အလင်္ကာကျော်စွာ စန္ဒရား ချစ်ဆွေ (ဇွန် ၁၉၃၅-၂၀၀၅) သည် ရေး၊ ဆို၊ တီး စွယ်စုံရ မြန်မာ အနုပညာရှင် ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

တေးရေးတေးဆို ဂီတပညာရှင် စန္ဒရား ချစ်ဆွေကို ၁၂၉၇ ခု နယုန်လ (၁၉၃၅ ဇွန်)နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့၌ အဖ စန္ဒရားဆရာ ဦးဘလှိုင်၊ အမိ ဒေါ်ကျင်စိန်တို့မှ မွေးဖွားခဲ့သည်။[၁] မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ စန္ဒရား ချစ်ဆွေကို မွေးဖွားသည့်ညက ဟင်္သာတမြို့ရှိ ရှရာဖ်ရုပ်ရှင်ရုံ (နောင်တွင် ထွန်းလင်း စီနီမာရုံ)တွင် အေဝမ်းဖလင်မှ မြခွာညို အသံတိတ် ရုပ်ရှင်ဇာတ်ကားပြသနေချိန်နှင့် ကြုံကြိုက်၍ ယင်းဇာတ်ကားမှ အဓိကဇာတ်ကောင် မင်းသား ရဲခေါင်ချစ်ဆွေ (ချစ်ရွှေ)ကို အမှတ်အသားပြုကာ ထိုရုံတွင် တီးဝိုင်းခေါင်းဆောင်ဖြစ်သော ဖခင်ဦးဘလှိုင်က သားကြီးဩရသကို ချစ်ဆွေဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ [၂]

အနုပညာခရီး ပြင်ဆင်ရန်

စန္ဒရားတီးကို ဖခင်ထံမှ သင်ယူခဲ့ပြီး ၁၉၄၉ ခုတွင် ရန်ကုန်ရောက်လာသည်။ အသံတိတ်ရုပ်ရှင်၌ တီးနည်းကို စန္ဒရား ညွန့်လှိုင်၊ စစ်ကိုင်းလှရွှေတို့ထံမှ သင်သည်။ စန္ဒရားချစ်ဆွေ၏ ဂီတဆရာများမှာ ဖခင် ဦးဘလှိုင်၊ ဟင်္သတမြို့ ငွေတိုက်ဝန်ထောက် ဦးစု၊ စောင်းနှင့် စန္ဒရားဆရာကြီး ဦးထွန်းဖေတို့ ဖြစ်သည်။ စန္ဒရားချစ်ဆွေသည် ၁၀-နှစ်သားအရွယ်တွင် ဖခင်နှင့်အတူလိုက်ပြီး ရုပ်ရှင်ရုံတွင် စန္ဒရားတီးခတ်သည်။ ၁၉၄၉-ခုနှစ် အသက် ၁၄-နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုတွင် မစ္စတာဘင်ဟုတ်နှင့် ခတ္တရာအေးတို့ထံတွင် ဂီတအနုပညာကို ဆည်းပူးသည်။

ထို့နောက် စန္ဒရားချစ်ဆွေသည် ပြဇာတ်ခေတ် ဝင်းဝင်းရုံတွင် ဂီတပညာရှင် ရွှေပြည်အေး၏ ကွတ်ကဲမှုအောက်ဝယ် စန္ဒရားကို ပထမဆုံးဝင်ရောက် တီးခတ်သည်။ ဆက်၍ စန္ဒရားဆရာ ဂီတာညွန့်ခေါ် ဦးဘညွန့်နှင့် စန္ဒရား စစ်ကိုင်းလှရွှေထံတွင် ရုပ်ရှင်နှင့် ပတ်သက်သော ဂီတအနုပညာရပ်များကို ဆည်းပူးသည်။ ဤသို့နှင့် စန္ဒရားချစ်ဆွေသည် သွင်၊ ဘုရင့်ရုံ၊ ရာဇ် (ရဲရင့်)၊ ရီဂျင့် (ရှေ့ဆောင်)၊ ဂျမား၊ လွင်လွင်၊ မော် ရုပ်ရှင်ရုံများတွင် လိုက်လံ၍ စန္ဒရားတီးခတ်ခဲ့သည်။ ဤတွင် ဥဩဘသောင်၊ သထုံဘသိန်း၊ ပဲရော့ဘသန်းလေး၊ ကိုသန်းဖေ၊ ကိုစောလှိုင်၊ တေးလုလင်ရဲနောင်၊ ကိုသန်းတင်၊ ကိုနီ၊ စိန်ပါတီ၊ ဟင်္သာကြည်၊ ဒေါ်နု၊ ဒဂုန်ခင်၊ ခင်ခင်ညွန့်၊ ရွှေမြိုင်ကြည် စသည့် ဂီတအနုပညာရှင်များနှင့် တွဲဖက်လုပ်ကိုင်ခဲ့၍ ဂီတပညာရပ်များကို လေ့လာသင်ကြားခွင့် ရခဲ့သည်။


