ကင်ဆူဟျောန်း

တောင်ကိုရီးယား ‌ရုပ်ရှင်သရုပ်ဆောင်
(ဂင်ဆူဟျောန်း မှ ပြန်ညွှန်းထားသည်)
ကင်ဆူဟျောန်း နှင့် မရောထွေးပါနှင့်။
ဤသည်မှာ ကိုရီးယားလူမျိုးအမည်ဖြစ်ပြီး မျိုးရိုးအမည်မှာ ကင် ဖြစ်သည်။။

ကင်ဆူဟျောန်း(ကိုရီးယား김수현; ဟန်ဂျာ金秀賢; ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ဖွား)သည် တောင်ကိုရီးယားအမျိုးသားသရုပ်‌ဆောင်ဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်သံဇာတ်လမ်းတွဲများဖြစ်သည့် Dream High (၂၀၁၁)၊ Moon Embracing the Sun (၂၀၁၂)၊ My Love from the Star (၂၀၁၃)၊ The Producers (၂၀၁၅) ဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ကားများဖြစ်သည့် The Thieves (၂၀၁၂)၊ Secretly, Greatly (၂၀၁၃) နှင့် စစ်မှန်သော (၂၀၁၇) တို့ဖြင့် ကျော်ကြားသူဖြစ်သည်။

ကင်ဆူဟျောန်း
Kim at the Baeksang Arts Awards in May 2014
မွေးဖွား (1988-02-16) ဖေဖော်ဝါရီ ၁၆၊ ၁၉၈၈ (အသက် ၃၆)
ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ
မိခင်ကျောင်းချောင်အန်းတက္ကသိုလ်
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၇–လက်ရှိ
ကိုယ်စားလှယ်
ဝက်ဘ်ဆိုဒ်soo-hyun.com
ကင်ဆူဟျောန်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Kim Su-hyeon
MRအက္ခရာဖလှယ်ခြင်း:Kim Suhyŏn
လက်မှတ်
ဖိုင်:Kim Soo Hyun Signature.png

ကင်သည် ၂၀၁၄ ခုနှစ်တွင် Gallup Korea's Actor of the Year ကိုရရှိခဲ့သည်။[၂] သူသည် ပထမဆုံးအကြိမ်အဖြစ် ဖို့စ်မဂ္ဂဇင်း၏ ကိုရီးယား ဩဇာကြီးမားသော ကိုရီးယားကျော်ကြားသူများစာရင်းတွင် စတုတ္ထနေရာချိတ်ခဲ့ပြီး[၃] ဆက်လက်၍ ၂၀၁၅ ခုနှစ်တွင် ဒုတိယ[၄]နှင့် ၂၀၁၆ ခုနှစ်တွင် ပဉ္စမနေရာတို့တွင် ရရှိခဲ့သည်။[၅] ဖို့စ်စီးပွားရေးမဂ္ဂဇင်း၏ အာရှထုတ်ဝေမှုတွင် ကင်အား ၂၀၁၆ ခုနှစ်၏ 30 under 30 စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။[၆] အာရှတခွင်တွင် သူ၏ ရုပ်သံဇာတ်လမ်းတွဲများ၏ အောင်မြင်မှုသည် သူအား ထိပ်တန်းဟေးလျူကြယ်ပွင့်(top Hallyu star) ဖြစ်စေခဲ့သည်။

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

အထက်တန်းကျောင်းသားဘဝတွင် ကင်၏ မိခင်သည် သူ၏ တသီးတသန့်နေလိုသော အမူအကျင့်ကို ကျော်လွှားနိုင်ရန် အကူအညီဖြစ်စေရန် သရုပ်ဆောင်အတန်းများကို တက်ရန် အားပေးခဲ့သည်။ သူ၏ဖခင် ကင်‌ဂျောင်ဟွန်းသည် ၁၉၈၀-ခုနှစ်များက "Seven Dolphins" ဂီတအဖွဲ့မှ အဓိက အဆိုတော်တစ်ဦးဖြစ်သည်။[၇] ကင်သည် ချောင်အန်းတက္ကသိုလ်၏ ရုပ်ရှင်နှင့်ပြဇာတ်ဌာန(Flim and theater Department)တွင် ၂၀၀၉ ခုနှစ်၌ တက်ရောက်ခဲ့သည်။[၈]


၂၀၁၅ ခုနှစ်တွင် ကင်၌ ကင်ဂျူန(အဆို‌တော်) အဖေတူမအေကွဲ ညီမရှိသည်ဟု ထုတ်ဖော်​ပြောဆိုခဲ့သည်။[၉] သူ၏ ဝမ်းကွဲညီအကိုတော်သူ လီ‌ဆာရန်း(မူရင်းအမည် လီဂျေယန်း) ရိုက်ကူးခဲ့သော Real (2017) တွင် နောက်ဆုံးပါဝင် သရုပ်ဆောင်ထားသည်။[၁၀][၁၁]

ဘဝဖြတ်သန်းမှု ပြင်ဆင်ရန်

၂၀၀၇–၂၀၁၀: ရုပ်သံသရုပ်ဆောင်အဖြစ် အစောပိုင်းဖြတ်သန်းမှု ပြင်ဆင်ရန်

ကင်သည် သူ၏ ပထမဆုံးသော သရုပ်ဆောင်ဘဝကို ၂၀၀၇ ခုနှစ်ထုတ် မိသားစု ဟာသဇာတ်မြူးဖြစ်သော Kimchi Cheese Smile ဇာတ်လမ်းတွင် ဇာတ်ပို့နေရာမှ ပါဝင်ခဲ့ပြီး[၁၂] ၂၀၀၈ ခုနှစ်တွင် KBS မှ ထုတ်လွှင့်ခဲ့သော Jungle Fish ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ခဲ့သည်။[၁၃] ထိုဇာတ်လမ်းတွဲသည် ဖြစ်ရပ်မှန်ပေါ်တွင် အခြေတည်ပြီး ထိုဇာတ်လမ်းကြောင့် ကျောင်းတွင်းအနိုင်ကျင့်များကို အရေးယူခဲ့သည်။[၁၄] ထိုဇာတ်လမ်းသည် Peabody Award အပါအဝင် ဆုတချို့ကို ရရှိခဲ့သည်။[၁၅][၁၆]


နှစ်ဝက်လောက်အကြာတွင် ကင်သည် အစားအစာကိုအခြေခံသော ရုပ်သံအစီအစဉ်ဖြစ်သော Delicious Quiz (also known as The Taste of Life)တွင် အစီအစဉ်မှူးများထဲက တစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီး ဟုခေါ်သော Cherry Blossom ရုပ်ရှင်ဇာတ်လမ်းတိုတွင်လည်း ပါဝင်ခဲ့သည်။


၂၀၀၉ ခုနှစ်တွင် ကင်သည် နမ်ကွန်ဆန်းရိုက်ကူးသော Worst Friends ရုပ်ရှင်ဇာတ်လမ်းတိုတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Mise en Scène Short Film Festival တွင် ပြသခဲ့ရာ လူမှုရုပ်ရှင်ကဏ္ဍတွင် အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့သည်။ ထို့နောက် SBS ရုပ်သံမှ Father's House ဇာတ်လမ်းကို စစ်ပြန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချိုင်မင်ဆိုနဲ့အတူ သရုပ်ဆောင်ခဲ့သည်။[၁၇] ထို့ပြင် ထိုနှစ်တွင်ပဲ Mnet's Boys & Girls Music Countdown တွင် Kara အဆိုတော်အဖွဲ့မှ ဟန်ဆောင်ယွန်းနှင့်အတူ ပူးတွဲအစီအစဉ်မှူးအဖြစ် ပါဝင်ခဲ့သည်။[၁၈]


ကင်သည် Will It Snow for Christmas? နှင့် Giant ဇာတ်လမ်းတွဲတို့တွင် အမျိုးသားသရုပ်ဆောင်တို့၏ ငယ်ဘဝကို သရုပ်ဆောင်ခဲ့ရာ သူ့အားလူသိများလာစေခဲ့သည်။[၁၇] ထို့ပြင် Giant ဇာတ်လမ်းတွဲဖြင့် SBS Drama Awards ၏ အကောင်းဆုံးသရုပ်ဆောင်သစ်ဆုကို ရရှိခဲ့သည်။ [၁၉]


