ဂမုန်းနက်
အရွက်သည် နနွင်းရွက်ကဲ့သို့ သဏ္ဌာန်မှာ နက်သည်။ ခေါင်းကား မီးသွေးကဲ့သို့ မည်းသည်။ [၁] ၎င်းဥသည် မီးသွေးကဲ့သို့ မည်းနက်သည်။ ဥကိုဆောင်သော် သူပြုစား၍ မရ၊ ငရုတ်ကောင်းနှင့် စားသော် ဓား၊ လှံ၊ သေနတ် အမြောက်၊ စိန်ပြောင်း ပီး၏။ အထောင်း အရိုက်ခံ၏။ [၂] ကိုယ်တွင်သွေး၍ လိမ်းကျံပါက ရှိန်းဆာယာ ပြီးသည့်ပြင်၊ ဂဝံရုပ်တုပြီး ဆောင်ပါက ခွေး၊ ဝက်၊ ကျား၊ မိကျောင်း၊ ကင်း၊ မြွေတို့ မကိုက်နိုင်ပါ။ အမှုန့်ပြု၍ ဖိုလ်ထိုးပါက၊ သုဝဏ္ဏဓမ္မရွှေဖြစ်သည်ဟု ဆိုသည်။ [၃] ဂမုန်းဥကို အနည်းငယ်လှီး၍ ထမင်းအိုးထဲ ထည့်နှပ်ပါက တအိုးလုံး နက်သွားမှသာ ဂမုန်းနက် စစ်ပြီး ထိုထမင်းနက်ကို အနည်းငယ် စားလိုက်ရုံမျှနှင့် တရက် နှစ်ရက်မှ ခုနစ်ရက်၊ ကိုးရက်အထိ အာဟာရ မစားသုံးဘဲ နေနိုင်စွမ်းရှိသည်။ အကြောသေ၊ ပန်းသေ၊ အမောရောဂါများအတွက် စွမ်းသည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
- ↑ မောင်မြင့်ကြည်(စာပေဗိမာန်)။ လောကီရေးရာ အဖြာဖြာ
- ↑ ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း(ပထမတွဲ)နှာ-၂၇
- ↑ ဣဒ္ဓိပညာ (ဖေဖော်ဝါရီ ၂၀၀၀)။ ဒေးစွန်းပါတောင်တန်းမှထူးခြားသောဂမုန်းများ။ နက္ခတ္တရောင်ခြည်။ p. ၃၁။
ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |