ခွေး နှာရောင်၊ ကြောင် နဖူး၊ လူ ဒူး
ခွေး နှာရောင်၊ ကြောင် နဖူး၊ လူ ဒူး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အနက်အဓိပ္ပာယ်
ပြင်ဆင်ရန်(၁) ရာသီဥတု အေးသောအခါ၌ ခွေးတွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်း စသည့်နေရာတို့၌ အထူးအေးတတ်သည်။
(၂) မီးလှုံသောအခါ၌ ခွေးတွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်း စသည့်နေရာ၌ စ၍ ပူတတ်သည်။[၁]