၂၀၁၁–၂၀၁၃: ထိုးဖောက်အောင်မြင် လာခဲ့ခြင်း ပြင်ဆင်ရန်

 
In September 2014 ၂၀၁၄ ခုနှစ် စက်တာဘာလတွင် တွေ့ရ‌သော ကင်


၂၀၁၁ ခုနှစ်တွင် လူငယ်ဂီတဒရာမာအမျိုးအစားဖြစ်သော Dream High တွင် သရုပ်ဆောင်ခဲ့ရာ လူတိုင်ကြား၌ ကင်၏အမည်သည် ရေပန်းစားလာခဲ့သည်။ ထိုဇာတ်လမ်းတွင် သူသည် တောသားလူရိုးဘဝမှ ဂီတပါရမီ ထူးချွန်မှုကို ထုတ်ပြနိုင်သူတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သည်။[၂၀] ထိုဒရာမာဇာတ်လမ်းကို ပြည်တွင်း၌ကြည့်ရှုနှုန်း မြင့်မားခဲ့ပြီး နိုင်ငံရပ်ခြားထိပါ အောင်မြင်မှုရရှိခဲ့သည်။[၂၁] ထို့ပြင် များစွာသော နိုင်ငံတကာဆုများလည်း ရရှိခဲ့သည်။ ကိုရီးယားအိုင်ဒဲလ်တစ်ယောက်အဖြစ် သရုပ်ဆောင်ခန်းများတွင် မင်းသားသစ်ဖြစ်သော ကင်သည် ဇာတ်လမ်းအတွက် လိုအပ်သော အခန်းများကို ဆွဲထုတ်ပြီး JYP Entertainment တွင် သုံးလမျှ သီဆိုမှုနှင့် အကကို လေ့ကျင့်ခဲ့သည်။[၂၂][၂၃] သူသည် ထိုဇာတ်လမ်းအတွက် "Dreaming" သီချင်းအား တကိုယ်တော်နှင့် ဇာတ်လမ်းအမည်နှင့် သီချင်းဖြစ်သော "Dream High" ကို အခြားသော သရုပ်ဆောင်များနှင့်တွဲဖတ်၍ ဇာတ်ဝင်တေး ၂ ပုဒ်ကို သီဆိုခဲ့သည်။[၂၄]


ကင်သည် Moon Embracing the Sun ရုပ်သံဇာတ်လမ်းတွဲတွင် ငယ်ရွယ်‌သူဘုရင်တစ်ပါးဖြစ်သော လီဝမ်အဖြစ် သရုပ်ဆောင်ခဲ့ရာ အောင်မြင်မှု အမြင့်ဆုံးထိပင် ရောက်ရှိခဲ့သည်။[၂၅][၂၆] ထိုရုပ်သံဇာတ်လမ်း၏ ကြည့်ရှုနှုန်းမှာ အမြင့်ဆုံးဖြစ်သည့် ၄၂.၂ ရာခိုင်နှုန်းရရှိခဲ့သဖြင့် "နိုင်ငံတော် ရုပ်သံဇာတ်လမ်းတွဲ" ဟုသော အမည်ပင် ရရှိခဲ့သည်။[၂၇] ကင်သည် ရိုးရာသီချင်းကြီးပုံစံဖြင့် ရေးဖွဲ့ထားသော "Only You"[၂၈] နှင့် ခေတ်ပေါ်ပုံစံဖြင့် ရေးဖွဲ့ထားသော "Another Way" ဇာတ်ဝင်တေးနှစ်ပုဒ်ကို ထိုဇာတ်လမ်းတွဲအတွက် သီဆိုခဲ့သည်။[၂၉]


သူ၏ ကျော်ကြားမှုကြောင့် ထုတ်ကုန် ၁၇ မျိုးအတွက် ထုတ်ကုန်အမှတ်တံဆိပ် ထောက်ခံချက်အတွက် ချုပ်ဆိုနိုင်ခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့သည်။[၃၀] ထို့ပြင် သူသည် Best TV Actor award ကို 2012 Baeksang Arts Award တွင် ရရှိခဲ့သည်။ ထိုဆုကို စစ်ပြန် ဩဇာကြီးမားသည့် သရုပ်ဆောင်များဖြစ်သည့် Han Suk-kyu, Shin Ha-kyun နှင့် Cha Seung-won တို့ကို ကျော်ဖြတ်ရရှိခဲ့ခြင်း ဖြစ်ပြီး ကင်က "ဆုရရှိတဲ့ အတွက် အလွန်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ရှက်လည်းရှက်မိပါတယ်။ အိမ်စာတွေအများကြီး ရနေသလိုပဲ။ ဒီဆုနဲ့ထိုက်တန်တဲ့ ပိုကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာစေဖို့ ကျွန်တော် ဆက်ပြီးကြိုးစားသွားပါ့မယ်" ဟု ပြောကြားခဲ့သည်။[၃၁]


Ocean Eleven ၏ ကိုရီးယားပုံစံဇာတ်ကားဟု မီဒီယာများက အမွှန်းတင်ကြသော The Thieves ရုပ်ရှင်တွင် နာမည်ကြီးရုပ်ရှင် သရုပ်ဆောင်များနှင့်အတူ ပထမဆုံးသော ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့သည်။[၃၂][၃၃] လတ်မှတ်အစောင်ရေ ၁၂.၉ မီလီယံကျော် ရောင်းချခဲ့ရပြီး ကိုရီယားရုပ်ရှင်သမိုင်းတွင် ဒုတိယမြောက် အမြင့်ဆုံးရရှိခဲ့သော ရုပ်ရှင်ဖြစ်ခဲ့သည်။[၃၄]


၂၀၁၃ ခုနှစ် ကင်သည် တောင်ကိုရီးယားနိုင်ငံတွင် ကြောင်နေသူတစ်ဦးအဖြစ် စိမ့်ဝင်နေသော မြောက်ကိုရီးယား သူလျှိုအဖြစ် ဟန်၏ Covertness ဝပ်တွန်းစီးရီးကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားသော Secretly, Greatly ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၃၅] ထိုရုပ်ရှင်သည် များစွာသော စံချိန်တို့ကို ချိုးဖျက်နိုင်ခဲ့ရုံမျှမက ‌ထိုနှစ်၏ box office တွင် အ‌အောင်မြင်ဆုံးသော ရုပ်ရှင်တွေထဲမှ တစ်ခုဖြစ်ခဲ့သည်။ ထိုရုပ်ရှင်ကားကြောင့် ကင်သည် 50th Grand Bell Awards တွင် အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်သစ်ဆုနှင့် 50th Baeksang Arts Awards တို့ကို ရရှိခဲ့သည်။[၃၆][၃၇] Kim won Best New Actor awards at the 50th Grand Bell Awards and the 50th Baeksang Arts Awards.[၃၈][၃၉]


၂၀၁၄–လက်ရှိ: နိုင်ငံတကာသို့ ကျော်ကြားခြင်း ပြင်ဆင်ရန်

 
Baeksang Arts Awards May 2014

၂၀၁၃ မှ ၂၀၁၄ ခနှစ် အစောပိုင်းကာလတွင် ကင်သည် SBS ၏ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲဖြစ်သည့် My Love from the Star ဇာတ်လမ်းတွဲတွင် မင်းသမီး ဂျွန်ဂျီဟွန်းနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။[၄၀] ထိုဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေးနှစ်ပုဒ်ဖြစ်သော "In Front of Your House" နှင့် "Promise" သီချင်းနှစ်ပုဒ်ကို ထုတ်ဝေခဲ့သည်။[၄၁][၄၂] ထိုဇာတ်လမ်းတွဲသည် တရုတ် အွန်လိုင်းရုပ်ရှင်ဝဘ်ဆိုဒ်ဖြစ်သော iQiyi တွင် ကြည့်ရှုသူ ၃ ဘီလီယံကျော်[၄၃]ရှိခဲ့ပြီး ထိုရုပ်ရှင်တွင်ပါဝင်ခဲ့သော ဖက်ရှင်၊ မိတ်ကပ်နှင့် စားသောက်ဆိုင်မှအစ အောင်မြင်မှု ရရှိခဲ့သည်။[၄၄] ထို့ပြင် ကင်သည် အာရှတခွင်တွင် အကြီးအကျယ် အောင်မြင်မှုရရှိခဲ့ပြီး[၄၅][၄၆] ထုတ်ကုန် ၃၅ မျိုးအတွက် အလိုရှိဆုံးသော အမှတ်တံဆိပ်ထောက်ခံပေးသူထဲက တစ်ယောက်ဖြစ်လာခဲ့သည်။[၄၇][၄၈] ၇ ကြိမ်မြောက် Korea Drama Awards တွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများအတွက် အမြင့်ဆုံးဆုဖြစ်သော ဒေးဆန်းဆု(သို့မဟုတ် "Grand Prize") ဆုကို ရရှိခဲ့သည်။[၄၉]


