စုဠာလင်္ကရဏတက္ကသိုလ်
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အာရှဒေသတွင်း၌ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေသော ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်းတက္ကသိုလ် (ပါဠိ: စုဠာလင်္ကရဏ; အင်္ဂလိပ်: Chulalongkorn University)ကို ၁၉၁၇-ခုနှစ်မှာ တည်ထောင်ပြီး ထိုင်းနိုင်ငံတွင် ရှေးအကျဆုံးနှင့် ခေတ်သစ်ပညာရေးစနစ်မှာ ပထမဆုံး အဆင့်မြင့်ပညာ စတင်ဆည်းပူးရာနေရာ ဖြစ်သည်။
စုဠာလင်္ကရဏတက္ကသိုလ် | |
Chulalongkorn University | |
จุฬาลงกรณ์มหาวิทยาลัย
ကျုဠာလိုင်ကိုဂ်ဏ်မဟာဝိဒျာလျ |
|
Knowledge with Virtue | |
|
|
တည်ထောင်ခုနှစ် | ၁၉၁၇ |
ပါမောက္ခချုပ် | ပါမောက္ခ ပိရုမ် ကမလ်-ရတနကုလ်,အမ်.ဒီ. |
ဘွဲ့ကြို | ၂၄,၈၅၁ ယောက် |
ဘွဲ့လွန် | ၉,၄၅၈ ယောက် |
တည်နေရာ | ထိုင်းနိုင်ငံ ဘန်ကောက်မြို့ |
အထိမ်းအမှတ်အရောင် | ပန်း |
ဝဘ်ဆိုတ် | chula.ac.th |
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ ချူလာ (Chula) ဟု အတိုကောက်ခေါ်ဝေါ်လေ့ရှိကြသော ချူလာလောင်ကွန်းတက္ကသိုလ်သည် ၄၅၆-ဧက ကျယ်ဝန်းသည်။ မြက်ခင်းစိမ်းများ၊ မိုးမခပင်ကြီးများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် ခေတ်သစ်အဆောက်အအုံများရှိသော ထိုတက္ကသိုလ်ကြီးကို ၁၉၁၇-ခုနှစ်၌ ထိုင်းနိုင်ငံ၏ ဆဋ္ဌမမြောက် ရာမဘုရင် ဝဇိရာဝုဓက တည်ထောင်ခဲ့သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ထိုင်းနိုင်ငံ၏ ဆဋ္ဌမမြောက် ရာမဘုရင် ဝဇိရာဝုဓသည် သူ၏ ခမည်းတော်ဖြစ်သော ပဉ္စမြောက် ရာမဘုရင် စုဠာလင်္ကရဏ (ချူလာလောင်ကွန်း)ကို ရည်ရွယ်ပြီး တည်ထောင်ခဲ့သည်။ ၁၉၀၂-ခုနှစ်တွင် ဘုရင် စုဠာလင်္ကရဏ (ချူလာလောင်ကွန်း)သည် နန်းတော်မှာ တော်ဝင်လူငယ်သင်တန်းကျောင်း (The Grand Palace of Thailand)ကို တည်ထောင်ခဲ့ပြီး အဆိုပါကျောင်းသည် ထိုင်းနိုင်ငံ၏ အဆင့်မြင့် ပညာရေးစီမံကိန်း၏ အစအဦးဟု ဆိုနိုင်သည်။ ၁၉-ရာစုတွင် ထိုင်းနိုင်ငံ၏ ဗျူရိုကရေစီစနစ်ကို အပြောင်းအလဲလုပ်ရန် လိုအပ်သော အခြေအနေကို ရင်ဆိုင်ရသောအခါ အထူးသဖြင့် ပဒေသရာဇ်စနစ်ကို အခြေခံသော လူ့အဖွဲ့အစည်းမှ ခေတ်သစ်နိုင်ငံအဖြစ် ထူထောင်ရန် ထိုင်းနိုင်ငံသားများက ဆန္ဒရှိသောကြောင့် ဘုရင် စုဠာလင်္က(ချူလာလောင်ကွန်း)သည် ဝန်ထမ်းလေ့ကျင့်ရေးကျောင်း (The Civil Service College)ကို ထူထောင်ပြီး တော်ဝင်နန်းတော်တွင် တာဝန်ထမ်းဆောင်ဖို့ လူငယ်များ မွေးထုတ်ခဲ့သည်။
အဆိုပါ စီမံကိန်းသည် ကြီးထွားလာခဲ့ပြီး ဘုရင် ဝဇီရဝုဓ် လက်ထက်တွင် ဝန်ထမ်းလေ့ကျင့်ရေး ကျောင်း နာမည်မှ ဘုရင် စုဠာလင်္ကရဏ(ချူလာလောင်ကွန်း) ဝန်ထမ်းကောလိပ် (Civil Service College of King Chulalongkorn CSCKC)ဟု အမည်ပြောင်း လိုက်သည်။ အဆိုပါ ဝန်ထမ်းကောလိပ်ကို ရော့ခ်ကဖဲလား ဖောင်ဒေးရှင်း အကူအညီနှင့် ပညာရေးစနစ်ဖွံ့ဖြိုးအောင် အဓိက လုပ်ဆောင်ခဲ့ပြီး ခေတ်နှင့်အညီ သင့်လျှော်သည့် သင်ရိုးညွှန်းတမ်းများကို ချမှတ်နိုင်ခဲ့သည်။
ဖခင်ဘုရင်ကြီး စုဠာလင်္ကရဏ(ချူလာလောင်ကွန်း)နတ်ရွာစံပြီးနောက် သားတော် ဝဇီရဗုဓ် နန်းတက်ပြီးနောက် ၁၉၁၇-ခုနှစ်တွင် စုဠာလင်္ကရဏ ဝန်ထမ်းကောလိပ်ကို စုဠာလင်္ကရဏ (ချူလာလောင်ကွန်း)တက္ကသိုလ် (Chulalongkorn University)ဟု အမည်ပြောင်းကြောင်း ကြေညာခဲ့ပြီး ယခင်ကထက် ပိုမိုကောင်းမွန်သော ပညာရေးစနစ် ဖြစ်ပေါ်ရန် လူတန်းစားမရွေး ခေတ်ပညာများကို သင်ယူနိုင်အောင် စီစဉ်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပေါ်ရှိ ခေတ်ပညာသင်ကြားနေသော ကျောင်းများကို စုစည်းခဲ့ကာ ဘုရင် ဝဇီရာဗုဓ်ကိုယ်တိုင် သူ၏ ကိုယ်ပိုင်ငွေများကို စိုက်ထုတ်ခဲ့ပြီး တက္ကသိုလ်အဖြစ် တည်ထောင်ခဲ့ပါသည်။
၁၉၄၃ ခုနှစ်တွင် ဗိုလ်ချုပ် ပိုင်ဘွန်းက ဆေးပညာ၊ သွားဘက်ဆိုင်ရာ၊ ဆေးဝါးပညာနှင့် တိရစ္ဆာန် ဆေးသိပ္ပံ မဟာဌာနများကို ခွဲထုတ်ခဲ့ပြီး စုဠာလင်္ကရဏ ဆေးသိပ္ပံ တက္ကသိုလ်ဟု အမည်ပေးခဲ့သော်လည်း အခုအခါမှာ မဟီဒလ်တက္ကသိုလ်ဟု သီးခြား ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် စုဠာလင်္ကရဏ တက္ကသိုလ်မှာ ဆေးပညာရပ်များ ပြန်လည်သင်ကြားပေးခဲ့သည်။
စုဠာလင်္ကရဏ (ချူလာလောင်ကွန်း)တက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ထိုင်းဘုရင်များကိုယ်တိုင် ဘွဲ့လက်မှတ် ပေးအပ်ချီးမြှင့်သော အစဉ်အလာကို သတ္တမမြောက် ရာမဘုရင် ပရာဂျာဓိပေါက် လက်ထက်၌ စတင်ခဲ့သည်။
လက်ရှိ နဝမမြောက် ရာမဘုရင် ထိုင်းဘုရင်ကြီး ဘူမိဗလအတုလျတေဇ လက်ထက်တွင်လည်း ဆက်လက်ပေးအပ်ခဲ့ပေမယ့် ဘုရင်ကြီး ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် ယခုအခါတွင် သမီးတော် ကျကရီ သီရီဒုံ(သိရိန္ဓရ်)က တက်ရောက် ပေးအပ်နေပါသည်။
ပရဝုဏ်
ပြင်ဆင်ရန်စုဠာလင်္ကရဏ တက္ကသိုလ်၏ ပရဝုဏ်အားလုံးသည် ဘန်ကောက်မြို့တော်တွင် ရှိသည်။ အဆောက်အအုံများသည် ၁၉-ရာစုလက်ရာများသာမက ဘုရင့်တက္ကသိုလ်ဖြစ်သည့်အားလျှော်စွာ ခမ်းနားထည်ဝါသော အဆောက်အအုံများသာမက ခေတ်သစ်ဗိသုကာပညာရှင်များ၏ လက်ရာများစွာရှိပါသည်။
ဌာနများ
ပြင်ဆင်ရန်၁၉၁၇-ခုနှစ်တွင် ဝိဇ္ဇာသိပ္ပံမဟာဌာန (Arts and Sciences)၊ ပြည်သူ့စီမံခန့်ခွဲရေးမဟာဌာန (Public Administration)၊ အင်ဂျင်နီယာမဟာဌာန (Engineering)နှင့် ဆေးသိပ္ပံမဟာဌာန (Medicine) စသည့် မဟာဌာန လေးခုသာရှိခဲ့ပေမဲ့ ယခုအခါ ပညာရပ်ဆိုင်ရာ မဟာဌာနပေါင်း (၁၉)ခု၊ စိုက်ပျိုးရေးကျောင်း တစ်ကျောင်း၊ ကောလိပ် (၃)ခု၊ အင်စတီကျု (၁၀)ခုနှင့် ဆရာအတတ်သင်ကျောင်း တစ်ကျောင်း ရှိပါသည်။
ကျောင်းဝင်ခွင့်
ပြင်ဆင်ရန်စုဠာလင်္ကရဏ တက္ကသိုလ်သည် ထိုင်းနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်သည်။ အထက်ကျောင်းများမှာ Top Ten ဝင်သူများကိုသာ စုဠာလင်္ကရဏ တက္ကသိုလ်က ရွေးချယ် လက်ခံလေ့ရှိသည်။ ကျောင်းသားများအတွက် ကျောင်းဝင်ခွင့်ပုံစံကို အုပ်စု ၂ ခု ခွဲထားသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ်များမှ ကျောင်းသားများအုပ်စုနှင့် ထိုင်းနိုင်ငံ၏ အခြားနေရာများ အုပ်စုတို့ ဖြစ်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များသည် ဖွံ့ဖြိုးမှုအားနည်းသောကြောင့် မြောက်ပိုင်းသားများအတွက် ဝင်ခွင့်ပုံစံ၊ အခြားနေရာများမှ ကျောင်းသားများဝင်ခွင့်ပုံစံဟူ၍ ခွဲခြားထားခြင်းဖြစ်သည်။ ထိုသို့ ခွဲခြားထားသောကြောင့် ဖွံ့ဖြိုးမှုအတိုင်းအတာ ညီမျှသွားစေသည်ဟု ယုံကြည်ထားကြသည်။
ဝတ်စုံ
ပြင်ဆင်ရန်စုဠာလင်္ကရဏ တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားရတဲ့ ကျောင်းသားများအနေနဲ့ ဆင်တူယူနီဖောင်းများကို ဝတ်ဆင်ရလေ့ရှိပြီး ကျောင်းသား၊ ကျောင်းသူများကလည်း ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ကြတာပါ။ ထိုင်းနိုင်ငံမှ ကျောင်းသားများအနေနဲ့ အကျီအဖြူရောင်၊ ဘောင်းဘီရှည် နက်ပြာရောင်ကို ဝတ်ဆင်ရပြီး ကျောင်းသူများအနေနဲ့ အကျီအဖြူရောင်၊ စကတ်အရှည် နက်ပြာရောင်ကို ဝတ်ဆင်ရပါတယ်။ စကတ်အနေအထားတိုခဲ့ပါက ပြစ်ဒဏ်ခံရလေ့ရှိပါတယ်။
အားကစားပြုလုပ်ချိန်များ၊ လက်တွေ့ကွင်းဆင်းရတဲ့ စာသင်ချိန်များမှာတော့ တီရှပ်အဖြူရောင်ကို ဝတ်ဆင်ခွင့်ပေးထားပါတယ်။ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက်လည်း ယူနီဖောင်းဝတ်ဆင်ရမှု မရှိပေမဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကို ထားရှိထားပါတယ်။
ပညာသင်ဆု
ပြင်ဆင်ရန်စုဠာလင်္ကရဏ တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ ပညာတော်သင်ဆုများစွာကို လျှောက်ထားနိုင်ကြပါတယ်။ ထူးခြားချက်အနေနဲ့ အာစီယံနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်ဆုများစွာရှိသလို ဥရောပနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်သင်ဆုအစီအစဉ်များလည်းရှိပါတယ်။
မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ဘာသာရပ် အသီးသီးမှ နိုင်ငံတကာဖွံ့ဖြိုးမှု လေ့လာရေး မဟာဘွဲ့သင်တန်းကို ဂျာမနီနိုင်ငံမှ ဟိန်းနရစ်ချ်ဘော ဖောင်ဒေးရှင်းရဲ့ ပညာတော်သင်ဆု ထောက်ပံ့ပေးမှုအဖြစ် နှစ်စဉ်ပေးအပ်နေမှုများလည်း ရှိတဲ့အတွက် မြန်မာကျောင်းသားများအနေနဲ့ စုဠာလင်္ကရဏ တက္ကသိုလ် ပညာတော်သင်ဆုများကို လျှောက်ထားနိုင်ဖို့ အခွင့်အရေးများလည်းရှိနေပါတယ်။
စုဠာလင်္ကရဏ တက္ကသိုလ်မှာ ဘာသာရပ်တွေကို ထိုင်းဘာသာနဲ့ အဓိက သင်ကြား နေသော်လည်း တချို့ ဘာသာရပ်များကိုတော့ အင်္ဂလိပ်ဘာသာတွေနဲ့ သင်ကြားပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားတဲ့ ပရိုဂရမ်ကို သင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ IELTS ရမှတ် ၅ ကျော်ဖို့လည်းလိုအပ် ပါတယ်။
ကျောင်းလခအနေနဲ့ သင်ယူတဲ့ ဘာသာရပ်အလိုက် အနည်းငယ်ကွဲပြားမှုတွေရှိသော်လည်း အချိန်ပြည့်သင်တန်းကို တက်ရောက်မဲ့ ဘွဲ့ကြိုကျောင်းသားများအတွက် စီမစ်စတာ (Semester) တစ်ခုလျှင် ဝိဇ္ဇာသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံအစရှိသော ဘာသာရပ်များအတွက် ထိုင်းဘတ် ၁သောင်း ၄ထောင်ခန့်၊ ဆေးသိပ္ပံအပါအဝင် အင်ဂျင်နီယာ ဘာသာရပ်များအတွက် ထိုင်းဘတ် ၁သောင်း ၈ထောင်ခန့်၊ နိ်ုင်ငံတကာကျောင်းသားများအတွက်ကတော့ ဝိဇ္ဇာသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ အစရှိသော ဘာသာရပ်များ အတွက်ထိုင်းဘတ် ၅သောင်း ၉ထောင်ခန့်၊ ဆေးသိပ္ပံအပါအဝင် အင်ဂျင်နီယာ ဘာသာရပ်များ အတွက် ထိုင်းဘတ် ၆သောင်း ၂ထောင်ခန့် ကုန်ကျမှာပါ။
ထူးခြားထင်ရှားသူများ
ပြင်ဆင်ရန်စုဠာလင်္ကရဏ တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းများ ရှိခဲ့ပြီး၊ အမေရိကန် သမ္မတ နှစ်ဦးဖြစ်သော လင်ဒန် ဂျွန်ဆင်နှင့် ဘီလ် ကလင်တန်တို့အား ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့သလို နိုဘယ်ငြိမ်းချမ်းဆုရှင် နယ်လ်ဆင် မင်ဒဲလား ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ပါသည်။
စုဠာလင်္ကရဏ တက္ကသိုလ်ကျောင်းသားဟောင်းများတွင် ထင်ရှားသူများမှာ လက်ရှိ ထိုင်းနိုင်ငံဘုရင်ကြီး ဘူမိဗလ အဒူလျာဒက်၏ ခမည်းတော် မဟီတလ အတုလျေတေဇ၊ ထိုင်းနိုင်ငံမင်းသမီး မဟာ ချက်ကရီ သီရိဒုံ၊ အရှေ့တောင်အာရှ စာရေးဆရာဆု (၂) ကြိမ်ရ ဝင်း လိုင်ယိုဗာရင်၊ ထိုင်းနိုင်ငံဘောလုံးသမား အကျော်အမော် ကီယာတီဆက်၊ ထိုင်းချေဂွေဗားရားဟု တင်စားကြသော ချစ် ဖူမီဆက် စသူတို့ ပါဝင်သည်။
အဆင့်သတ်မှတ်ချက်
ပြင်ဆင်ရန်ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ (၂၀၁၄/၂၀၁၅ ခုနှစ်အတွက်) စုဠာလင်္ကရဏ တက္ကသိုလ်သည် ကမ္ဘာ့တွင် အဆင့်(၂၄၃) ရှိပြီး၊ အာရှဒေသအတွင်း အဆင့်(၅၃) ရှိသည်။