ကိုချစ် သည် မန္တလေးမြို့မှ စာရေးဆရာတစ်ဦးဖြစ်သည်။ ၁၉၅၃-ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အဖ ဦးသောင်း၊ အမိ ဒေါ်ခင်မေတို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးမြင့်သိန်း ဖြစ်သည်။ ၁၉၅၉-ခုနှစ်မှ စ၍ ဘီဘီအမ်(ယခု အထက-၁၃)ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၁၉၇၁-ခုတွင် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိခဲ့ကာ သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၇၇-ခု၊ မန္တလေးတက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် သရုပ်ပြဆရာ၊ ၁၉၈၈-ခုနှစ်တွင် မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး လက်ထောက် ကထိကအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၈၇-ခုနှစ်၊ မတ်လထုတ် ကလျာမဂ္ဂဇင်း၌ ပါဝင်ခဲ့သော တံလှပ်တောအလယ်မှာဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ခြေချခဲ့သည်။ မန္တလေး၊ ဒေးဝန်းအနောက်ရပ် ၃၄-လမ်းနှင့် ၃၅-လမ်းကြား၊ လမ်း-၉၀နှင့် ၉၁-လမ်းကြားတွင် နေထိုင်လျက်ရှိသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. နေထွတ် ၏ မန္တလေးအဘိဓာန်(၁၉၉၉)