ချင်းအမျိုးသားအဖွဲ့ချုပ်
ချင်းအမျိုးသားအဖွဲ့ချုပ် (အင်္ဂလိပ်: Chin National Organizatoin) သည် မြန်မာနိုင်ငံရှိ ချင်းနိုင်ငံရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ပြည်သူလူထုအပေါ် ဖိနှိပ်အကြမ်းဖက်သော စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်များနှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သည်။[၁][၂] ချင်းအမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်တပ်ဖွဲ့မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force) ဖြစ်သည်။
ချင်းအမျိုးသားအဖွဲ့ချုပ် | |
---|---|
အင်္ဂလိပ် အမည် | Chin National Organization |
ပြောခွင့်ရပုဂ္ဂိုလ် | ဆလိုင်းဝီလီယမ်ချင်း |
တည်ထောင်ခြင်း | ၁၃ ဧပြီ ၂၀၂၁ |
လက်နက်ကိုင် အဖွဲ့အစည်း | ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ |
နိုင်ငံရေး သဘောတရား | ဖက်ဒရယ်ပြည်ထောင်စုစနစ် ချင်းအခွင့်အရေး |
ပါတီအလံ | |
ကိုးကား ပြင်ဆင်ရန်
- ↑ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းတော်လှန်ရေးအဖွဲ့သစ်ကြေညာ (in en) (22 ဧပြီ 2021)။ ၁၁ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ (in my)။ ၁၁ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ ပြင်ဆင်ရန်
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ချင်းအမျိုးသားအဖွဲ့ချုပ်
ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |