ချုခ် အပြည်ပြည်ဆိုင်ရာလေဆိပ်
ချုခ် အပြည်ပြည်ဆိုင်ရာလေဆိပ် (IATA: TKK, ICAO: PTKK)သည် မိုက်ခရိုနီးရှား ဖယ်ဒရယ်ပြည်ထောင်စုရှိ ချုခ်(ယခင် ထရပ်ခ်) ပြည်နယ်၏ အဓိကကျွန်းဖြစ်သည့် ဝယ်နယ်(ယခင် မိုအန်း)ပေါ်တွင် တည်ရှိသော လေဆိပ်တစ်ခုဖြစ်သည်။
ချုခ် အပြည်ပြည်ဆိုင်ရာလေဆိပ် | |
---|---|
အချက်အလက်များ | |
တည်နေရာ | ဝယ်နယ် |
သမိုင်းရာဇဝင်
ပြင်ဆင်ရန်ချုခ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၄၂ခုနှစ် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလအတွင်းတွင် ဂျပန်ဘုရင့်နိုင်ငံမှ ဦးစွာတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဂျပန်အခေါ် ဟာရူရှီးမားလေယာဉ်ကွင်း သို့မဟုတ် မိုအန်းလေယာဉ်ကွင်း အမှတ် ၁ ဟုသိထားကြသည်။ ကြီးမားသောလေယာဉ်ရုံ နှင့် လောင်စာဆီနှင့် ခဲယမ်းများ သိုလှောင်ရန် မြေအောက်သိုလှောင်ရုံတို့ အပါအဝင် အထောက်အပံ့အဆောက်အဦး ၈၀ ခန့်ရှိသော ၎င်းလေယာဉ်ကွင်းကို ထရပ်ခ် ရေတပ်ဌာနချုပ်မှ တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် ကင်းထောက်လေယာဉ်များ အသုံးပြုခဲ့သည်။ [၁] ၎င်းလေယာဉ်ကွင်းသည် ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၄ ရက်မှ ၁၉၄၅ ခုနှစ် ဇွန်လ ၂၇ ရက်အကြားတွင် အမေရိကန်ကြည်းတပ် လေကြောင်းတပ်ဖွဲ့၏ လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ [၂]
လေကြောင်းလိုင်းများနှင့် ခရီးစဉ်များ
ပြင်ဆင်ရန်ဒေသတွင်းရှိ ကျွန်းစုများကဲ့သို့ပင် စီးပွားဖြစ်လေကြောင်းဝန်ဆောင်မှုမှာ အကန့်အသတ်များစွာရှိသည်။
နှစ်ပေါင်းများစွာအတွင်း တစ်ခုတည်းသော ဝန်ဆောင်မှုမှာ ယူနိုက်တက် လေကြောင်းလိုင်း (ယခင် ကွန်တီနမ်တယ် မိုက်ခရိုနီးရှား) စီမံလည်ပတ်သည့် ဂူအမ် နှင့် ဟိုနိုလူလူအကြား တစ်ပတ်လျှင် သုံးကြိမ် အိုင်းလန်း ဟော့ပါ (တိုက်ရိုက်-ကျွန်းခုန်ဆွကောင်)လေယာဉ်ခရီးစဉ် နှင့် ဂူအမ်နှင့် ပွန်ပေအကြား အခြားသော အပတ်စဉ်လေယာဉ်ခရီးစဉ် တို့ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် နောင်ယူးလေကြောင်းလိုင်းသည် တစ်ပတ်လျှင်တစ်ကြိမ် ဝန်ဆောင်မှုကို ပြန်လည်စတင်ခဲ့သော်လည်း ၂၀၁၆ခုနှစ်တွင် အဆုံးသတ်သွားခဲ့သည်။
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
ကယ်ရိုလင်းကျွန်းစု လေကြောင်း | စဉ်းလုံးဌား ဖိုက်စ်, ဟုတ်ခ်, အိုနုန်, ပွန်ပေ, တာ, အူလ်သီ, အိုလီရိုင်, ယပ်ပ် |
ယူနိုက်တက် လေကြောင်းလိုင်း | ဂူအမ်, ဟိုနိုလူလူ, ကော့စ်စရိုင်း, ကွာဂျလိမ်း, မာဂျူရို, ပွန်ပေ |
ဖြစ်စဉ်များ နှင့် မတော်တဆမှုများ
ပြင်ဆင်ရန်- ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၈ရက် - နယူးဂီနီ လေကြောင်းခရီးစဉ် ၇၃၊ ဘိုးအင်း ၇၃၇-၈၀၀ သည် လေယာဉ်ပြေးလမ်းမကျန်ချိန် ဆင်းသက်မိသောကြောင့် (လေယာဉ်အရှိန်မသတ်နိုင်ဘဲ ပင်လယ်ထဲထိုးဆင်းကာ) ပင်လယ်သန္တာအိုင်ထဲတွင် အိပ်စက်အနားယူသွားခဲ့ရသည်။ ခရီးသည်တစ်ဦးသေဆုံးပြီး နောက်ပိုင်းတွင် ရေငုပ်သမားများက ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်ခရီးသည် ၃၅ ဦးနှင့် လေကြောင်းအမှုထမ်း ၁၁ ဦးမှာမူ ဒဏ်ရာပြင်းထန်စွာရခြင်းမှ လွတ်မြောက်ခဲ့သည်။ [၃] [၄] [၅]
ကိုးကား
ပြင်ဆင်ရန်- ↑ PacificWrecks.com။ Pacific Wrecks (in en)။ 2021-08-08 တွင် ပြန်စစ်ပြီး။
- ↑ PacificWrecks.com။ Pacific Wrecks (in en)။ 2021-08-08 တွင် ပြန်စစ်ပြီး။
- ↑ Indonesian man's body recovered from plane (in en-US) (2018-10-02)။ 2019-07-22 တွင် ပြန်စစ်ပြီး။
- ↑
You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist
- ↑ Accident: Niugini B738 at Chuuk on Sep 28th 2018, touched down in sea short of runway။ 28 September 2018 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
ပြင်ဆင်ရန်- Wikimedia Commons ရှိ ချုခ် အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့်ပတ်သက်သော မီဒီယာများ
- Chuuk (Truk) Visitors Center: Diver's Haven (Archive)
- AirNav.com: FAA information for PTKK
- CruisinAltitude.com's photo essay of TKK (Archive)
တမ်းပလိတ်:Airports in the Federated States of Micronesiaတမ်းပလိတ်:Airports in the Federated States of Micronesia