ချိုတေးရှင်၊ လေလှိုင်းသံ၊ တေးဗိမာန် တူရိယာအဖွဲ့များတွင် စန္ဒရားတီးသည်။

ရေးသား သီဆိုခဲ့သော သီချင်းများ ပြင်ဆင်ရန်

ခေါင်းစဉ် တေးရေး တေးဆို မှတ်ချက်
အင်းယား အမှာတော်ပုံ [၃] ကိုမြတ်လေး စန္ဒရား ချစ်ဆွေ
မောင့်အချစ်မြှား စန္ဒရား ချစ်ဆွေ မာမာအေး
ခက်ခက်ကိုမှ လိုချင်တယ် ကိုလေးညွန့် စန္ဒရား ချစ်ဆွေ
ချစ်ရက်ကယ်နှောင်း စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
စိတ်တိုင်းကျဖြစ်ရစေမယ်
ချစ်အား ငယ်ရသူမယ် စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
ချောကလျာ ပြည်သိမ်းဆွေ စန္ဒရား ချစ်ဆွေ
ချစ်သူ ဝေးဝေး မသွားပါနဲ့လား စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
မေတ္တာအသဲလေးများ စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
မေတ္တာနုနု စေလိုသူ စန္ဒရားချစ်ဆွေ ထား
မေတ္တာနုနု စေလာရင် စန္ဒရားချစ်ဆွေ
မုန်းဆက်ဆက် မရွယ် စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ၊ထား
မုန်းစိတ်မရည်ရွယ် ခင်ယုမေ

စန္ဒယား ချစ်ဆွေ

ချစ်ရင်လဲ ပြုံးပါကွယ် စန္ဒရား ချစ်ဆွေ နွဲ့လေး
ကြယ်ပွင့်ကလေးများ မချစ်ဝံ့ပြီ စန္ဒရား ချစ်ဆွေ ပျဉ်းမနား ကိုမြင့်
ချစ်သံသယစိတ် ဝင်မိတယ် စန္ဒရား ချစ်ဆွေ ကိုတင်လှိုင်
တစ်ကမ္ဘာခြားလဲ ချစ်နေမယ် တစ်ယောက်တည်း စန္ဒရား ချစ်ဆွေ ကိုမင်းနောင်
ဗေဒါရဲ့ ဗေဒါလမ်း စန္ဒရား ချစ်ဆွေ ကြည်ကြည်ဌေး
သဇင်နှစ်ခက်ပြိုင်
မွှေးလွန်းသည့် ပန်း ဘိုကလေး တင့်အောင် စန္ဒရား ချစ်ဆွေ
သံသရာခရီးသည် စန္ဒရား ချစ်ဆွေ အောင်လင်း
မေ့ကွက်ကို ရှာ စန္ဒရား ချစ်ဆွေ မာမာအေး
ချစ်အရိပ် စန္ဒရား ချစ်ဆွေ
ခင့ညွှန့်ရည်
အမုန်းခွန်အား ပေးသနားပါ
မောင်ဆွေနွယ်
တချစ်ရှာရှာ
မေတ္တာစေကျွန် စန္ဒရား လှထွတ် စန္ဒရား ချစ်ဆွေ
တိမ်တမန် စန္ဒရား လှထွဋ် စန္ဒရားချစ်ဆွေ
မိုး အလင်ကာကျော်စွာရွှေပြည်အေး
ခရေပင်အောက်က ပိတောက်ချစ်သူ ပျဉ်းမနားမြင့်လှိုင် စန္ဒရား ချစ်ဆွေ
အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက် မယ် အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော စန္ဒရား ချစ်ဆွေ
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ စန္ဒရား ချစ်ဆွေ မာမာအေး
ပုံပမာ စန္ဒရား ချစ်ဆွေ
ချစ်လိုလျက်နဲ့ ဝေး စန္ဒရား လှထွတ် စန္ဒရား ချစ်ဆွေ
ချစ်ရသည်က အသက်ထက်ဆုံး ကိုသန်းလှိုင် စန္ဒရား ချစ်ဆွေ
တူတူညီညီ ရီရီပြုံးပြုံး စန္ဒရား ချစ်ဆွေ အေးလွင်အောင်၊နှင်းရီသန့်
စိန်ပန်းပြာနဲ့ ဝေးသူရယ် စန္ဒရား ချစ်ဆွေ ကိုတင်လှိုင်
ဒီမွေးနေ့မင်္ဂလာ
ငြင်းပယ်မှာပဲ စိုးမိတယ် ကိုမြတ်လင်း စန္ဒရား ချစ်ဆွေ
ပြန်လည်ဆုံစည်းကြမယ် အချစ်ရယ် အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော စန္ဒရား ချစ်ဆွေ
မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ ဂီတာဖေဝင်း စန္ဒရား ချစ်ဆွေ
အိပ်မပျော်သော ညများ စန္ဒရား လှထွတ် စန္ဒရား ချစ်ဆွေ
ပိတောက်လမ်း စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
ချစ်သူတို့ဘဝ စန္ဒရားကိုလေးလှိုင် စန္ဒရားချစ်ဆွေ
အိုဘယ့်ဌက်ငယ်ချစ်ဧည့်သည် စန္ဒရား ချစ်ဆွေ လက်ပံတန်း သန်းတင်
နံ့သာမြိုင်ကချစ်ဧည့်သည် အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော စန္ဒရား ချစ်ဆွေ
တိတ်တခိုးမေတ္တာ စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ

္|

ဆောင်း စန္ဒရား ချစ်ဆွေ မာမာအေး
ရေလိုအေးတဲ့

ေနွလေးတစ်နွေ

မောင်ဆွေနွယ် စန္ဒရား ချစ်ဆွေ
မနက်ဖြန်မှဆက်၍ငိုမယ် စန္ဒရားချစ်ဆွေ မာမာအေး?
ချစ်ရေးခက်ခက် ကိုလေးညွန့် စန္ဒရား ချစ်ဆွေ
မင်းမျက်လုံးအိမ်ထဲမှာကိုယ့်အရိပ် အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော စန္ဒရား ချစ်ဆွေ
ဆောင်ဘုရင်မလေးနှင်း ကိုလေးညွန့် စန္ဒရား ချစ်ဆွေ
ချစ်သူ့ဝိညာဥ် ချုိတေးဆက် ကိုအောင်ကိုး စန္ဒရား ချစ်ဆွေ
မေ့အချစ်မစစ်လို့လား စန္ဒရား ချစ်ဆွေ
ဟေမာန်နှင်းကြွေ မှာတမ်းစေ စန္ဒရား ချစ်ဆွေ ထား
ကြင်နာသူနှင့် ထျှောက်ပါမည် စန္ဒရား ချစ်ဆွေ ကိုတင်ကိုး၊တငိတင်မြ
ပန်းတံတားလေးဝယ် ဂီတစာဆို စိန်မောင်မြင့် စန္ဒရား ချစ်ဆွေ+

အေဝမ်းတင်တင်လှ

ယောကျ္ားတွေကိုမမုန်းမိသေးပါ စန္ဒရားချစ်ဆွေ မာမာအေး
သည်နွေ မိုးဆောင်းပြောင်းသော်လည်း စန္ဒရား မြဦး စန္ဒရား ချစ်ဆွေ
တစ်ကမ္ဘာမခြားသေးပါဘူး ကိုမြတ်လင်း စန္ဒရား ချစ်ဆွေ
မေတ္တာမွန်ဖြင့်အောင်နိုင်သူ မောင်လွမ်းပြေ စန္ဒရား ချစ်ဆွေ
လှယမင်းနှင့်တွေ့ဆုံခြင်း ရွှေဖြူးလွင်သစ္စာ စန္ဒရား ချစ်ဆွေ
ချစ်သောသူတစ်ယောက် ဦးကျော့မှူး စန္ဒရား ချစ်ဆွေ

ကိုးကား ပြင်ဆင်ရန်

  1. ဝန်ဇင်း (၁၉၇၅) "ဂီတအဘိဓာန်"
  2. (၂၀၀၆)စွယ်စုံကျမ်းနှစ်ချုပ်၊ စာ-၁၈၀
  3. မောင်ခင်မင် (ဓနုဖြူ)။ "အင်းယား အမှာတော်ပုံနှင့်အတူ"။ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း။ အတွဲ ၂၂၊ အမှတ် ၆။ ၂၀၀၈၊ ဇွန်။