ချာချီ တင့်ကား

ခြေလျင်တပ် သံချပ်ကာကား အမျိုးအစား


ချာချီ တင့်ကား(Churchill tank) ဆိုသည်မှာ ကြီးမားလေးလံသော ကြည်းတပ်တင့်ကားတစ်စီးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့ကြသည်။ ၎င်းတို့၏ ကြီးမား‌ထူထဲသောသံချပ်ကာများ၊ သံခါးပတ်များစွာပါဝင်ပြီး ရှည်လျားကျယ်ပြန့်သော ကိုယ်ထည်၊ မတ်စောင့်သောနေရာများအား တက်ဆင်းနိုင်သောစွမ်းရည်နှင့် အခြားအထူးပြုလုပ်ထားသော စက်ယန္တယားယာဉ်များအားလုံး၏အခြေခံပုံစံဖြစ်ခြင်း စသည်တို့ကြောင့် ထင်ရှားသည်။ စစ်အတွင်းက မဟာမိတ်တပ်များ၏ အလေးလံဆုံး တင်ကားတစ်စင်းဖြစ်ခဲ့သည်။ မူလပထမ ဒီဇိုင်းသည် ပထမကမ္ဘာစစ်အတွင်းက ဥရောပတိုက်တွင် တိုက်ပွဲဝင်ခဲ့သည့်အခြေအနေများနှင့်ဆင်တူသည့် အခြေအနေတွင် တိုက်ပွဲဝင်နိုင်ရေးအတွက်မျှော်လင့်ထားပြီး ခက်ခဲကြမ်းတမ်းသော မြေပြင်အား ဖြတ်သန်းနိုင်သည့်စွမ်းရည်ရှိရေး အသားပေးသည့် ဒီဇိုင်းထုပ်လုပ်ရန်အတွက်ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် ဂျာမန်ထိုးစစ်များကို ခုခံရန်အတွက် ဗြိတိသျှခံစစ်အားတည်ဆောက်ရန်အလို့ငှာ ချာချီတင့်ကားများအား အရေးတကြီး တည်ဆောက်ခဲ့ကြသည်။ Churchill ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်ခင် ပထမဆုံးယာဉ်များတွင် အားနည်းချက်များရှိခဲ့သည်။ အမှားများအား ပြင်ဆင်တည်ဆောက်ပြီးသည့်နောက်တွင် ပိုမိုကောင်းမွန်သည့် သံချပ်ကာတပ်ထားသော Mark VII ကို စတင်အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် အဆင့်မြှင့်တင် တည်ဆောက်ရင်း စစ်ပွဲ၏ နောက်ပိုင်းအဆင့်များတွင် ကောင်းမွန်စွာတိုက်ပွဲဝင်နိုင်ခဲ့သည့် တင့်ကားမျိုးကွဲများစွာ တည်ဆောက်နိုင်ခဲ့လေသည်။

၇၅ မမ အမြောက်တပ်ဆင်ထားသည့် ချာချီ Mark IV တင့်ကား
ချာချီ Mk. VII တင့်အား၏ လမ်းလျောက်ဘီးနှင့်သံခါးပတ်အား အနီးကပ်မြင်တွေ့ရပုံ

ချာချီတင့်ကားများအား ဗြိတိသျှစစ်တပ်များနှင့် အခြား ဓနသဟာယ နိုင်ငံများ၏ စစ်တပ်များ၊ မြောက်အာဖရိက၊ အီတလီနှင့် အနောက်ဥရောပစစ်ပွဲများတွင် အသုံးပြုခဲ့ကြသည်။ ထပ်ပေါင်းအနေဖြင့် ဒုတိယကမ္ဘာစစ်အတွက်က ချာချီတင့်ကား ၃၄၄စီး ကို ဆိုဗီယက်ပြည်ထောင်စုသို့တင်ပို့ပေးခဲ့ရပြီး အစီး‌ရေ ၂၅၀ ကျော်အား ရှေ့တန်းစစ်မျက်နှာများတွင် အသုံးပြုခဲ့ကြလေသည်။

အမည်ပေးခြင်း ပြင်ဆင်ရန်

ပထမကမ္ဘာစစ်အတွင်းတွင် တင့်ကားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းပေးခဲ့သူ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီ၏အား ရည်စူး၍ ချာချီတင့်ဟုအမည်ပေးထားခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ချာချီက စစ်မြေပြင်ဗိုလ်ချုပ်မှူးကြီး ဂျန်စမန့်စ်အား ပြောကြားခဲ့သည်မှာ "မင်းတို့ ဒီတင့်ကားနာမည်ကို ငါ့နာမည်ပေးထားတယ်ဆိုတာ ဒီဟာကြီး လုံးဝမကောင်းဘူးဆိုတာ သိပြီးမှ ပေးတာမှတ်လား"ဟူ၍ ဖြစ်သည်။ ဗြိတိသျှစစ်တပ်၏ အမည်ပေးလုပ်ငန်းတွင် တိုက်စစ်ယာဉ်များ၏အမည်အား စီ စကားလုံးဖြင့် စတင်ပေးရမည့်အလှည့်ကျရောက်နေသည်နှင့်လည်း တိုက်ဆိုင်နေသည့်အချိန်လည်းဖြစ်သည်။

ဗမာပြည် နှင့် အိန္ဒိယ ပြင်ဆင်ရန်

ချာချီတင့်တစ်စင်းအား ၁၉၄၅ခုနှစ် ဗမာ့စစ်မြေပြင်တွင် အစမ်းသုံးခဲ့ကြသည်။ တပ်မဟာ ၃ နဂါးအစောင့်တပ်မှ ၁၉၄၅ခုနှစ် ဧပြီလကုန်မှစတင်၍ တလခန့် အသုံးပြုခဲ့သည်။ ချာချီတင့်ကားအား တိုက်ပွဲအတွင်း အသုံးပြုရန် မဖြစ်နိုင်ကြောင်းသက်သေပြခဲ့သော်လည်း ချီးကပ်တိုက်ပွဲများတွင် ထိုစဉ်ကအသုံးပြုခဲ့သည့် M3 Lee နှင့်တူညီကြောင်းသက်သေပြခဲ့သည်။ အမှတ် ၂၅၄ အိန္ဒိယတင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံမှအိန္ဒိယသို့ပြန်လာပြီး ၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် အမ်မက်နဂါဂါသို့ရောက်ရှိလာသည်။ တပ်မဟာသည် ၁၉၄၅ခုနှစ် အောက်တိုဘာလတွင် စစ်ဆင်ရေးများ ပြန်လာရန် သစ်လွင်စွာ တပ်ဆင်ထားသည့် တပ်မဟာဖြစ်ရေး အကြံအစဉ်ဖြင့် Leeမှ ချာချီသို့ ချက်ချင်း ပြောင်းလဲအသုံးပြုခဲ့ကြသည်။ ထိုအချိန်ကဂျပန်ဆန့်ကျင်ရေးစစ်ပွဲသည်ဆက်လက်တည်ရှိလိမ့်မည်ဖြစ်ပြီး စစ်မြေပြင်သစ်မှာ မလေးကျွန်းဆွယ်ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ တင့်ကားအချို့အား ပို့ဆောင်ပေးခဲ့ပြီး အချို့အား သင်တန်းပေးခြင်းများပြုလုပ်ခဲ့သော်လည်း ဂျပန်နှင့်ဖြစ်ပွားသည့်စစ်ပွဲမှာ ပြီးဆုံးသွားခြင်းသည် ပြောင်းလဲခြင်းမပြီးဆုံးခဲ့ခြင်းကိုဆိုလိုသည်။

စက်တင်ဘာလကုန်တွင် ၂၅၄ အိန္ဒိယတင့်တပ်မဟာသည် ပြန်လည်ပြင်ဆင်ခဲ့ပြီး Ahmednagar မှ အဝေးနေရာသို့ တာဝန်ပေးခြင်းခံရသည်။ ယခင်ပေးပို့ထားသည့် ချာချီတင့်ကားအားလုံးအား ကာဒ်ကီရှိ Ordnanceသို့ ၁၉၄၅ခုနှစ် နိုဝင်ဘာလ-ဒီဇင်ဘာလအစောပိုင်းအတ္ငင်း ပြန်လာစေခဲ့သည်။ ပါဝင်သည့် တပ်ရင်း ၃ရင်းတွင် တတိယနဂါးအစောင့်တပ်များအား အမှတ် ၂၅၄ တပ်မဟာနှင့် ပူးပေါင်းစေ၍ ရှေ့တန်းသို့ ပို့ပြီး ဖေဖော်ဝါရီ ၂၈ ခုနှစ် ၁၉၄၆ ခုနှစ်တွင် အမှတ် ၁၄၉ တပ်ရင်းတော်ဝင်သံချပ်ကာတပ်နှင့် ၁၅၀ တပ်ရင်းတော်ဝင်သံချပ်ကာတပ်များအား အာမက်နဂါမှ ရုပ်သိမ်းစေခဲ့သည်။ တပ်သားအများစုအား ဗြိတိန်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး တပ်သားအချို့အား အခြားတပ်ရင်းများသို့ ပို့ဆောင်စေခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

ဒုတိယကမ္ဘာစစ်

တင့်ကား

ဥရောပတိုက်