ဂင်ယိုဟန် (အင်္ဂလိပ်: Kim Yo-han; ကိုရီးယား: 김요한) သည် တောင်ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အမျိုးသားအဆိုတော်အဖွဲ့ WEi ၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး X1 ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ Produce X 101 အစီအစဉ်တွင် ပထမရခဲ့ဖူးကာ၊ ၂၀၂၀ ဩဂုတ်လ ၂၅ ရက်နေ့တွင် No More အမည်ရ ဒစ်ဂျစ်တယ် စင်ဂယ်အလ်ဘယ်ဖြင့် တစ်ကိုယ်တော်ပွဲဦးထွက်ခဲ့သည်။[၁][၂]

ဂင်ယိုဟန်
ဂင်ယိုဟန်ကို ၂၀၁၉ အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ဇာတိ အမည်김요한
မွေးဖွား (1999-09-22) စက်တင်ဘာ ၂၂၊ ၁၉၉၉ (အသက် ၂၄)
ဂျောင်းနန်ခရိုင်၊ ဆိုးလ်မြို့၊ တောင်ကိုရီးယား
မိခင်ကျောင်းဆန်မြောင်းတက္ကသိုလ်
အလုပ်အကိုင်
  • Singer
  • actor
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာVocals
တက်ကြွသည့်နှစ်များ2019–present
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်ouient.com/pages/artists7.php
ဂင်ယိုဟန်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
RRအက္ခရာဖလှယ်ခြင်း:Kim Yo-han
MRအက္ခရာဖလှယ်ခြင်း:Kim Yohan


ငယ်ဘဝ ပြင်ဆင်ရန်

ဂင်ယိုဟန်ကို ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂျောင်းနန်ခရိုင်တွင် မွေးဖွားခဲ့ပြီး၊ နှမနှစ်ယောက်ရှိသည်။ တိုက်ကွမ်ဒို ကစားသမားတစ်ဦးလည်း ဖြစ်သည်။[၃][၄]

အလုပ်အကိုင် ပြင်ဆင်ရန်

ပွဲဦးမထွက်ခင် ပြင်ဆင်ရန်

ဂင်ယိုဟန်သည် တိုက်ကွမ်ဒို ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတော်အဆင့် လူငယ်အားကစားပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ခါရခဲ့သည်။[၅][၆][၇]

၂၀၁၉: Produce X 101နှင့် X1 ပြင်ဆင်ရန်

ဂင်ယိုဟန်သည် ၂၀၁၉ မေလတွင် Produce X 101 ဟုခေါ်သော သုံးလတာ လေ့ကျင့်ပေးမည့် Mnet ၏ reality-survival အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၈][၉][၁၀] ပြိုင်ပွဲ၏ မူလရည်ရွယ်ချက်မှာ အနိုင်ရရှိသူ ၁၁ ယောက်ကို Swing Entertainment လက်အောက်တွင် ငါးနှစ်သက်တမ်းရှိသော အမျိုးသားအဆိုတော်အဖွဲ့အဖြစ် ဖွဲ့စည်း‌ပေးရန် ဖြစ်သည်။ ဂင်ယိုဟန်သည် ပြိုင်ပွဲ‌တွင် ပထမရခဲ့ပြီး အမျိုးသားအဆိုတော်အဖွဲ့ X1 ၏ အဓိကအဖွဲ့ဝင်တစ်ယောက်အဖြစ် Gocheok Sky Dome ပွဲတွင် ပွဲဦးထွက်နိုင်ခဲ့သည်။ သို့သော် ပြိုင်ပွဲ၏ မဲမသမာမှုဖြစ်စဉ်ကြောင့် ၂၀၂၀ ဇန်နဝါရီ ၆ ရက်နေ့တွင် X1 ကို ဖျက်သိမ်းခဲ့ရသည်။[၁၁] Produce X 101 ၏ ထုတ်လုပ်သူ အန်းဂျွန်းယောင်းကို ၂၀၁၉ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မဲပေးရသောအဆင့်များကို ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း ၎င်းကဝန်ခံခဲ့သည်။[၁၂]

၂၀၂၀: တစ်ကိုယ်တော်အလုပ်အကိုင်နှင့် WEi ဖြင့်ပွဲဦးထွက်ခြင်း ပြင်ဆင်ရန်

ဂင်ယိုဟန်သည် ကျောင်းဇာတ်လမ်းတွဲဆက် တစ်ခုဖြစ်သော ကျောင်း ၂၀၂၁တွင် ပါဝင်သရုပ်ဆောင်မည်ဟု လူပြောများခဲ့သည်။ ထို့နောက် ၂၀၂၀ ဖေဖော်ဝါရီလတွင် အဆိုပါဇာတ်လမ်းတွဲကို ၂၀၂၀ ဩဂုတ်လအတွင်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။[၁၃][၁၄][၁၅] ၂၀၂၀ ဧပြီလတွင် KBS အနေဖြင့် ဇာတ်လမ်းတွဲအတွက် အဓိကအမျိုးသမီးသရုပ်ဆောင် ရွေးချယ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်သောကြောင့် ဇာတ်လမ်းတွဲအား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[၁၆]

၂၀၂၀ ဇွန်လ ၁၇ရက်နေ့တွင် Oui Entertainment က နှစ်လယ်ပိုင်း၌ OUIBOYZ ဟုအမည်ရသည့် အမျိုးသားအဆိုတော်အဖွဲ့သစ်ကို အစမ်းသဘော ပွဲဦးထုတ်သွားမည်ဟု ကြေညာခဲ့သည်။ ထိုအခါ ဂင်ယိုဟန်သည် သူနှင့် ကုမ္ပဏီတူသော ဂင်ဒုံဟန်ဂျန်ဒယ်ဟျောန်း၊ ဂန်ဆော့ဟွာတို့နှင့်အတူ ထိုအဖွဲ့သစ်တွင် ပါဝင်လာနိုင်ကြောင်း ထင်ကြေးပေးခံရသည်။[၁၇]

Oui Entertainment သည် ၂၀၂၀ ဇူလိုင်လ ၁၀ရက်နေ့တွင် ၎င်းတို့၏ အဖွဲ့သစ် WEi ၏ လူမှုကွန်ရက်စာမျက်နှာကို လွှင့်တင်ခဲ့ကာ ဂင်ယိုဟန်ပါဝင်ကြောင်းကိုပါ အတည်ပြုခဲ့သည်။[၁၈][၁၉]

ဂင်ယိုဟန်သည် ၂၆ ကြိမ်မြောက် "CONNECT:D" Dream Concert ၏ ပထမနေ့အတွက် MC အဖြစ် ဆောင်ရွက်ခဲ့သည်။[၂၀]

WEi အဖွဲ့ နှင့် ပွဲဦးမထွက်ခင်၊ ဂင်ယိုဟန်သည် Zion-T က စီစဉ်ထုတ်လုပ်သော တစ်ကိုယ်တော် ဒစ်ဂျစ်တယ်သီချင်း No More ကို ၂၀၂၀ ဩဂုတ်လ ၂၅ ရက်နေ့ တွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၂၀၂၀ ဩဂုတ်လ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။[၁][၂]

ဂင်ယိုဟန်သည် ၂၀၂၀ အောက်တိုဘာလ ၅ ရက်နေ့တွင် WEi အဖွဲ့နှင့်အတူ ခေါင်းစီးသီချင်း Twilight ဟု အမည်ပေးထားသော IDENTITY: First Sight မီနီအယ်လ်ဘမ်ဖြင့် ပွဲဦးထွက်ခဲ့သည်။

သူ၏ သရုပ်ဆောင်ပွဲဦးထွက်အဖြစ်မူ တရုတ် ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားသည့် ကိုရီးယားဇာတ်လမ်းတွဲ A Love So Beautiful တွင် အဓိကအမျိုးသားသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။[၂၁] ၂၀၂၁ ဇန်နဝါရီ ၁၁ရက်တွင် ထုတ်လွှင့်ခဲ့သော ဇာတ်ဝင်တေး Recently ကိုလည်း ပါဝင်ရေးသား ပံ့ပိုးခဲ့သည်။[၂၂]

၂၀၂၁–လက်ရှိ: တစ်ကိုယ်တော် လှုပ်ရှားမှုများ ပြင်ဆင်ရန်

ဂင်ယိုဟန်သည် ၂၀၂၁ မတ်လ ၂ ရက်နေ့‌တွင် SBS MTU ၏ သီချင်းအစီအစဉ်ဖြစ်သော The Show တွင် Ateez အဖွဲ့ဝင် ယောဆန်း၊ Weekly အဖွဲ့ဝင် ဂျီဟန်တို့နှင့်အတူ အစီအစဉ်မှူး ဖြစ်လာခဲ့သည်။[၂၃] ၂၀၂၁ ခုနှစ်အတွင်း Chick High Kick ဟုခေါ်သော ရသစုံရုပ်သံအစီအစဉ်တွင်လည်း ဟားဟားနာထယ်ဂျူတို့နှင့်အတူ ပါဝင်ခဲ့သည်။[၂၄] ဂင်ယိုဟန်သည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် KBS က ထုတ်လွှင့်သည့် ကျောင်း ၂၀၂၁တွင်လည်း ဂျိုအီဟျောန်းနှင့် တွဲဖက်၍ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။[၂၅]

ရိုက်ကူးမှုစာရင်း ပြင်ဆင်ရန်

ရုပ်သံဇာတ်လမ်းတွဲ ပြင်ဆင်ရန်

Year Title Network Role Notes Ref.
2009 Queen Seondeok MBC Child Extra [၂၆]
2020 Zombie Detective KBS2 Skin cream CM model Cameo (Episode 1) [၂၇]
2021 Mouse tvN Brain transplant patient Cameo (Episode 20) [၂၈]
ကျောင်း ၂၀၂၁ KBS2 Gong Ki-joon [၂၅]

ဝက်ဘ်စီးရီး ပြင်ဆင်ရန်

Year Title Role Network Ref.
2020–2021 A Love So Beautiful Cha-heon KakaoTV [၂၉]

ရုပ်သံရှိုးများ ပြင်ဆင်ရန်

Year Title Network Role Notes Ref.
2019 Produce X 101 Mnet Contestant Ep. 1-12 [၃၀][၃၁]
2020 War of Music People KBS2 Cast member [၃၂]
2020–2021 The People of Trot MBC TV Deputy manager [၃၃]
2021–present The Show SBS MTV Host [၃၄]
2021 Chick High Kick MBN Cast member [၂၄]
The Greater Ocean Territory of Korea KBS1 Host with Jung Sung-hwa [၃၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Kim Yohan Solo Song Release
  2. ၂.၀ ၂.၁ Kim Yohan Solo Debut Countdown
  3. 제43회 전국소년체전태권도 중랑구중화중학교 김요한 금메달 김세영 은메달 (in ko) (July 29, 2014)။ February 5, 2020 တွင် ပြန်စစ်ပြီး။
  4. [이주의 생일 엑소(EXO) 첸·오마이걸 유아·갓세븐(GOT7) 진영·영재·엑스원(X1) 김요한] (in ko) (September 16, 2019)။ February 5, 2020 တွင် ပြန်စစ်ပြီး။
  5. tvN 김요한, '학교 2020' 男 주인공 캐스팅…태권도 유망주 김태진 役 (in ko) (February 4, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
  6. 양택진။ "서울체고 김요한, 전국종별태권도선수권 정상 올라" (in ko)၊ 무카스၊ March 16, 2015။ 
  7. "방송 후 잘생겼다고 난리 난 프듀X '태권 소년' 김요한의 과거 사진" (in ko)၊ insight၊ May 15, 2019။ 
  8. Template error: argument title is required. 
  9. You must specify title = and url = when using {{cite web}}. (in zh) (2019-05-06)။ 2019-11-17 တွင် ပြန်စစ်ပြီး။
  10. You must specify title = and url = when using {{cite web}}. (in zh) (2019-05-13)။ 2019-11-17 တွင် ပြန်စစ်ပြီး။
  11. You must specify title = and url = when using {{cite web}}.Kim၊ Min-ji (July 22, 2019)။ (in ko)။ TV Report။ July 23, 2019 တွင် ပြန်စစ်ပြီး။
  12. "[단독 프로듀스 안 모 PD "시즌 3 · 4 투표 조작 인정"]" (in ko)၊ SBS News၊ 2019-11-06။ 
  13. 엑스원(X1) 출신 김요한, 드라마 '학교2020' 출연 확정…'팀 해체 후 배우 데뷔' (in ko) (February 4, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
  14. 엑스원(X1) 김요한, 해체 이후 인스타그램 통해 근황 알려…'활동 기대감 UP' (in ko) (January 11, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
  15. 엑스원 김요한·'옥자' 안서현, 스타등용문 '학교2020' 얼굴(종합) (in ko) (February 4, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
  16. Drama 'School 2020' Canceled After Controversy (in en-US) (2020-04-10)။ 20 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-16 တွင် ပြန်စစ်ပြီး။
  17. Oui New Boy Group Notice။ 28 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2021 တွင် ပြန်စစ်ပြီး။
  18. WEi Social Media Launch Twitter
  19. WEi Naver Post
  20. Dream Concert CONNECT:D MC Line-Up
  21. 김요한X소주연X여회현, '아름다웠던 우리에게' 캐스팅…첫사랑 소환 [공식입장] (in ko) (July 27, 2020)။ July 27, 2020 တွင် ပြန်စစ်ပြီး။
  22. 아름다웠던 우리에게 OST Part.1 (in ko)။ September 12, 2021 တွင် ပြန်စစ်ပြီး။
  23. The Show New Hosts
  24. ၂၄.၀ ၂၄.၁ Jin Hyang-hee (April 9, 2021)။ 김요한, MBN ‘병아리 하이킥’ 합류 (in ko)။ April 9, 2021 တွင် ပြန်စစ်ပြီး။
  25. ၂၅.၀ ၂၅.၁ Shim Eon-kyung။ "김요한·김영대·조이현·황보름별, '학교 2021' 주연 캐스팅[공식]" (in ko)၊ Sports TV News၊ Naver၊ June 21, 2021။ 
  26. ‘라디오스타’ 가수 김요한, 태권도 실력 "엑스원 여자친구 이상형 나이 복근 실제키 혈액형 소속사" 프로필 (in ko) (2020-08-26)။ 23 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2021 တွင် ပြန်စစ်ပြီး။
  27. 좀비탐정' 송가인 나태주 김요한 이영지, 카메오 출격 (in ko) (2020-09-27)။
  28. Hong Shin-ik။ "김요한, '마우스' 시즌2 암시? 또 다른 '뇌 이식자' 깜짝 등장" (in ko)၊ May 20, 2021။ 9 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 21 May 2021။ 
  29. 김요한X소주연X여회현, '아름다웠던 우리에게' 캐스팅…첫사랑 소환 [공식입장] (in ko) (July 27, 2020)။ July 27, 2020 တွင် ပြန်စစ်ပြီး။
  30. 《PRODUCE X 101》這些練習生都有體育特長,原本都是運動員甚至國手!這當中有你的Pick嗎? (2019-06-07)။ 2019-11-17 တွင် ပြန်စစ်ပြီး။
  31. 網民票選PRODUCE X 體格最好練習生 第1是曾出戰多次選秀的他 (2019-06-07)။ 2019-11-17 တွင် ပြန်စစ်ပြီး။
  32. Kim Yo Han Confirmed For Cast Of New KBS Variety Show။ 2020-03-31 တွင် ပြန်စစ်ပြီး။
  33. Ha Su-jeong (December 12, 2020)။ '트로트의 민족' 김요한, 리액션 요정 등극+부단장 역할도 완벽 수행 (in ko)။ February 19, 2021 တွင် ပြန်စစ်ပြီး။
  34. Kim Myung-mi (February 19, 2021)။ ATEEZ 여상-위아이 김요한-위클리 지한 '더쇼' MC 발탁(공식입장) (in ko)။ February 19, 2021 တွင် ပြန်စစ်ပြီး။
  35. Jang Su-jeong။ "정성화‧김요한, '해양영토 더 큰 대한민국' 프레젠터 합류" (in ko)၊ Dailyan၊ Naver၊ August 10, 2021။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်