အရှင်ဂတသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

တိဿမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

အရှင်ဂတသညကထေရ် သည် ခုနစ်နှစ်သားဖြင့် တိဿမြတ်စွာဘုရား ၏ သာသနာတော်တွင် ရှင်အဖြစ် ဝင်ရောက်ခဲ့၏။ ထို့နောက် မြတ်စွာဘုရား၏ ခြေတော်ကို စိတ်ဖြင့် ရည်မှန်းကာ ရှိခိုးခဲ့၏။ ထို့အပြင် မြတ်စွာဘုရားကို ရည်စူး၍ ခုနစ်ပွင့်သော ဆီမီးတောက်ပန်းတို့ကို ပစ်လွှင့်မြှောက်ကာ ပူဇော်ခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ရှစ်ခုမြောက်ကမ္ဘာထက်တွင် “အဂ္ဂိသိခ” အမည်ဖြင့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဂတသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်