ခွန့်ဒါလီဇာရိုက်စ် (/ˌkɒndəˈliːzə/; born November 14, 1954) သည် အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်နှင့် သံတမန်တဦးဖြစ်သည်။ ၆၆ ဦးမြောက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး သမ္မတဂျော့ချ်ဒဘယ်လ်ယူဘုရှ်လက်ထက်တွင် ဒုတိယမြောက်ဝန်ကြီးဖြစ်သည်။ ပထမဦးဆုံး အာဖရိကန်-အမေရိကန်အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်အပြင် (ကောလင်းပါဝဲလ် ပြီးနောက်) ဒုတိယမြောက် အာဖရိကန်-အမေရိကန်အမျိုးအနွယ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည်။ ဘုရှ် ပထမသက်တမ်းတွင် နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ယင်းရာထူးနေရာ၌ တာဝန်ယူခဲ့သည့် ပထမဦးဆုံးသော အမျိုးသမီးဖြစ်သည်။

Condoleezza Rice
66th United States Secretary of State
တာဝန်သက်တမ်း
January 26, 2005 – January 20, 2009
သမ္မတGeorge W. Bush
လက်ထောက်Richard Armitage
Robert Zoellick
John Negroponte
ယခင်လူColin Powell
ဆက်ခံသူHillary Clinton
20th United States National Security Advisor
တာဝန်သက်တမ်း
January 20, 2001 – January 26, 2005
သမ္မတGeorge W. Bush
လက်ထောက်Stephen Hadley
ယခင်လူSandy Berger
ဆက်ခံသူStephen Hadley
10th Provost of Stanford University
တာဝန်သက်တမ်း
1993–1999
ယခင်လူGerald J. Lieberman
ဆက်ခံသူJohn L. Hennessy
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-11-14) နိုဝင်ဘာ ၁၄၊ ၁၉၅၄ (အသက် ၆၉)
Birmingham, Alabama, U.S.
နိုင်ငံရေးပါတီRepublican (1982–present)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Democratic (before 1982)
ပညာရေးUniversity of Denver (BA, PhD)
University of Notre Dame (MA)
လက်မှတ်

ဘာမင်ဂမ်အရပ် ၊ အယ်လ်ဘားမားပြည်နယ်တွင် မွေးဖွားခဲ့ပြီး တောင်ပိုင်း၌ လူမျိုးရေးခွဲခြားမှုရှိနေစဉ် ကြီးပြင်းခဲ့သည်။ ဒန်ဗာတက္ကသိုလ်မှ ရိုးရိုးဘွဲ့ နှင့် နော်တာဒန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဘွဲ့လွန်ရခဲ့သည်။ ၁၉၈၁ တွင် ဒန်ဗာတက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနမှ ပါရဂူဘွဲ့ကို ရခဲ့သည်။ ကာတာလက်ထက်တွင် သံတမန်ဌာန၌ လုပ်ကိုင်ခဲ့ပြီး စတန်းဖို့တ်တက္ကသိုလ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ကြီးအဖြစ် ၁၉၉၃ မှ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး အရှေ့နှင့်အနောက်ဂျာမဏီပေါင်းစည်းသည့်အချိန် ၁၉၈၉ မှ ၁၉၉၁ အထိ သမ္မတဂျော့ချ်ဒဘယ်လ်ယူဘုရှ်လက်ထက်တွင် နိုင်ငံတော်လုံခြုံရေးကောင်စီ၌ ဆိုဗီယက်နှင့်အရှေ့ဥရောပရေးရာအကြံပေးအဖြစ် ထမ်းရွက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ တွင် ရာထူးမှနုတ်ထွက်ပြီး နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် ဘုရှ်အစိုးရအဖွဲ့ထံ ဝင်ရောက်ခဲ့သည်။ ဘုရှ် ဒုတိယသက်တမ်း၌ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။

နိုင်ငံခြားရေးဝန်ကြီးရာထူး အတည်ဖြစ်ပြီးနောက် တကမ္ဘာလုံး၌ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် တာဝန်သိသော ဒီမိုကရေစီနည်းကျအစိုးရ အရေအတွက်တိုးလာစေရန်ဦးတည်သည့် အသွင်ကူးပြောင်းရေးသံတမန်ရေးရာ မူဝါဒကို ရှေ့ဆောင်လမ်းပြခဲ့သည်။ ပါလက်စတိုင်းရွေးကောက်ပွဲများတွင် ဟားမားစ်အဖွဲ့က လူများစုမဲ ရခဲ့သည့်အပြင် (အမေရိကန်၏ကျောထောက်နောက်ခံဖြင့်) ဆော်ဒီအာရေးဗျနိုင်ငံနှင့် အီဂျစ်နိုင်ငံများတွင် အာဏာရှင်စနစ် ဆက်လက်တည်မြဲနေသည့်အတွက် ထိုမူဝါဒမှာ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည်။ အခြားနိုင်ငံခြားရေးဝန်ကြီးများထက် ခရီးမိုင်ပိုများများ သွားခဲ့သည်။ ရာထူးလက်ရှိဖြင့်ပင် ရာစုနှစ်စိန်ခေါ်မှုကော်ပိုရေးရှင်း၏ ဒါရိုက်တာများဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။

၂၀၀၉ မတ်လတွင် နိုင်ငံရေးသိပ္ပံပါမောက္ခအဖြစ် စတန်းဖို့တ်တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဟူဗာအဖွဲ့၌ Thomas and Barbara Stephenson ၏ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ အကြီးတန်းဖဲလိုးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ စက်တင်ဘာတွင် စတန်းဖို့တ်စီးပွားရေးတက္ကသိုလ် မဟာဌာနအဖွဲ့ဝင် နှင့် စီးပွားရေးလုပ်ငန်းနှင့်စီးပွားရေးဈေးကွက်ဆိုင်ရာ ဂလိုဘယ်စင်တာ၏ ဒါရိုက်တာဖြစ်လာသည်။

သူမသည် Dropbox နှင့် Makena Capital Management, LLC ဒါရိုက်တာများဘုတ်အဖွဲ့ဝင်ဖြစ်သည်။