ခွေးဟောင်တိုင်း ထကြည့် အိပ်ရေးပျက်

ခွေးဟောင်တိုင်း ထကြည့် အိပ်ရေးပျက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ညဉ့်အခါ ခွေးဟောင်တိုင်းသာ သူခိုးလာသည်အမှတ်ဖြင့် ထထကြည့်နေလျှင် အိပ်ရေးပျက်ခြင်းသာ အဖတ်တင်မည်ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်က ပြောသမျှကို အလေးအနက်ထားလွန်းလျှင် အလုပ်ပျက်သည်သာ အဖတ်တင်သည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "လျှာယားလို့ ပြောနေကြသမျှကို လိုက်ပြုပြင်နေရသည်၊ ခွေးဟောင်တိုင်း ထကြည့် အိပ်ရေးပျက်နှင့် မခြားတော့" [၁၃၀၈] ယုဝတီ၊ ၁၊ ၈။ ၁၃။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၅