ဂန် ဒန်နီယယ်

တောင်ကိုရီးယားအဆိုတော်

Kang Daniel (Hangul: 강다니엘, born December 10, 1996) သည်တောင်ကိုရီးယားနိုင်ငံမှအောင်မြင်သောအဆိုတော်တစ်ဦးဖြစ်ပြီး, Produce 101 Season 2အစီအစဉ်တွင်ပထမရသောကြောင့် လူသိများခဲ့သည်။ တောင်ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ wannaone ၏အဖွဲ့ဝင် အဖြစ် အနုပညာအလုပ်များလုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် တစ်ကိုယ်တော်အနေဖြင့် အနုပညာနယ်ပယ်တွင် အောင်မြင်စွာ ရပ်တည်နေပြီဖြစ်သည် ။[၁]

Kang Daniel
ဇာတိ အမည်강다니엘
မွေးဖွား (1996-12-10) ဒီဇင်ဘာ ၁၀၊ ၁၉၉၆ (အသက် ၂၇)
Busan, တောင်ကိုရီးယား
နိုင်ငံလူမျိုးတောင်ကိုရီးယား
အလုပ်အကိုင်Singer
တက်ကြွလှုပ်ရှားနှစ်များ2017–present
ကိုယ်စားလှယ်KONNECT Entertainment
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာVocals
တေးသံသွင်း ကုမ္ပဏီYMC Entertainment
Swing Entertainment
KONNECT Entertainment
ပူးတွဲ ပါဝင်မှုWanna One
ဂန် ဒန်နီယယ်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်다니엘
RRအက္ခရာဖလှယ်ခြင်း:Kang Daniel
MRအက္ခရာဖလှယ်ခြင်း:Gang Daniel
လက်မှတ်

သက်မွေးမှု ပြင်ဆင်ရန်

အစောပိုင်းဘဝ နှင့် မအောင်မြင်ခင် ပြင်ဆင်ရန်

ကန်ဒန်နီရယ်သည် ကန်အွီဂယွန်း (강의건)အဖြစ်ဖြင့် ဘူဆန်, တောင်ကိုရီးယား တွင်မွေးဖွားခဲ့သည်။ တစ်ဦးတည်းသောသား ဖြစ်သည်။[၂] နာမည် တရားဝင်ပြောင်းလဲခဲ့ခြင်းမှာ မိသားစုနှင့် ဆွေမျိုးများကပင် အမည်ဟောင်းကို အသံထွက်ရန်ခက်ခဲသောကြောင့် ဖြစ်သည်။[၃] ဒန်နီရယ်သည် အတန်းပိုင်ဆရာ၏ အကြံပေးမှုကြောင့် အကပညာကို စတင်သင်ယူခဲ့သည်။ Hello Counselor ဟူသော ရသစုံအစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့စဉ်က သူငယ်ငယ်မူလတန်းကျောင်းသားဘဝ ရုပ်ရည်သွင်ပြင်ကြောင့် စနောက်ခံခဲ့ရကြောင်း ဝါသနာပါရာ အကဖြင့်သာ မိမိကိုယ်ကိုယ်ယုံကြည်စိတ်တည်ဆောက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ [၄] ဒန်နီရယ်သည် Produce 101 Season 2 ပြိုင်ပွဲမဝင်ခင် ၂နစ်နင့် တစ်လကြာ လေ့ကျင့်ခဲ့သည်။[၅] အစက B2M Entertainment တွင် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် MMO Entertainment ၏ လေ့ကျင့်ရေး သင်တန်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ သင်တန်းသားဘဝတွင် Backup Dancer တစ်ယောက်အနေဖြင့် အစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ဖူးသည်။[၆]

၂၀၁၇-၂၀၁၈ ( WannaOne အဖွဲ့ဝင်အနေဖြင့် ) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - Produce 101 Season 2 နှင့် Wanna One

