ချီတန် ဘာဂတ် (၁၉၇၄ ဧပြီ ၂၂ ဖွား) သည် အိန္ဒိယလူမျိုး ဇာတ်ညွှန်းရေးဆရာ၊ ရုပ်သံတင်ဆက်သူ၊ စိတ်ဓာတ်မြှင့် ဟောပြောသမား၊ သတင်းစာဆရာနှင့် စာရေးဆရာ ဖြစ်သည်။ လူလတ်တန်းစာ အိန္ဒိယလူငယ်များအကြောင်းကို ဇာတ်အိမ်တည်သည့် သူ၏ဝတ္ထုများမှာ လူကြိုက်များသည်။

Chetan Bhagat
မွေးဖွား (1974-04-22) ၂၂ ဧပြီ၊ ၁၉၇၄ (အသက် ၅၀)
နယူးဒေလီ၊ အိန္ဒိယ
ဘာသာစကားအင်္ဂလိပ်၊ ဟင်ဒီ
နိုင်ငံလူမျိုးIndian
ပညာရေးArmy Public School, Dhaula Kuan
Indian Institute of Technology, Delhi (B. Tech)
Indian Institute of Management, Ahmedabad (MBA)
ကာလ14 years
စာပေအမျိုးအစားErotica, romance, realistic fiction, non-fiction
ထင်ရှားသည့်လက်ရာများFive Point Someone, One Night @ the Call Center, 2 States: The Story of My Marriage, The 3 Mistakes of My Life, Revolution 2020, What Young India Wants, Half Girlfriend, One Indian Girl, The Girl in Room 105
အိမ်ထောင်ဖက်အနူရှာ ဘာဂတ်
သားသမီး

၂၀၀၈ ခု၊ မတ်လတွင် နယူးယောက်တိုင်း သတင်းစာ၌ အိန္ဒိယသမိုင်းတွင် အရောင်းရဆုံး အင်္ဂလိပ်ဘာသာသုံး စာရေးဆရာအဖြစ် ဖော်ပြခံရသည်။ ၂၀၁၀ ခု၏ တိုင်းမ် မဂ္ဂဇင်း၏ ကမ္ဘာ့ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်လည်း ပါခဲ့သည်။

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ချီတန်ကို ၁၉၇၄ ခု၊ ဧပြီလ ၂၂ ရက်တွင် နယူးဒေလီ၌ မွေးသည်။ ဖခင်မှာ စစ်မှုထမ်းဖြစ်ပြီး မိခင်မှာ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ထမ်း ဖြစ်သည်။ မွေးချင်းတစ်ယောက် ရှိပြီး ကီတန် (Ketan) မှာလည်း စာရေးဆရာ ဖြစ်လာသည်။

၁၉၉၅ ခုတွင် အိုင်အိုင်တီမှ စက်မှုဘာသာနှင့် ဘွဲ့ရပြီး စီးပွားစီမံဘွဲ့ကို အမီဒါဘတ်ရှိ စီမံခန့်ခွဲမှု တက္ကသိုလ်မှ ၁၉၉၇ ခုတွင် ရသည်။ ဂိုးမန်းဆာ့၌ အလုပ်ဝင်ရာ ဟောင်ကောင်၌ အမှုထမ်းရသည်။ ငါးမှတ်တန် ကို ဟောင်ကောင်၌နေစဉ် ရေးခြင်း ဖြစ်သည်။

၂၀၀၈ ခုတွင် ဒေါ်ချစ်ဘဏ် (Deutsche Bank) သို့ ပြောင်းကာ မွန်ဘိုင်းသို့ ပြန်လာသည်။

မိသားစုဘဝ ပြင်ဆင်ရန်

အမီဒါဘတ်၌ စီးပွားစီမံတက္ကသိုလ် တက်ရောက်စဉ် အနူရှာနှင့် ဆုံရာ ထိုအကြောင်းကို နှစ်မြေ နှစ်နယ် ဝတ္ထုအဖြစ် ပုံဖော်ခဲ့သည်။ အီရှန် (Ishaan) နှင့် ရှာရီအမ် (Shyam) အမည်ရှိ အမွှာ သားနှစ်ယောက် ရှိသည်။

ရေးသားသော စာအုပ်များ ပြင်ဆင်ရန်

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ငါးမှတ်တန် (Five Point Someone) ၂၀၀၄
ဖုန်းဖြေရုံမှာ တစ်ညတာ (One Night at Call Center) ၂၀၀၅
ဘဝထဲက အလွဲသုံးခု (The 3 Mistake of My Life) ၂၀၀၈
နှစ်မြေ နှစ်နယ် (2 States) ၂၀၀၉
၂၀၂၀ တော်လှန်ရေး (Revolution 2020) ၂၀၁၁
သမီးရည်းစား မကျတကျ (Half Girlfriend) ၂၀၁၄
အိန္ဒိယကောင်မလေးတစ်ယောက် (One Indian Girl) ၂၀၁၆
အခန်း (၁၀၅) က မိန်းကလေး (The Girl in Room 105) ၂၀၁၈

ကိုးကား ပြင်ဆင်ရန်