတ်ခြင်း များကို တွေ့ရှိရသည်။ ဤဒေသနှင့် နယ်နမိတ်ထိစပ်နေသည့် အုပ်ချုပ်ရေးအခြေချပြီး ချင်းတောင် ဒေသများကို လက်တွေ့ အုပ်ခုျပ်ရသူ ဗြိတိသျှအရာရှိများကမူ အထက်ဖော်ပြပါ အကြောင်းများကို ထောက်ရှုလျက် ၎င်းနယ် အား ထိုကဲ့သို့လက်လွှတ် ထားခြင်းကို မကြေနပ်ခဲ့ကြပေ။ ရခိုင်တောင်တန်းအရေးပိုင်၊ ချင်းတောင်တန်းနယ်ပိုင်၊ လူရှေနယ် နယ်ပိုင်တို့က ၁၉၀၈ နှစ်ပြီးပိုင်းတွင် အဆိုပါမသိမ်းသွင်းရသေး သော နယ်မြေများကို သိမ်းပိုက်ပြီး အုပ်ချုပ်ရေးအခြေချသင်ကြောင်း ရခိုင်တိုင်းမင်းကြီးထံ တင်ပြခဲ့ကြသည်။ ၎င်းကိစ္စကို ရခိုင်တိုင်းမင်းကြီးက ယင်းဗြိ တိသျှအရာရှိသုံးဦး၏ တင်ပြ တောင်းဆိုချက်များကို ပူးတွဲဖော်ပြလျှက် မြန်မာနိုင်ငံ ဘုရင်ခံ၏ အတွင်းဝန်ချုပ် ထံသို့၁၉၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တွင် စာအမှတ် ရ၄၄-၇-ပီ-၅ ဖြင့် ထပ်ဆင့် တင်ပြခဲ့သည်။ သို့သော် ဘုရင်ခံ၏ အတွင်းဝန်ချုပ်ကမူ ထိုဒေသများကို သိမ်းသွင်းရန် မတိုက်တွန်းဘဲနေမြဲ အခြေအနေအတိုင်းသာ ထားရှိ ရန်ဆုံဖြတ်ခဲ့ သည်။ စရိတ်အကုန်အကျအနည်းဆုံးနှင့် စစ်အင် အားကို အသုံး မပြုဘဲ အလွယ် တကူသိမ်းယူနိုင် သည့်အချိန်၊ ဒေသခံ တိုင်းရင်းသားများကိုယ်တိုင် ဗြိတိသျှအုပ်ချုပ် ရေးကို လိုလားလာသည့် အချိန်ကျမှသာလျှင် ငြိမ်းချမ်းစွာ သိမ်းယူ အုပ်ချုပ်ရန် ညွန်ကြားထားခဲ့သည်။ ထိုကဲ့သို့ ဗြိတိသျှအရာရှိ များက မသိမ်းသွင်းရသေးသော ချင်းတောင် ဒေသတွင် အုပ်ချုပ်ရေး အခြေချရန် တင်ပြလာ သည်။ ၁၉၁၈တွင် အိန္ဒိယနိုင်ငံ၌ မော်လီမင်းတို့ပြုပြင်ပြောင်းလဲရေး ဥပဒေကို ပြဋ္ဌာန်းရန်အတွက် ဘုရင်ခံချုပ်၏ အစိုးရအဖွဲ့က လုံးပမ်းနေချိန်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုစဉ်ကအိန္ဒိယ ဘုရင်ခံ ချုပ်၏လက်အောက်ခံပြည် နယ်တခုအဆင့်တွင်သာ ရှိနေသေး ခြင်းကြောင့် ယင်းဥပဒေသည် မြန်မာနိုင်ငံနှင့်လည်း အကြုံးဝင်ခဲ့သည်။ မြန်မာနိုင်ငံ၌လည်း မောလီမင်တိုဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေချိန်၌ မသိမ်းသွင်း ရသေး သော ချင်း တောင်ဒေသတွင် အုပ်ချုပ်ရေးအခြေချရန် ဒေသဆိုင်ရာ အရာရှိများ၏ တင်ပြလာချက်ကို မြန်မာနိုင်ငံ ဘုရင်္ငခံ၏ အစိုးရ အဖွဲ့က လတ်တလောအားဖြင့် စိတ်ဝင်စားခဲ့ ဟန်မတူပေ။ မြန်မာနိုင်ငံရှိ ကချင်၊ ရှမ်း၊ ကယား အစရှိသည့် အခြားသော တောင်တန်းဒေသများတွင်မူ ချင်းတောင် အချို့ဒေသများကဲ့သို့ ဗြိတိသျှအစိုးရက အုပ်ချုပ်ရေးမထူထောင်ဘဲ ကြာမြင့်စွား လှစ်လျူရှုထားခဲ့သည့်နယ်များ မရှိပေ။ ယင်းသို့ လှစ်လျူရှုခြင်း မှာ ချင်းတောင်ဒေသများစွာတွင် ဗြိတိသျှတို့ မက်မောသော သယံ ဇာတ ပစ္စည်း များ ကင်းမဲ့ခြင်းနှင့် ယင်းဒေသများသည် ဗြိတိသျှ အင်ပါယာကို ရန်မူနိုင်သည့် တစိမ်းနိုင်ငံများနှင့် အိန္ဒိယနိုင်ငံနှင့် သာ နယ်နိမိတ်ချင်း ဆက်စပ်နေသောကြောင့် နယ်နိမိတ်ထိစပ် နေသဖြင့် စိုးရိမ်ဖွယ်မရှိခြင်း စသော အကြောင်း များကြောင့် ဖြစ်သည်။ ချင်းတောင်ဒေသမှာမူ ဗြိတိသျှကိုလိုနီဖြစ်သည့် အိန္ဒိယနိုင်ငံနှင့်သာ နယ်နိမိတ်ချင်းဆက် စပ်နေသောကြောင့် နယ်နိမိတ်ပြဿနာနှင့် ငြင်ပနိုင်ငံတခုခုက မအုပ်ချုပ်ရသေးသော ချင်းတောင်ဒေသအချို့အား ဝင်ရောက်စွက်ဖက်မည့် အန္တရာယ် မရှိပေ။ ထိုကဲ့သို့ အနှောက်အယှက် မစိုးရိမ်ရဘဲ စိတ်ချစွာ လှစ်လျူရှု ထားနိုင်ခြင်း အကြောင်းများကြောင့် ဗြိတိသျှအစိုးရ သည် ပခုက္ကူချင်းတောင်တန်းနယ်၏ အနောက်ဘက်ဒေသ ကို ၁၉၂၉ အထိ သိမ်းသွင်းအုပ်ချုပ်ခြင်း မြုပခဲ့ပေ။ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်အတွင်း မသိမ်းသွင်းရသေးသော ချင်းတောင်ဒေသများအရေးကို အရေးတယူ စဉ်းစားဆောင် ရွက်နိုင်ခြင်းမရှိသဖြင့် ခေတ္တဆိုင်းငံ့ထားခဲ့ သည်။ ပထမကမ္ဘာစစ် ကြီး ပြီးဆုံးသည့်နောက်တွင် ဒေသဆိုင်ရာအရာရှိများက မသိမ်းသွင်းရသေးသည့် ချင်းတောင်ဒေသများအကြောင်းကို အာဏာပိုင်များထံ ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။ အုပ်ချုပ်ရေးအခြေချပြီး ကျေးရွာများကို ၎င်းနယ်မှ လူအချို့လာရောက်တိုက် ခိုက်ကာ သုံ့ပန်းများ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျွန်ပြုခိုင်းစေခြင်း၊ ဗြိတိသျှအရာရှိများအတွက် ခေါ်ဆောင် သွား ပြီး ကျွန်ခိုင်းစေခြင်း၊ ဗြိတိသျှအရာရှိများအတွက် ရိက္ခာနှင့် ချောစာပို့ပေးသည့် လုပ်ငန်းတို့ကို နှောက်ယှက်နေ ခြင်း၊ လူဆိုးဝါရမ်းပြေးများ သွားရောက်ခိုလှုံနေတတ်ခြင်း စသည်များကို အကြောင်းပြကာ ၎င်းနယ်ကို ထိရောက်စွာ သိမ်းသွင်းအုပ်ချုပ်ခွင့်ရရန် ဗြိတိသျှအာဏာပိုင်များထံ တင်ပြခဲ့ကြပြန်သည်။ ဗြိတိ သျှနိုင် ငံရေးအာဏာပိုင်ဖြစ် သည့် ဘုရင်ခံဆရယ်ဂျီနယ်ကရက်ဒေါက်သည် ၁၉၂၀ မေလ ပထမပတ်တွင် ထိပ်တန်းအရာရှိကြီးများနှင့် မေမြို့၌ ဆွေးနွေးကာ မသိမ်းသွင်းရသေးသည့် နယ်မြေများအပေါ် လုံးဝမစွက် ဖက်ရေးမူကို ပြင်ဆင်ခဲ့သည်။ ၎င်းပြင်ဆင် ချက်အရ ယခင် ၁၈၉၄ တွင် ထုတ်ပြန်ထားခဲ့သည့် အမိန့်ဖြစ်သော မသိမ်းသွင်းရသေးသော နယ်မြေများအတွင်း သို့ ဗြိတိသျှအရာရှိများ လုံးဝဖြတ်သန်း သွားလာခြင်း မပြုရဟူ သည့် အမိန့်ကို ဖြတ်သိမ်းကာ နှစ်နှစ်လျှင် တကြိမ် ၎င်းဒေသအတွင်းသို့ ခရီးထွက်ရန်ဟူ၍ ပြင်ဆင်ခဲ့သည်။ ထိုသို့ခရီးထွက်ရာတွင် (၁) စစ်ပုလိပ် (၅၀) ခေါ်ဆောင်သွားရန်၊ ကြည်ဖြူစွာလက်ခံမည့် ကျေးရွာကိုသာ ဝင်ရောက်လျှက် ခုခံမည့် ကျေး ရွာများကို ရှောင်ရှားရန်၊ (၂) အကြမ်းဖက်သည့် စနစ်ကို တတ်နိုင်သမျှရှောင်ရှားရန်၊ (၃) ၎င်းဒေသအတွင်း ခရီးလှည့်ရာတွင် အခွန်ကောက်ခံခြင်း၊ ကျေးရွာလူကြီးခန့်ထားခြင်း၊ တရားစီရင် ရေးမှတ် ခြင်း တို့ကို မြုပရန်၊ သို့သော် ကျေးရွာလူကြီး များကိုယ် တိုင်က အမှုအခင်းများကို စီရင်ပေးရန် တောင်းဆို လာခဲ့ လျှင် မငြင်းဆန်ရန်၊ အခွန်အကောက်များ ပေးသွင်းလာ လျှင်လည်း မငြင်းဆန်ရန်၊ (၄) အချိန်ကာလကြာမြင့်သည်ကို ပဓာနမထားရန်၊ ဗြိတိသျှ အုပ်ချုပ်ပုံ ရောက်ရှိလာခြင်းကြောင့် ခံစားရမည့် အကျိုးကျေးဇူးတို့ကို ဟောပြောဆောင်ရွက်ရန်၊ (၅) သိမ်းသွင်းပြီးစ ကာလတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးတို့ကို တင်းကြပ်စွာ မ ဆောင် ရွက်ရန်၊ (၆) သေနတ်ကို အလွန်မြတ်နိုးသည့် လူမျိုးဖြစ်သဖြင့် သေနတ် တွေ့လျှင် အတင်းမသိမ်းရန်၊ သေနတ်ရှိ သူတို့၏ အမည်စာရင်းပြုလုပ်၍ လိုင်စင်ထုတ်ပေးရန်ဟူ၍ ယင်းဒေသသို့နယ် လှည့်ခရီးထွက်မည့် ဗြိတိသျှအ ရာရှိ များအား ညွန်ကြား ခဲ့သည်။ ဘုရင်ခံသဘာပတိအဖြစ်ဆောင်ရွက်သော အစည်းအဝေးပွဲတရပ်ကို ၁၉၂၈ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်တွင် ရန်ကုန်မြို့၌ ခေါ်ယူကျင်းပရာ မကွေး တိုင်းမင်းကြီး၊ ရခိုင်တိုင်း မင်းကြီး၊ ချင်းတောင်တန်းနယ်အရေးပိုင်၊ ရခိုင်တောင်တန်းနယ် အရေးပိုင်နှင့် ပခုက္ကူတောင်တန်းနယ် တောင်တန်းဝန် အီးတီဒီ ဂေါ်ဒွိုင်တို့ တက် ရောက်ခဲ့ကြသည်။ ၎င်းစည်းဝေးပွဲတွင် ပခုက္ကူ ချင်းတောင်တန်းနယ်၏ လက်ရှိအရေးအခင်းများနှင့် မသိမ်း သွင်းရ သေးသော ချင်းတောင်တန်းနယ်တို့အကြောင်းကို လည်း ထည့် သွင်းဆွေးနွေးခဲ့ကြသည်။ ၎င်းစည်း ဝေးပွဲမှ မသိမ်း သွင်းရသေးသော ချင်းတောင်တန်းနယ်တွင် အုပ်ချုပ်ရေး စတင်အခြေချရန်၊ ယင်းနယ် ၏ ဒေသအချို့ကို ရခိုင်နယ် နှင့် ပခုက္ကူချင်းတောင်တန်းနယ်များမှ ခွဲဝေ အုပ်ချုပ်ရန်၊ ပခုက္ကူ ချင်း တောင်တန်း နယ်ကို မကွေးတိုင်းမင်းကြီး၏ တိုက် ရိုက်အုပ် ချုပ်ခြင်းမှ ခွဲထုတ်လျှက် ဖလမ်းခရိုင်၊ ချင်းတောင်တန်းနယ် အုပ် ချုပ်ရေးတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုကဲ့သို့ခွဲဝေခြင်းဖြင့် ရခိုင်နယ်တွင် ဝင်သွားမည့် ချင်းအမျိုး သားတို့အား ၁၈၉၆ ချင်း တောင် တန်းများဥပဒေဖြင့် အုပ်ချုပ်ရေး၊ ချင်း တောင်ရှိ ချင်းတိုင်းရင်း သားများနှင့် ရခိုင်နယ်တွင် ပါဝင်သွားမည့် ချင်းအမျိုးသားတို့အား တပြေညီ အခွန်များ ကောက်ခံရေးစသော ကိစ္စရပ်များကို ဆောင်ရွက်ရန် ရှိနေ သေးသဖြင့် မသိမ်းသွင်းရ သေးသော ချင်းတောင်တန်းနယ်ကို ၁၉၂၉-၃၀ တွင်သာ သိမ်း သွင်းအုပ်ချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

  1. ချင်းအမျိုးသားတပ်ဦး၏ အခြေခံစစ်ပညာသင်တန်းသင်ရိုးမှ ကောက်နှုတ်ချက်
  2. ချင်းအမျိုးသားတပ်ဦးမှ ထုတ်ဝေသည့် ၂၀၀၀ ခုနှစ်ထုတ် အမှတ်စဉ် ၈ ချင်းအမျိုးသားဂျာနယ် We are the Chin Article
  3. In Joyful celebration of golden anniversary of Chin National Day by Rev. Dr. Chum awi, 70
  4. Religion and Politics among the Chin People in Burma (1896-1949) by Dr L.H Sakhong 2000
  5. No.8 Chin National Journal “ We are The Chin”, 26
  6. Central-CLCC Annual Magazine (2005-2006) by Prof, Dr. Aye Aye Ngun, 26
  7. No,8 Chin National Journal “We are the Chin” by Ye bawpi Chit (ba-ho-tha-nah choh), 27
  8. No.8 Chin National Journal “We are the Chin” by Ye bawpi chit (ba-ho-tha-nah choh), 25
  9. Central-CLCC Annual Magazine (2005-2006) by prof, Dr. Aye Aye Ngun
  10. No.8 Chin National Journal “we are the Chin” by Ye bawpi Chit ( ba-ho-tha-nah choh), 26
  11. Mizo chanchin, by B.Lal Thang Liana
  12. Religion and Politics among the Chin People in Burma (1896-1949) by Dr L.H Sakhong 2000
  13. Zo History by Dr Vom Son
  14. Luce, G H 1889-1979 phase of pre-pagan Burma, 90
  15. ချင်းလဲန်ဖွဲ့စည်းအခြေခံဥပဒေမှုကြမ်း (၄) ၅
  16. The Matu tribe history and culture, By Ram Ngai, 2
  17. ကျင်ဒွေးဘမောင်၊ ၁၉၀၀-၃၀ အတွင်း အုပ်ချုပ်ရေး အခြေအနေ