အရှင်ဂန္ဓမာလိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

အရှင်ဂန္ဓမာလိယထေရ် သည် သိဒ္ဓတ္ထမြတ်စွာဘုရား ၏ နံ့သာပုထိုတော်ကို ပြုလုပ်လှူဒါန်းခဲ့၏။ ထိုအခါ မြတ်စွာဘုရားအား ရဟန်းအပေါင်းခြံရံလျက် ဖူးမြင်ရ၏။ ထို့နောက် အရှင်ဂန္ဓမာလိယထေရ် သည် မြတ်စွာဘုရားအား ရှိခိုးကာ မြောက်အရပ်သို့ သွား၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် ပန်းနံ့သာလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့အပြင် သုံးဆယ့်ကိုးကမ္ဘာထက်တွင်လည်း “ဒေဝဂန္ဓ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဂန္ဓမာလိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်