အောင်ချိမ့်

ဗမာ ကဗျာဆရာ
(ဂန္တဝင်မမ မှ ပြန်ညွှန်းထားသည်)

အောင်ချိမ့် (၁၉၄၈–၉ ဩဂုတ် ၂၀၂၁) သည် မြန်မာနိုင်ငံသား ကဗျာဆရာဖြစ်သည်။ ခေတ်ပေါ်ကဗျာ(သို့) မော်ဒန်ကဗျာခေတ်ကို ဦးဆောင်ပုံဖော်ခဲ့သော ကဗျာဆရာများထဲမှ တစ်ယောက်ဖြစ်သည်။ အောင်ချိမ့်သည် မြန်မာကဗျာဆရာများအပေါ် ဩဇာလွှမ်းမိုးခဲ့သောကဗျာအများအပြားကိုရေးသားခဲ့သည်။

အောင်ချိမ့်
မွေးဖွားကျော်သန်း
၁၉၄၈၊မေလတစ်ရက်
ကျောက်မြောင်း၊ ရန်ကုန်မြို့[၁]
ကွယ်လွန်ဩဂုတ် ၉၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-0၉) (အသက် ၇၂–၇၃)
ရန်ကုန်
အလုပ်အကိုင်ကဗျာဆရာ
ကျော်ကြားမှုအရင်းခံခင်ခင်ပျို၊ ဂန္ထဝင်မမ
အိမ်ထောင်ဖက်(များ)ဒေါ်ညွန့်ညွန့်သိန်း
မိဘ(များ)ဦးဘအေး၊ ဒေါ်သန်း

ငယ်ဘဝ ပြင်ဆင်ရန်

အောင်ချိမ့်ကို ၁၉၄၈ ခုတွင် မွေးဖွားခဲ့သည်။ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး စာပေသင်ယူခြင်းထက် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ကျောင်းသားလှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စား၍ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၆၄ခုနှစ်၊ အသက် (၁၆) နှစ်အရွယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်တွင်း(၁၅)လ နေခဲ့ရ၏ ။ တိုက်ပိတ်ခံရစဉ် ကာလများမှစ၍ ကဗျာများစတင်ရေးခဲ့သည်။

အနုပညာလမ်းကြောင်း ပြင်ဆင်ရန်

အောင်ချိမ့်သည် သုခမိန်လှိုင်(သိဒ္ဓတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေးအပါအဝင် အခြားသော ကဗျာဆရာများနှင့်အတူ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။[၂] အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး တို့ (၃) ဦးရေးသားခဲ့သော သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်သည်။ အောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့မှာ ဂန္ထဝင်မမ (၁၉၇၄ တွင် ရေးသားခဲ့ပြီး ၁၉၇၇ တွင် ထုတ်ဝေ)၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာ၊ တောလား တို့ဖြစ်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

အောင်ချိမ့်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ ည ၈ နာရီ ၊ ၁၂ မိနစ်တွင် ကွယ်လွန်ခဲ့သည်။[၃][၄]

