ခြေလေးချောင်းတော်လှန်ရေး
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၂၆ စက်တင်ဘာ ၂၀၂၀) |
ခြေလေးချောင်းတော်လှန်ရေး (အင်္ဂလိပ်: Animal Farm) သည် ပုံခိုင်းရေးဖွဲ့သော ဝတ္ထု (Allegorical novel) ဖြစ်သည်။ ဇာတ်ကောင်အားလုံး သည် တိရစ္ဆာန်များဖြစ်သော်လည်း တကယ်ဆိုလိုချင်သည်မှာ စတာလင်ခေတ် ရုရှားနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်သည်။ ဂျော့အော်ဝဲ သည် Animal Farm ကို ၁၉၄၃ နိုဝင်ဘာနှင့် ၁၉၄၄ ဖေဖော်ဝါရီကြားတွင် ရေးခဲ့ခြင်းဖြစ်သည်.။ ထိုစဉ်က ယူကေ သည် ဆိုဗီယက်ယူနီယံ နှင့် စစ်ကာလ မဟာမိတ် ဖွဲ့ထားလေရာ ဗြိတိသျှ နှင့် အမေရိကန် ထုတ်ဝေသူတော်တော်များများက ကနဦးတွင် ဂျော့်ချ် အော်ဝဲလ်၏ Animal Farm ကိုပယ်ချကြသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ် ၌ Animal Farm ထွက်လာသော အခါ တွင်ကား စာအုပ် မှာ ဝက်ဝက်ကွဲ အောင်မြင် ပြီး ယင်းအောင်မြင်မှုသည် ယခုအချိန်ထိ အရှိန်မသေသေးပေ။
![]() ပထမအကြိမ်ထုတ် မျက်နှာဖုံး | |
စာရေးသူ | ဂျော့အော်ဝဲ |
---|---|
မူလခေါင်းစဉ် | Animal Farm: A Fairy Story |
နိုင်ငံ | ယူနိုက်တက်ကင်းဒမ်း |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစား | နိုင်ငံရေးသရော်စာ |
ထုတ်ဝေခြင်း | ၁၇ ဩဂုတ် ၁၉၄၅ (Secker and Warburg, London, England) |
မီဒီယာ အမျိုးအစား | ပုံနှိပ် |
စာမျက်နှာ | ၁၁၂ |
OCLC | 53163540 |
823/.912 20 | |
LC Class | PR6029.R8 A63 2003b |
ယခင်စာအုပ် | Inside the Whale and Other Essays |
နောက်ထွက်စာအုပ် | Nineteen Eighty-Four |
တိုင်းမ် မဂ္ဂဇင်း က ကမ္ဘာ့အကောင်းဆုံး ဝတ္ထု ၁၀၀ ကို စိစစ် ရွေးချယ်ရာ ဂျော့အော်ဝဲ ၏ Animal Farm နှင့် 1984 နှစ်အုပ်လုံး ပါဝင်ခဲ့သည်။
ခြေလေးချောင်းတော်လှန်ရေး ဝတ္ထုကို မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ၁၉၄၉-၁၉၅၀ ခုနှစ်လောက်တွင် ထုတ်ဝေခဲ့ရာ ထိုစဉ်က မြန်မာနိုင်ငံတွင်ခေတ်စားနေသော ကွန်မြူနစ်စနစ်ကို ဆန့်ကျင် တိုက်ပွဲ ဝင်ရာတွင် ဝန်ကြီးချူပ်ဦးနု၏ လူထုအောင်သံ ပြဇာတ်နှင့် သခင်ဘသောင်း ၏ ခြေလေးချောင်း တော်လှန်ရေးသည် ရှေတန်း မှ ပါဝင်ခဲ့သည် ဟု ဆိုနိုင်သည်။
ကိုးကား
ပြင်ဆင်ရန်ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |