ချေးချွတ်စရာပစ္စည်းများတွင် ကျွနု်ပ်တို့ နေ့စဉ်အသုံးပြုနေ သော ဆပ်ပြာသည် အတွေ့အများဆုံးပင် ဖြစ်သည်။ ဆပ်ပြာက အညစ်အကြေးများကို စင်ကြယ်အောင်ချွတ်ပစ်ပုံမှာ ဆန်းကြယ် ၏။ အညစ်အကြေးတို့သည် အများအားဖြင့် ဆီကဲ့သို့ စေးကပ် လှသဖြင့် ရေမစိုနိုင်ချေ။ သို့သော် ဆပ်ပြာသည် အညစ်အကြေး ကို ရေစိုအောင် ပြုနိုင်၏။ ဆေးကြောဖွတ်လျှော်သောအခါ အညစ်အကြေးတို့သည် ရေစို၍ ဆပ်ပြာမှုန့်တွင် လိုက်ပါသွား လေသည်။

ချေးချွတ်စရာပစ္စည်းတွင် ရေ၏မျက်နှာပြင် တင်းအားကို နှိမ့်ချပေးနိုင်သော သတ္တိရှိသည်။ ရေ၏ မျက်နှာပြင် တင်းအား နိမ့်ကျသွားသောအခါ ဆပ်ပြာရည်မှ အမြှုပ်ထလာသည်။ ဆပ်ပြာတွင် ဖက်တီးအက်ဆစ်နှင့် ဆိုဒီယမ်တို့ ပေါင်းစပ်နေ သော ဓာတ်ဆားများ ပါဝင်သည်။ အဆိုပါ ဓာတ်ဆား မော်လကျူးတွင် ပါဝင်သော ဆိုဒီယမ်အက်တမ်တို့သည် ရေနှင့် ပူးပေါင်းလိုသောသဘောရှိ၍ ဖက်တီအက်ဆစ် အစိတ်အပိုင်း များက ဆီကဲ့သို့ စေးကပ်သောပစ္စည်းများဖြင့် ပူးပေါင်းလိုသော သဘော ရှိသည်။ ထို့ကြောင့် ဆပ်ပြာမော်လီကျူးတို့သည် ရေ ကို အညစ်အကြေးတို့နှင့် ပူးပေါင်းအောင် ပြုသည်။ ထိုအခါ အညစ်အကြေးတို့သည် ရေနှင့်အတူ ဆေးကြောပစ်ရာသို့ လိုက်ပါသွားလေသည်။

ဆပ်ပြာအပြင် အခြားချေးချွတ်စရာများ ရှိသေးသည်။ ဆာလဖျူရစ်အက်ဆစ် အပြင်းရည်နှင့် ကြက်ဆူဆီကို ပေါင်း စပ်ပေးသောအခါ ဆပ်ပြာကဲ့သို့ပင် အသုံးပြုနိုင်သော ချေးချွတ် စရာ ဆီအနီတစ်မျိုးကို ရသည်။ ဓာတ်ဆီချက်ရာမှ ရသည့် 'တီပေါ'ခေါ် ဆိုဒီယမ်ဓာတ်ဆားသည်လည်း ယခုအခါ အသုံး များသော ချေးချွတ်စရာ ပစ္စည်းတစ်မျိုးပင် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းကလည်း ဂျာမန်လူမျိုးတို့သည် ကုတ် မီးသွေးနှင့် ရေနွေးငွေ့တို့မှ ဖက်တီးအက်ဆစ်ဆပ်ပြာနှင့် ချေးချွတ်စရာပစ္စည်းများကို တစ်နည်းတစ်လမ်းပြုလုပ်၍ သုံးစွဲခဲ့ ကြလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)