ရေးသားထုတ်ဝေခဲ့သောစာအုပ်များ ပြင်ဆင်ရန်

စဉ် စာအုပ်အမည် ထုတ်ဝေခုနှစ် မှတ်ချက်
သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ၁၉၇၄ (တရားမဝင်ထွက်ခဲ့)
ဂန္ထဝင်မမ ၁၉၇၉
ဂန္ထဝင်မမ ၁၉၉၃ (ဒုတိယအကြိမ်)
ကဗျာ ၁၂ ပုဒ် စုစည်းမှု ၁ ၁၉၉၅
သမိုင်းဖတ်စာ ၂၀၀၂ (မောင်ချောနွယ်နဲ့တွဲဖက်၍)
ပြဇာတ်မင်းသား ၂၀၀၃
ဂန္ထဝင်မမ ၂၀၀၃ (တတိယအကြိမ်)
ပုံပြောသူ ၂၀၀၃
ကဗျာ ၁၂ ပုဒ် စုစည်းမှု ၂ ၂၀၀၅
၁၀ ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ ၂၀၀၆
၁၁ အသည်းစွဲကဗျာဆရာ ၂၀၀၈
၁၂ တောလား ၂၀၁၀
၁၃ ကဗျာ ၁၂ ပုဒ် စုစည်းမှု ၃ ၂၀၁၀
၁၄ ခင်ခင်ပျိုရေ စောင့်ခဲ့တယ် ၂၀၁၁
၁၅ လူငယ်တစ်ယောက်အကြောင်း ၂၀၁၂
၁၆ ပြည်သူလူထုအတွက် ငါ့ကဗျာကိုဖတ်ပါ... ၂၀၁၃
၁၇ ကပ်ဖ်ကာသို့ ၂၀၁၃
၁၈ ဆေးရှူတဲ့မောင် ၂၀၁၃
၁၉ Cheimt & Chan ၂၀၁၃ (ပန်းချီချမ်းအေး၏ပန်းချီကားများနှင့် ကဗျာများပေါင်းစည်းခြင်း)
၂၀ ကဗျာ ၁၂ ပုဒ် စုစည်းမှု ၄ ၂၀၁၄
၂၁ များများစားစား ၂၀၁၄
၂၂ ငါ့စုဗူး ၂၀၁၄
၂၃ ဂန္ထဝင်မမ ၂၀၁၅ (စတုတ္ထအကြိမ်)
၂၄ အန်တီ ၂၀၁၅
၂၅ ကဗျာ ၁၂ ပုဒ် စုစည်းမှု ၅ ၂၀၁၅
၂၆ ချစ်မိတ်ဆွေနှင့် အခြား ၂၀၁၆
၂၇ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ၂၀၁၆
၂၈ ကက်သလောက် ၂၀၁၆ (စကားပြေအရေးအသားများ)
၂၉ Cheimt & Chan ဒုတိယမ္ပိ ၂၀၁၆ (ပန်းချီချမ်းအေး၏ပန်းချီကားများနှင့် ကဗျာများပေါင်းစည်းခြင်း)
၃၀ ကဗျာတစ်ဦးတစ်ယောက်များ ၂၀၁၆
၃၁ တစ္ဆေ ၂၀၁၇
၃၂ သမိုင်းဆိုင်ရာ ရုပ်ဝါဒ ၂၀၁၇
၃၃ စုစုပေါင်း (၁၈)ပုဒ် ၂၀၁၇
၃၄ ယခုစာအုပ် ၂၀၁၈
၃၅ ရိုမန့်တစ်ခေတ် ၂၀၁၈
၃၆ ဂန္ထဝင်မမ ၂၀၁၉ (ပဉ္စမအကြိမ်)
၃၇ ကဗျာဆရာ ၂၀၁၉
၃၈ ဇာတ်ခုံ ၂၀၂၁
၃၉ ကဗျာတစ်ဦးတစ်ယောက်များ ၂၀၂၂ (ဒုတိယအကြိမ်)
၄၁ လူငယ်တစ်ယောက်အကြောင်း ၂၀၂၂ (ဒုတိယအကြိမ်)
၄၀ ကပ်ဖ်ကာသို့ ၂၀၂၂ (ဒုတိယအကြိမ်)


ကိုးကား ပြင်ဆင်ရန်

  1. ကဗျာဆရာကြီး အောင်ချိမ့် ကွယ်လွန် (in en)။ Mizzima Myanmar News and Insight။ ၁၀ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ (၁၈ နိုဝင်ဘာ ၂၀၁၇)။ ၉ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. ကဗျာဆရာကြီး ဆရာအောင်ချိမ့် ကွယ်လွန်Eleven Media Group။ ၂၀၂၁-၀၈-၀၉ တွင် ပြန်စစ်ပြီး။
  4. ထင်ရှားတဲ့ မြန်မာစာရေးဆရာသုံးဦး တနင်္လာနေ့က ကွယ်လွန်VOA (မြန်မာပိုင်း)။ ၂၀၂၁-၀၈-၁၀ တွင် ပြန်စစ်ပြီး။