ချီဆွန်းဂျွမ်

စင်ကာပူ နိုင်ငံရေးသမား

ချီဆွန်းဂျွမ် (၁၉၆၂ ခုနှစ် ဇူလိုင် ၂၀ မွေး) သည် စင်ကာပူနိုင်ငံရေးသမားနှင့် လက်ရှိ စင်ကာပူ ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ချီဆွန်းဂျွမ်
Chee Soon Juan
徐顺全
Chee in 2009
2nd စင်ကာပူ ဒီမိုကရက်တစ် ပါတီ၏ အထွေထွေအတွင်းရေးမှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
1993
ယခင်လူချမ်ဆီတုန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1962-07-20) ၂၀ ဇူလိုင်၊ ၁၉၆၂ (အသက် ၆၁)
 စင်ကာပူ
နိုင်ငံသား စင်ကာပူ
လူမျိုး စင်ကာပူ
နိုင်ငံရေးပါတီစင်ကာပူ ဒီမိုကရက်တစ် ပါတီ (1992–present)
ကြင်ဖော်(များ)ဟွမ် ချီမေး (လက်ထပ် 1992)
သားသမီးချီအန်လင်း(သမီး)
ချီအီလင်း (သမီး)
ချီရှောဟား (သား)
ဆွေမျိုးသားချင်းချီဆျောက်ချင်း (ညီမ)
နေထိုင်ရာစင်ကာပူနိုင်ငံ
ပညာရေးBSc (psychology)
PhD (neuropsychology)
မိခင်ကျောင်းအင်ဂလို-ချိုင်းနိစ် စကူးလ်
မန်းဖီး တက္ကသိုလ်၊ ပင်ဆယ်ဗေးနီးယား
ဂျော်ဂျီယာတက္ကသိုလ်
ကျွမ်းကျင်မှုနိုင်ငံရေးသမား ၊ လှုပ်ရှားတက်ကြွသူ
ဝက်ဘ်ဆိုဒ်yoursdp.org

ချီ သည် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) တွင် ကထိက တစ်ယောက် ဖြစ်ခဲ့ပြီး ၁၉၉၂ တွင် ချမ်ဆီတုန်း မှ သူ့အား အက်စ်ဒီပီသို့ ဝင်ရောက်ရန် သိမ်းသွင်းခဲ့သည်။ ချမ်ဆီတုန်း သည် ချီနှင့် အခြားပါတီခေါင်းဆောင်များနှင့် သဘောထားကွဲပြားမှု အချို့ရှိခဲ့ပြီးနောက် ပါတီမှ ထွက်ခွာခဲ့သော အခါ ချီ သည် အက်စ်ဒီပီ၏ အထွေထွေ အတွင်းရေးမှူးနေရာကို ဆက်ခံခဲ့သည်။ ချီ အထွေထွေ အတွင်းရေးမှူး အဖြစ် စတင်စဉ် အချိန်က စင်ကာပူ ပါလီမန် ၌ ပါတီမှ အမတ် ၃ ဦး ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် နေရာအားလုံးကို ရှုံးနိမ့်ခဲ့သည်။ ထိုအချိန်မှစ၍ အက်စ်ဒီပီမှ အမတ် တစ်ဦးမျှ ပါလီမန်သို့ အရွေးမခံခဲ့ရပေ။

ချီသည် သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ် အဖမ်းခံရပြီး ထောင်သွင်းအကျဉ်းချ ခံခဲ့ရသည်။​ အဓိကအားဖြင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက်မယူဘဲ​ တရားဟောခြင်း နှင့် အများပြည်သူရှေ့မှောက်တွင် ဆန္ဒ ပြခြင်းတို့ကြောင့် ဖြစ်သည်။ သူသည် စင်ကာပူ၏ အာဏာရ အစိုးရ ဖြစ်သော ပီအေပီ ပါတီ၏ ပါတီဝင်များ ကို ဝေဖန်မှုကြောင့် အသရေဖျက်မှုဖြင့် အကြိမ်ကြိမ် တရားစွဲ အပြစ်ပေးခြင်း ခံရသည်။ သူသည် စင်ကာပူ ၏ ယခင် ဝန်ကြီးချုပ်များ ဖြစ်ကြသော လီကွမ်းယူ နှင့် ဂိုချောက်တောင်တို့မှ တရားစွဲဆိုသော အမှုကို ရှုံးနိမ်၍ လျော်ကြေးမပေးနိုင်သဖြင့် ၂၀၀၆ ခုနှစ်တွင် လူမွဲစာရင်း ကြေညာခံရပြီး ပါလီမန် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ​တားမြစ်ခံရသည်။ ၂၀၁၂ စက်တင်ဘာ ၂၄ တွင် ချီသည် လီကွမ်းယူ နှင့် ဂိုချောက်တောင် တို့ကို ပေးရန် ငွေ စင်ကာပူ ဒေါ်လာ ၃၀,၀၀၀ ရရှိကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ လူမွဲစာရင်းကို ပယ်ဖျက်နိုင်ခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ခဲ့သည်။


အစောပိုင်း ဘဝ ပြင်ဆင်ရန်

ချီသည် ငယ်စဉ်ဘဝက စင်ကာပူနိုင်ငံ အင်ဂလို-ချိုင်းနိစ်ကျောင်း တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် သူသည် အမေရိကန်ပြည်ထောင်စု ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ မန်းဖီးတက္ကသိုလ်တွင် စိတ်ပညာ အဓိကဖြင့် ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိခဲ့သည်။ ၁၉၉၀တွင် ဂျော်ဂျီယာတက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိခဲ့သည်။