ရေစကြိုဆရာတော် ဦးဂန္ထသာရသည် ပခန်းကြီးမြို့၊ မြိုင်နယ်၊ အလယ် ကန်တိုက်၊ ညောင်ပင်ရွာ၌ ယောမြို့ဝန်ကြီး ဦးနိုး၏သားဖြစ် သော ဦးလူပု၊ ဒေါ်မင်းခဲတို့မှ သက္ကရာဇ် ၁၁၉၄ ခု၊ တပေါင်း လပြည့်ကျော် ၁၃ ရက်၊ တနင်္လာနေ့တွင် ဖွားမြင်သည်။ ငယ် မည် ဦးထပ် ဖြစ်သည်။ ဘွဲ့ ဦးဂန္ထသာရ ဖြစ်သည်။ ရေစကြို မြို့ အောင်မြေသာယာ မင်္ဂလာမင်းကျောင်းတိုက်၌ ပထမ သီတင်းသုံး၍၊ ၁၂၅၈ ခုနှစ်တွင် ပခုက္ကူမြို့သို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ ပိဋကတ်စာပေချပို့ရာ၌ အဓိပ္ပာယ် မပြောဘဲ အနက်ချည်းသက်သက် ချပို့သောနည်းကို တွင်ကျယ် စွာ ဆောင်ရွက်ခဲ့သည်။ ယခုခေတ်တိုင်ပင် ပခုက္ကူစာချနည်း ဟူ၍ တပည့်အစဉ်အဆက် တိုက်ခွဲပေါင်းများစွာလိုက်နာ ချပို့ လျက်ရှိသည်။ သက်တော် ၈၂ နှစ်၊ သက္ကရာဇ် ၁၂၇၆ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့တွင် ပခုက္ကူ မြို့၊ မဟာဝိသုတာရာမတိုက်၌ ပျံလွန်တော်မူ၏။ ပြုစုသော ကျမ်းများမှာ (၁) ကင်္ခါဝိတရဏီ အဋ္ဌကထာ နိဿယသစ်၊ (၂) ငါးရာ့ငါးဆယ် ဇာတ်အဋ္ဌကထာနိဿယသစ် (၂၂ နိပါတ်)၊ (၃) ဒီဃနိကာယ် သုံးကျမ်း ပါဠိတော်နိဿယ သစ်၊ (၆) မဇ္ဈိမနိကာယ် သုံးကျမ်း ပါဠိတော် နိဿယသစ်၊ (၉) ဝိနည်းမဟာဝါ ပါဠိတော် နိဿယသစ်၊ (၁ဝ) ဝိနည်း မဟာဝါ အဋ္ဌကထာ နိဿယသစ်၊ (၁၁) သံယုတ္တနိကာယ် ငါးကျမ်း ပါဠိ တော် နိဿယသစ်၊ (၁၆) ဥဘတောဝိဘင်း ပါဠိတော် နိဿယသစ် ၂၊ (၁၈) ဥဘတောဝိဘင်း အဋ္ဌကထာ နိဿယသစ်၊ (၁၉) အင်္ဂုတ္တရနိကာယ် ၁၁ ကျမ်း ပါဠိတော် နိဿယသစ်တို့ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)