ဂမုန်းလိပ်မထွားသည် မြေပြင်ကပ်၍ ပေါက်သောအပင်မျိုး ဖြစ်သည်။ အမြစ်ဥ၏ အဖြူနှစ်ရောင် အစေးများကို လိပ်သတ္တဝါအား သုတ်ခြင်းဖြင့် ထိုလိပ်သည် ဆက်လက် မတွားသွားနိုင်တော့ပေ။ ထို့ကြောင့် ဂမုန်းလိပ်မထွား(ဂမုန်းလိပ်မတွား)ဟု ခေါ်ခြင်းဖြစ်သည်။

အရွက်မှာ ဆိတ်ဖူးရွက်နှင့်တူပြီး ပြာလဲ့လဲ့ဖျော့၏။ အရွက်ထိပ်ဖျား ချွန်းခြင်း မရှိပါ။ အရွက်ကျရာ၌ အပင် ပေါက်နိုင်သည်။ အပင်ပုသည်။ မြေပြင်အမြင့်ထက် ၆"ခန့်သာ ရှိတတ်သည်။ အမြစ်ဖျား မြေပေါ်၌ပေါ်သည်။ အရွက်ရော်ကျလျင် အဥမြစ်ကျန်၏။ အဥမြစ်သည် တစ်ပင်တစ်ဥ ဖြစ်သည်။ တစ်နှစ်လျှင် ၂ ကြိမ် အပင်အရွက်ကျတတ်သည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)