၂၀၁၇ တွင် ဒန်နီရယ်သည် Produce101 Season2 တွင် MMO Entertainment ၏ သင်တန်းသားတစ်ယောက်အနေဖြင့် ပြိုင်ပွဲဝင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် YMC Entertainment အောက်တွင် WannaOne အဖွဲ့တစ်ဦးအနေဖြင့် အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့သည်။ ၂၀၁၇၊ ဩဂုတ်လ၊ ၇ရက်တွင် 1×1=1 (To Be One) ဟူသော အခွေဖြင့် ပွဲဦးထွက်ခဲ့သည်။ [၇][၈] ပွဲဦးထွက်ရန်ပြင်ဆင်နေစဉ်အတွင်း MBC ၏ တီဗွီအစီအစဉ်တစ်ခုဖြစ်သော It's Dangerous Beyond The Blanket အစီအစဉ်တွင် ပါဝင်ရန် အတည်ပြုခဲ့သည်။ ထိုအစီအစဉ်ကို ၂၀၁၇၊ ဩဂုတ်လ၊ ၂၇ ရက်တွင် ပြသခဲ့သည်။ [၉][၁၀] ထိုလတွင်ပင် တစ်ဟုန်ထိုး ကျော်ကြားလာသော သူ့အကြောင်းကို တောင်ကိုးရီးယား၏ နာမည်ကြီး Weekly Chosun magazine တွင် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။ [၁၁] ၂၀၁၇ အောက်တိုဘာလထုတ် InStyle Korea fashion magazine ၏ မျက်နာဖုံးတွင် ဖော်ပြခြင်း ခံခဲ့ရသည်။ ၁၄နစ်ကြာအတွင်း ပထမဆုံးဖော်ပြခြင်းခံရသော အမျိုးသားအနုပညာရင်ဖြစ်လာခဲ့သည်။ [၁၂][၁၃] ထိုနောက် SBS ၏ Master Key အစီအစဉ်တွင် ပါဝင်ခဲ့ပြီး 2017 SBS Entertainment Awards ဆုပေးပွဲတွင် လူသစ်တန်းဆု (ရသစုံအစီအစဉ်များအတွက်) ကို ရယူနိုင်ခဲ့သည်။ [၁၄][၁၅]

၂၀၁၈ တွင် ဒန်နီရယ်သည် တစ်ကိုယ်တော်အလုပ်များခဲ့ပြီး Davichi ၏ "Days Without You" (너 없는 시간들) သီချင်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သလို It's Dangerous Beyond the Blankets အစီအစဉ်၏ ဒုတိယတွဲတွင်လည်း ဆက်လက်ပါဝင်ရိုက်ကူးခဲ့သည်။[၁၆][၁၇] ထိုအစီအစဉ်ဖြင့်ပင် 2018 MBC Entertainment Awards ဆုပေးပွဲတွင် လူသစ်တန်းဆုကို ရခဲ့သည်။ [၁၈] Wanna One အနေဖြင့်လည်း Wanna One ၏ အဖွဲ့ခွဲ Triple Position ကို ဖွဲ့စည်းခဲ့ရာ "Triple Position" သည် 2018 Mnet Asian Music Awards ဆုပေးပွဲတွင် အကောင်းဆုံးအဖွဲ့ခွဲဆုကို သိမ်းပိုက်နိုင်ခဲ့သည်။[၁၉] ၂၀၁၈ ဒီဇင်ဘာလ ၃၁ ရက်တွင် Wanna One အဖွဲ့သည် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး ၂၀၁၉ ဇန်နဝါရီ ၂၄-၂၇ ဖျော်ဖြေပွဲများအပြီးတွင် အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့ပြီ ဖြစ်သည်။ ဒန်နီရယ်သည် ဖျက်သိမ်းပြီးသည်အထိ Wanna One အဖွဲ့ဝင်အနေဖြင့် ဖျော်ဖြေပွဲများတွင် ဆက်လက်ပါဝင်ခဲ့သည်။[၂၀]

၂၀၁၉ ( တစ်ကိုယ်တော်အနေဖြင့် ) ပြင်ဆင်ရန်

၂၀၁၉ ဇန်နဝါရီ ၃၁ရက်တွင် ဒန်နီရယ်သည် LM Entertainment သို့ ပြောင်းရွေ့ခဲ့သည်။[၂၁] သို့သော် ၂၀၁၉ မတ်လ ၂၁ရက်တွင် ဒန်နီရယ်သည် သူ၏ LM Entertainment နင့် စာချုပ်ကို ဆိုင်းငံ့ရန် တရားရုံးသို့ အဆိုတင်သွင်းခဲ့သည်။ LM သည် ဒန်နီရယ်၏ ခွင့်ပြုချက်မပါဘဲ အခြားအဖွဲ့အစည်းတစ်ခုသို့ စာချုပ်ပါ မူပိုင်ခွင့်များကို ရောင်းချခဲ့သည်ဟု ဆိုသည်။[၂၂] ၂၀၁၉ မေ ၁၀ရက်တွင် တရားရုံးက စာချုပ်ကို ဆိုင်းငံ့ရန် ဆုံးဖြတ်ပေးခဲ့သည်။ ထို့ကြောင့် ဒန်နီရယ်သည် အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြန်လည်ရခဲ့သည်။[၂၃]ထို့နောက် ၂၀၁၉ ဇွန်လ ၁၀ရက်တွင် ဒန်နီရယ်သည် မိမိ၏ ကိုယ်ပိုင်အေဂျင်စီ Konnect Entertainment ကို တည်ထောင်ခဲ့ကြောင်း သိရသည်။[၂၄]LM သည် တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံဝင်ခဲ့ရာ ၂၀၁၉ မေလ ၂၆ရက်တွင် ဒုတိယအကြိမ် တရားခွင်ဝင်ခဲ့သော်လည်း ဆိုးလ်ဗဟိုတရားရုံးက ၂၀၁၉ ဇူလိုင်လ ၁၁ရက်တွင် ပယ်ချခဲ့သည်။[၂၅] ထိုနေ့တွင်ပင် ဒန်နီရယ်သည် ၂၀၁၉ ဇူလိုင် ၂၅ရက်တွင် တစ်ကိုယ်တော်အခွေဖြင့် ပွဲဦးထွက်မည်ဖြစ်ကြောင်း အေဂျင်စီ၏ website တွင် ကြေညာခဲ့သည်။ [၂၆]

မီဒီယာတွင်ဖော်ပြချက်များ ပြင်ဆင်ရန်

ဒန်နီရယ်သည် Korean Corporate Reputation Research Institute ကထုတ်ပြန်သည့် 'Male Model Brand Power Ranking' နင့် 'Individual Boy Group Members Brand Power Ranking' ဇယားများတွင် ထိပ်ဆုံးကသာ ရပ်တည်ခဲ့သည်။ [၂၇][၂၈] ၂၀၁၇ အကုန်တွင် Gallup Korea က ကောက်ယူခဲ့သော စစ်တမ်းအရ ဒန်နီရယ်သည် လူကြိုက်အများဆုံးအိုင်ဒေါလ်အဆိုတော်စာရင်းတွင် ဒုတိယဖြစ်ခဲ့သည်။[၂၉]

၂၀၁၈ ဇန်နဝါရီတွင် ဒန်နီရယ်၏ အမည်သည် Forbes Korea ၏ 2030 Power Leaders in entertainment စာရင်းတွင် ပါဝင်ခဲ့သည်။ [၃၀][၃၁] ထို့ပြင် Gallup Korea ၏ စာရင်းအရ ၂၀၁၈အတွက် ငါးယောက်မြောက် လူကြိုက်အများဆုံးအိုင်ဒေါလ် ဖြစ်ခဲ့သည်။[၃၂]

၂၀၁၉ ဇန်နဝါရီ ၃ရက်တွင် Guinness World Records က ဒန်နီရယ်သည် ဇန်နဝါရီလ ၁ရက်နေ့တွင် အင်စတာဂရမ်အကောင့်စတင်ဖွင့်ခဲ့ပြီး ၁၁နာရီ ၃၆မိနစ်အတွင်း ဖော်လိုဝါ ၁သန်း ရခဲ့သည့်အတွက် ယခင်က ၁၂နာရီအတွက် စံချိန်တင်ခဲ့သည့် Pope Francis ကို ဖြတ်ကျော်ပြီး ဂင်းနစ်စံချိန်အသစ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[၃၃][၃၄] ထို့ပြင် Forbes ၏ ၂၀၁၉အတွက် Korea Power Celebrity စာရင်းတွင် ဒန်နီရယ်သည် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ နာမည်ကြီးအဖွဲ့များကြားတွင် တစ်ဦးချင်းအနေဖြင့် Top 5 ဝင်ခဲ့ခြင်း ဖြစ်သည်။[၃၅]

၂၀၁၉ ဇွန်လ ၁၂ရက်တွင် ဒန်နီရယ်၏ အေဂျင်စီက ဒန်နီရယ်သည် ဘူဆန်မြို့၏ သံအမတ်အဖြစ် ခန့်အပ်ခြင်း ခံရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၁၉ ဧပြီလက ဘူဆန်မြို့ကို ကိုယ်စားပြုမည့် ထိုရာထူးအတွက် မဲပေးသည့်အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ရာ ဘူဆန်မြို့သူမြို့သားများက ဒန်နီရယ်ကို မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ [၃၆][၃၇] တရားဝင် သံအမတ်ခန့်အပ်ပွဲကို ၂၀၁၉ ဇူလိုင်လ ၉ရက်၊ Sajik Baseball Stadium တွင် ကျင်းပခဲ့ရာ ဘူဆန်မြို့တော်ဝန် Oh Keo-don ကိုယ်တိုင်တက်ရောက်ခဲ့သည်။ ထိုပွဲတွင် ဒန်နီရယ်သည် KBO League ဘေ့စ်ဘောပြိုင်ပွဲအတွက် ceremonial first pitch ကို ပစ်ခွင့်ရခဲ့သည်။ [၃၈][၃၉][၄၀]

ကိုးကား ပြင်ဆင်ရန်

  1. "'프듀2' 강다니엘 워너원 최종 센터, 2등 박지훈·11등 하성운(종합)" (in ko)။ 
  2. "[엑's 토크 '한끼줍쇼'PD "솔직한 강다니엘·박지훈, 규동형제와 케미 굿"]" (in ko)။ 
  3. PRODUCE 101 season2 [101 스페셜 국.프가 묻는다! 170616 EP.11] (in Korean)။ Mnet (15 June 2017)။
  4. "Wanna One’s Kang Daniel Shares Experience Of Being Severely Bullied As A Kid"၊ Soompi၊ 3 September 2017။ 26 July 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 17 June 2018။ တမ်းပလိတ်:Unreliable source?
  5. Kang Daniel Official Profile (in Korean)။ Mnet။ 9 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2017 တွင် ပြန်စစ်ပြီး။
  6. '비디오스타' 차오루 "강다니엘과 과거 예능서 '초대' 췄다" (in Korean)။ 마이데일리 (27 June 2017)။
  7. "[공식 워너원, 8월 7일 정식 데뷔…고척 스카이돔서 데뷔 무대]" (in Korean)၊ Sports Chosun၊ 5 July 2017။ 6 July 2017 တွင် ပြန်စစ်ပြီး 
  8. ‘Produce 101’ group Wanna One makes debutKorea JoongAng Daily (8 August 2017)။
  9. "Wanna One’s Kang Daniel Confirmed To Join MBC’s New Pilot Variety Program"၊ Soompi၊ 17 July 2017။ 28 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 4 August 2018။ 
  10. "Xiumin, Kang Daniel, And Yong Junhyung’s Hobbies Revealed In Profiles For New Variety Show"၊ Soompi၊ 14 August 2017။ [လင့်ခ်သေ]
  11. 시사 주간지 표지모델에 등장한 강다니엘 (in Korean)။ Naver (11 August 2017)။ 17 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2019 တွင် ပြန်စစ်ပြီး။
  12. "Wanna One’s Kang Daniel Is First Male Celeb To Grace The Cover Of Instyle In 14 Years"၊ Soompi၊ 11 September 2017။ 28 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2018။ 
  13. 강다니엘 섹시미 폭발...'따끈따끈한 강다니엘 화보' (in Korean)။ Biztribune (12 September 2017)။
  14. "강다니엘-옹성우, SBS 새 예능 ‘마스터키’ 출연…10월 14일 첫방 [공식입장]"၊ Naver၊ 21 September 2017။ 
  15. "미우새母'가 남긴 이변…SBS연예대상 대상 수상"၊ Dailian၊ 31 December 2017။ 
  16. 다비치 "강다니엘 뮤직비디오 출연 요청, 확정 NO (in Korean)။ Busan.com (21 December 2017)။
  17. 컬투쇼' 다비치 "MV 출연 강다니엘에게 소고기 쿠폰 선물 (in Korean)။ Osen (25 January 2018)။
  18. MBC 연예대상 이영자, KBS 이어 MBC 대상 수상···여성 최초 2관왕] (in Korean)။ Naver (30 December 2018)။
  19. Wanna One Triple Position Wins "Best Unit" at 2018 MAMA in Hong KongMwave (14 December 2018)။ 19 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 July 2019 တွင် ပြန်စစ်ပြီး။
  20. "워너원 측 "12월31일 계약종료, 1월 콘서트로 마무리"(공식입장 전문)" (in ko)။ 
  21. [강다니엘·윤지성, MMO→LM 엔터로 변경‥"최선 다해 지원할 것"[공식입장]] (31 January 2019)။ 31 January 2019 တွင် ပြန်စစ်ပြီး။
  22. [강다니엘 측 "LM 상대로 전속계약 효력정지 가처분 신청, 팬들에 죄송" [전문]] (21 March 2019)။ 21 March 2019 တွင် ပြန်စစ်ပြီး။
  23. [공식입장 법무법인 율촌, "강다니엘 독자적 연예활동 가능"…법원 강다니엘 손 들어줘] (10 May 2019)။ 10 May 2019 တွင် ပြန်စစ်ပြီး။
  24. [강다니엘, 1인기획사 커넥트엔터 설립…솔로 데뷔 준비 돌입 [공식]] (10 June 2019)။ 10 June 2019 တွင် ပြန်စစ်ပြီး။
  25. 강다니엘 측 "전속계약효력 정지, 여전히 유효"[공식입장] (in ko) (11 July 2019)။ 12 July 2019 တွင် ပြန်စစ်ပြီး။
  26. 강다니엘 측, "25일 솔로 데뷔…퍼포먼스에 총력 기울이는 중" (in ko) (12 July 2019)။ 12 July 2019 တွင် ပြန်စစ်ပြီး။
  27. 워너원 강다니엘, 남자 광고모델 브랜드평판1위…2위백종원·3위박보검 (in ko) (November 24, 2018)။ April 18, 2019 တွင် ပြန်စစ်ပြီး။
  28. 워너원 강다니엘, 7월 보이그룹 개인 브랜드평판 12개월 연속 1위 (in ko) (July 21, 2018)။ April 18, 2019 တွင် ပြန်စစ်ပြီး။
  29. 2017년 올해를 빛낸 가수와 가요 - 최근 11년간 추이, 아이돌 선호도 포함 (in ko) (December 19, 2017)။ April 18, 2019 တွင် ပြန်စစ်ပြီး။
  30. "[파워리더 2030 한국 사회 혁신 이끌 30인의 유망주들]" (in ko)၊ Joins၊ January 23, 2018။ 
  31. "[파워리더 2030 ENTERTAINMENT 김태리 배우 외 1그룹, 3인]" (in ko)၊ Joins၊ January 23, 2018။ 
  32. 2018년 올해를 빛낸 가수와 가요 - 최근 12년간 추이 포함 (in ko) (December 18, 2018)။ April 28, 2019 တွင် ပြန်စစ်ပြီး။
  33. South Korean K-Pop star Kang Daniel breaks pope's Instagram fans record (January 3, 2019)။ April 18, 2019 တွင် ပြန်စစ်ပြီး။
  34. 강다니엘, 기네스북 올랐다...개인 SNS 최단 100만 팔로워 '신기록' (in ko) (January 4, 2019)။ April 18, 2019 တွင် ပြန်စစ်ပြီး။
  35. "포브스코리아 선정 2019 파워 셀러브리티 40" (in ko)၊ April 23, 2019။ 
  36. 강다니엘, 부산시 홍보대사 위촉 (in ko) (June 12, 2019)။ June 14, 2019 တွင် ပြန်စစ်ပြီး။
  37. "강다니엘, 부산시 홍보대사 위촉 "고향 위해 뭔가 하고 싶었다"(공식입장)" (in ko)၊ Newsen၊ June 12, 2019။ 
  38. "강다니엘, 부산시 홍보대사 위촉식 참석+NC-롯데전 시구 [공식]" (in ko)၊ Sports Donga၊ July 3, 2019။ 
  39. "강다니엘 "부산시 홍보대사·시구·새 앨범, 모두 기대해주길" [인터뷰]" (in ko)၊ Sports Donga၊ July 9, 2019။ 
  40. "강다니엘 "영광스러운 시구 감사…롯데 자이언츠 화이팅!"" (in ko)၊ Joins၊ July 9, 2019။