ချောင်းကို ပစ်၍ မြစ်ကို ရှာ၊ ရေသာ များ၍ ငါးမတွေ့
ချောင်းကို ပစ်၍ မြစ်ကို ရှာ၊ ရေသာ များ၍ ငါးမတွေ့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ချောင်းကို ငယ်သည်၊ ကျဉ်းသည်၊ ငါးအရနည်းသည်ဟု စွန့်ခွာပြီး မြစ်တွင် ငါးရှာရာ ရေသာများပြီး ငါးမရ သကဲ့သို့ မိမိ၏ လက်ရှိအရာကို ကောင်းသည်ဟု မယူဆဘဲ အသစ်ကို ရှာဖွေရာ ဒုက္ခသာများ၍ အကျိုးမရဖြစ်သည်။
အခြားအသုံးအနှုန်း
ပြင်ဆင်ရန်- ဝမ်းဘဲဟင်္သာ၊ ချောင်းကို ပစ်၍ မြစ်ကို ရှာ၊ ရေသာ များ၍ ငါးမတွေ့ ဟူ၍လည်း အသုံးရှိသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ဝမ်းဘဲဟင်္သာ၊ မြောင်းကို ပစ်၍ မြစ်ကိုရှာ၊ ရေသာ များ၍ ငါးမတွေ့၊ ဝမ်းထဲတင်းကာ၊ ဟောင်းကိုပစ်၍ သစ်ကိုရှာ၊ နေရာမှား၍၊ ကြားမစေ့။" [၁၁၅၂ ခန့်] ကျည်း။ ၄၀။
- "ဘယ့်နှယ်ရှိစ မရွှေကြော့၊ ချောင်းကို ပစ်လို့ မြစ်ကို ရှာ၊ ရေသာများလို့ ငါးမတွေ့တော့ဘူး မဟုတ်လား၊ ခုတော့ ညည်းတစ်ယောက်တည်း ဒုက္ခ ရောက်နေပြီလေ။" [၁၃၃၈] နွေဆည်းဆာ။ ၅၅။