ချစ်စပယ် (၁၉၄၂-) သည် မြန်မာလူမျိုး တေးသံရှင်နှင့် သရုပ်ဆောင် ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၀၄ ခု နတ်တော်လဆုတ် ၅ ရက် သောကြာနေ့ (၁၉၄၂ ခု ဒီဇင်ဘာ ၂၇ တနင်္ဂနွေ၊ နေ့နံမကိုက်) တွင် ဦးထွန်းစိန် ဒေါ်လှရွှေတို့မှ မြောင်းမြ၌ မွေးသည်။ [] မွေးချင်း ၁၁ ယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်း သန်းချစ် ဟူ၏။

အနုပညာခရီး

ပြင်ဆင်ရန်

၁၉၅၈ ခုတွင် မြိုင် သီချင်းကို မြတ်မွန်တံတျာ အဖွဲ့နှင့် အသံလွှင့်ကာ ဂီတနယ်သို့ ရောက်သည်။ ဂီတပညာဆရာများမှာ ကိုကျော့မှူးနှင့် စန္ဒယား နီနီတို့ ဖြစ်သည်။

ပြည်သူ့ရဲတပ်ဖွဲ့ ထောက်ပံ့ရေးဌာနတွင် အမှုထမ်းရာမှ ၁၉၆၄ ခုတွင် မြန်မာ့အသံသို့ ပြောင်းသည်။

ထင်ရှားသော တေးများ

ပြင်ဆင်ရန်
အမည် တေးရေး အသံလွှင့်နှစ် မှတ်ချက်
လူပျက်ကလေး မောင်ရွှေရိုး
ကျမချစ်သော သောတရှင်
ရွှေမင်းသမီး
မောင်အရင်လို မဟုတ်တော့ဘူး
ချစ်သူမုန်းသော မိန်းကလေး
ယုံနိုင်ဘူးရှင့် ယုံနိုင်ပါဘူး

မြတ် ဇာတ်ကားဖြင့် ရုပ်ရှင်နယ်တွင်လည်း ခြေချသည်။

ထင်ရှားသော ဇာတ်ကားများ

ပြင်ဆင်ရန်
အမည် ဒါရိုက်တာ ရုံတင်နှစ် မှတ်ချက်
မြတ်
မောင့်အချစ်တော်
ကျိန်စေချင် ကျိန်ပါ့မယ်
မိုးသက်ဆင်
  1. ဝန်ဇင်း (၁၉၇၅) "ဂီတအဘိဓာန်"