ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပြတ်

ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပြတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ခွေးကောင်းသည် ခွေးရူးနှင့် ဖက်ပြိုင်၍ ကိုက်လျှင် နားရွက် ဖြတ်ခံရသကဲ့သို့ လူကောင်းသည် လူမိုက်နှင့် ဖက်ပြိုင်လျှင် လူကောင်းသာ နစ်နာသည်။

ဝေါဟာရအနက်ဖွင့်ဆိုချက် ပြင်ဆင်ရန်

  • နားရွက်ပြတ် = ခွေးရူးကိုက်ခံရသော ခွေးကို ရူးမသွားအောင် နားရွက်ကို စတိအဖြစ် ဖြတ်လေ့ရှိကြသည်။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၅