ထိုနှစ်နောက်ပိုင်းကာလတွင် ကင်သည် နိုင်ငံတကာ အားကစားပွဲတော်နှစ်ခုကို တက်ရောက်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ၊ နန်ကျင်းမြို့၌ ကျင်းပသော ၂၀၁၄ ခုနှစ် နွေရာသီ လူငယ် အိုလံပစ်အားကစားပွဲတော်၏ ဖွင့်ပွဲတွင် များစွာသော အနုပညာရှင်များနှင့်အတူ တရားဝင်သီချင်းဖြစ်သော "Light up the Future" သီချင်းကို သီဆိုခဲ့သည်။[၅၀] သူသည် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကျင်းပသော ၂၀၁၄ ခုနှစ် အာရှ အားကစားပွဲတော်၏ ဖွင့်ပွဲတွင်လည်း ပါဝင်ခဲ့သည်။ သူသည် ရုပ်ရှင်သရုပ်ဆောင် ဂျန်ဒေါင်ဂန်း၊ ကိုရီးယား အော်ပရာအဆိုတော် အန်ဆွတ်ဆန်းနှင့် နိုင်ငံ ၄၅ ခုမှ လူပုဂ္ဂိုလ်မျနှင့်အတူ "One Asia" စကားလက်ဆောင် ပေးပို့သည့် ကဏ္ဍတွင် ပါဝင်ခဲ့သည်။[၅၁]

  ၂၀၁၅ ခုနှစ်တွင် ကင်သည် KBS ရုပ်သံဌာနမှ ရိုက်ကူးသော The Producers ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲမှာ My Love From the Star အား ရေးသားခဲ့သူ စာရေးဆရာ ပတ်ဂျီအွန်းမှ ရေးသားခဲ့သော ဇာတ်လမ်းလည်း ဖြစ်သည်။[၅၂] ထိုရုပ်သံဇာတ်လမ်းတွဲသည် ပြည်တွင်းပရိသတ် ကြည့်ရှုနှုန်း အခိုင်အမာရရှိခဲ့ပြီး နိုင်ငံတကာအနေဖြင့် နိုင်ငံများစွာသို့ ရောင်းချခဲ့ရသည်။[၅၃] ထို့ပြင် ကင်သည် ၈ ကြိမ်မြောက် Korea Drama Awards ဆုပေးပွဲတွင် ဒေဆန်းဆုကို နောက်တစ်ကြိမ် ထပ်မံရရှိခဲ့သည်။ ထိုမျှမကသေး သူ၏ သရုပ်ဆောင် ကောင်းမွန်မှုကြောင့် 4th APAN Star Awards နှင့် 2015 KBS Drama Awards တို့ကိုလည်း ရရှိခဲ့သည်။[၅၄][၅၅][၅၆] ကင်သည် သက်ဆိုင်ရာ နယ်ပယ်တို့တွင် အခိုင်အမာအောင်မြင်မှုရှိသည့် အသက် ၃၀ အောက် ဩဇာတိက္ကမရှိသည့် လူပုဂ္ဂိုလ် ၃၀ အား ရွေးချယ်ထားသော ဖို့စ်မဂ္ဂဇင်း၏ "30 Under 30 Asia 2016 list" စာရင်းတွင် ပါဝင်လာခဲ့သည်။[၅၇]


ကင်သည် မူခင်းဒရာမာအမျိုးအစား(action-noir၊ အတ္တနှင့် လိင်မှုအသားပေး) ဇာတ်ကားဖြစ်သော Real တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် ပြသခဲ့သည်။[၅၈][၅၉]


၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် KeyEast အေဂျင်စီမှ နုတ်ထွက်ပြီး သူ၏ဝမ်းကွဲ ညီအကိုနှင့် အေဂျင်စီတစ်ခုတည်ထောင်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။[၆၀] ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကင်သည် Kim Sae-ron၊ Seo Ye-ji တို့နှင့်အတူ Gold Medalist အေဂျင်စီဖြင့် လတ်မှတ်ရေးထိုးခဲ့သည်။[၆၁]


၂၀၂၀ ခုနှစ်တွင် ကင်သည် tvN ရုပ်သံမှ It's Okay to Not Be Okay ရုပ်သံဇာတ်လမ်းတွဲ‌တွင် စိတ်ရောဂါကုသရေးဆေးရုံမှ ဆေးဝန်ထမ်းအကူအဖြစ် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲမှာ The Producers ဇာတ်ကားပြီးကတည်းက ၅ နှစ်အကြာမှ ပထမဆုံးအကြိမ် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။[၆၂][၆၃]

ကိုးကား ပြင်ဆင်ရန်

  1. You must specify title = and url = when using {{cite web}}. (in ko) (4 January 2010)။
  2. Template error: argument title is required. 
  3. Ed Slott။ Forbes Korea Power Celebrity 2013Forbes။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}. (in ko)။ JoongAng Ilbo (23 February 2015)။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  5. You must specify title = and url = when using {{cite web}}. (in ko)။ JoongAng Ilbo (25 February 2016)။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  6. Howard၊ Caroline။ "G.E.M., Angelababy, Soo-hyun Kim And The Actors And Athletes Of 30 Under 30 Asia"၊ Forbes 
  7. What Was Kim Soo Hyun Like as a Student? (27 March 2012)။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. KIM Soo-hyun, hero of SECRETLY GREATLY (18 June 2013)။
  9. Kim Soo Hyun′s Half Sister Almost Debuted with Girl Group The Ark (22 July 2015)။ 30 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  10. You must specify title = and url = when using {{cite web}}. (in ko) (3 July 2017)။
  11. N-Sonic’s Zion Revealed to Be Kim Soo Hyun’s Cousin (26 May 2015)။ 30 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  12. You must specify title = and url = when using {{cite web}}. (in ko) (18 March 2012)။
  13. You must specify title = and url = when using {{cite web}}. (in Korean)။ Yonhap (16 September 2010)။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  14. Han၊ Sang-hee (26 September 2010)။ Realism essential for local teen dramasThe Korea Times။ 2012-11-23 တွင် ပြန်စစ်ပြီး။
  15. Jungle FishThe Peabody Awards။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  16. "Jungle Fish Wins a Peabody" Archived 8 October 2020 at the Wayback Machine., KBS World, 2 April 2009.
  17. ၁၇.၀ ၁၇.၁ MY NAME IS: Kim Soo-hyun.10Asia. 12 January 2010.
  18. Kim Soo Hyun and Kara's Han Seung Yeon Co-MCs? (8 February 2012)။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  19. Ko၊ Kyoung-seok (3 January 2011)။ Ko Hyun-jung wins grand prize at SBS Drama Awards10Asia။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  20. Kim Soo-hyun cast as male lead in upcoming KBS drama (1 November 2010)။ 11 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  21. You must specify title = and url = when using {{cite web}}. (in ko)။ Osen (19 January 2011)။
  22. INTERVIEW: Actor Kim Soo-hyun – Part 1, 10Asia, 15 March 2011.
  23. INTERVIEW: Actor Kim Soo-hyun – Part 2, 10Asia, 15 March 2011.
  24. 김수현 직접 부른 `드림하이` OST `Dreaming` 인기 급상승 (in ko) (26 February 2011)။
  25. Kim Soo-hyun to turn king in new series (1 November 2011)။ 18 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  26. Lee၊ Jin-ho။ "Kim Soo Hyun Cast in The Sun and the Moon"၊ 11 November 2011။ Archived from the original on 2 February 2015။ 
  27. Hit drama ends with record ratingsKorea JoongAng Daily (17 March 2012)။
  28. Kim Soo-hyun sings on 'Moon Embracing the Sun' dramaKorea JoongAng Daily (12 March 2012)။
  29. Kim Soo-hyun releases two singles in two daysKorea JoongAng Daily (15 March 2012)။
  30. Kim Soo-hyun sets new record for product endorsementsKorea JoongAng Daily (13 March 2012)။
  31. Kim Soo-hyun's win is hotly debatedKorea JoongAng Daily (28 April 2012)။
  32. Kim Soo-hyun joins cast of high-profile movie (21 March 2011)။ 18 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  33. 'The Thieves' all-star cast set to steal showKorea JoongAng Daily (13 June 2012)။
  34. The Thieves Emerges as Most Popular Korean MovieThe Chosun Ilbo (4 October 2012)။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  35. Kim Soo-hyun lands role of North Korean spy in new movie. 10Asia. 30 April 2012.
  36. Secretly Greatly Blazes Trail at Box Office by Tapping Teen AudienceThe Chosun Ilbo (10 June 2013)။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  37. Yun၊ Suh-young (10 June 2013)။ Secretly success shows teen power at box officeThe Korea Times။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  38. Kim Soo-hyun named best new movie actor in Baeksang awardsThe Korea Herald (27 May 2014)။
  39. THE FACE READER Picks Up 6 at 50th Grand Bell AwardsKorean Film Biz Zone (4 November 2013)။ 8 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  40. Kim Soo-hyun, Jun Ji-hyun to Pair Up in New DramaThe Chosun Ilbo (16 November 2013)။
  41. 김수현이 부른 ‘별그대’ OST ‘너의 집앞’ 공개 (in ko) (19 February 2014)။ 11 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  42. 김수현 세레나데 듣는다…'별그대' OST '약속' 공개 (in ko) (13 March 2014)။
  43. Hallyu booming again in China, bigger than ever (14 March 2013)။
  44. Korean TV Show Sparks Chicken and Beer Craze in ChinaThe Wall Street Journal (26 February 2014)။
  45. Hallyu trio captivate Chinese heartsThe Korea Herald (13 November 2014)။
  46. Who Are the Most Popular Korean Stars Overseas?The Chosun Ilbo (19 June 2014)။
  47. Kim Soo-hyun Is Advertisers' FavoriteThe Chosun Ilbo (30 January 2014)။
  48. Kim Soo Hyun snaps up 35 endorsement deals!The Korea Herald (24 November 2014)။ 11 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  49. Kim Soo-hyun wins at drama festivalKorea JoongAng Daily (3 October 2014)။
  50. Kim Soo-hyun performs at Nanjing Youth Olympic Games opening ceremonyThe Korea Herald။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  51. Hallyu stars to light up Asia opening ceremonyThe Korea Times (27 August 2014)။
  52. Kim Soo-hyun returns in Producers (11 May 2015)။
  53. 'Producers' sold out globallyHanCinema။ Star News (4 June 2015)။
  54. Kim Soo-hyun, Kim Tae-hee to headline Korean drama fest (9 September 2015)။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  55. Kim Soo-hyun takes top APAN Star honors (30 November 2015)။ ၁၁ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  56. Kim Soo-hyun grabs grand prize at KBS drama awards (1 January 2016)။
  57. The Charms of Forbes′ ′30 Under 30 Asia′ Kim Soo Hyun, G-Dragon and SNSD′s Yoona (11 March 2016)။ 11 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2020 တွင် ပြန်စစ်ပြီး။
  58. KIM Soo-Hyun Chooses Noir Flick for His Return (14 April 2015)။
  59. (Yonhap Interview) Actor Kim Soo-hyun: 'I'm still clumsy but try to be closer to perfection' (27 June 2017)။
  60. Actor Kim Soo-hyun to set up own agency (December 12, 2017)။
  61. "Kim Soo-hyun signs a new contract"၊ January 2, 2020။ 
  62. Actor Kim Soo-hyun to star in tvN drama ‘Psycho but It’s Okay’ (February 7, 2020)။
  63. Fans await Hallyu star Kim Soo-hyun's full comeback through TV drama (February 7, 2020)။