ချင်းအမျိုးသားတပ်ဦး

လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း

ချင်းအမျိုးသားတပ်ဦး (အင်္ဂလိပ်: Chin National Front; အတိုကောက် CNF) သည် မြန်မာနိုင်ငံရှိ အတိုက်အခံအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ချင်းအမျိုးသား တပ်ဦး၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ချင်းအမျိုးသားတပ်မတော် (Chin National Army; CNA) သည် မြန်မာအစိုးရအား ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်ကတည်းက ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။[၁][၂]

ချင်းအမျိုးသားတပ်ဦး
အင်္ဂလိပ် အမည်Chin National Front
တည်ထောင်ခြင်း၂၀ မတ် ၁၉၈၈ (၂၀ မတ် ၁၉၈၈)
လက်နက်ကိုင် အဖွဲ့အစည်းချင်းအမျိုးသားတပ်မတော်
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
ချင်းအခွင့်အရေး
အရောင်အနီ၊ အဖြူနှင့် အပြာ
ဝက်ဘ်ဆိုဒ်
cnfhqr.org
ပါတီအလံ
Flag of the Chin National Front.svg

သမိုင်းကြောင်းပြင်ဆင်

ချင်းအမျိုးသား တပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မြန်မာနိုင်ငံတွင်း လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦးနှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ကိုးကားပြင်ဆင်